YouVersion Logo
Search Icon

ဇေဖနိ 2

2
ပတ်​ဝန်း​ကျင်​နိုင်​ငံ​များ​၏ကံ​ကြ​မ္မာ​ဆိုး
1အ​ရှက်​မ​ရှိ​သော အ​မျိုး​သား​တို့၊ ကိုယ်​ကို စစ်​ကြော​ကြ​လော့။ 2အ​မိန့်​တော်​အ​တိုင်း မ​စီ​ရင်၊ သင်​တို့ အ​ချိန်​သည် ဖွဲ​ကဲ့​သို့​မ​လွန်၊ ထာ​ဝ​ရ​ဘု​ရား၏ ပြင်း​စွာ​သော အ​မျက်​တော်​သည် သင်​တို့​အ​ပေါ်​သို့ မ​ရောက်၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​နေ့​သည် သင်​တို့​အ​ပေါ်​သို့ မ​ရောက်​မီ ကိုယ်​ကို စစ်​ကြော​ကြ​လော့။ 3တ​ရား​တော်​အ​တိုင်း​ကျင့်၍ စိတ်​နှိမ့်​ချ​သော ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ ဖြောင့်​မတ်​ခြင်း​နှင့် စိတ်​နှိမ့်​ချ​ခြင်း​ကို​လည်း ရှာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​ထွက်​တော်​မူ​သော​နေ့၌ သင်​တို့​သည် ပုန်း​ရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့​ကြ​လိမ့်​မည်။
4အ​ကယ်​စင်​စစ် ဂါ​ဇ​မြို့​သည် စွန့်​ပစ်​ရာ၊ အာ​ရှ​ကေ​လုန်​မြို့​သည် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​လိမ့်​မည်။ အာ​ဇုတ်​မြို့​သား​တို့​ကို မွန်း​တည့်​အ​ချိန်၌ နှင်​ထုတ်၍၊ ဧ​ကြုန်​မြို့​ကို​လည်း ဖြို​ဖျက်​ကြ​လိမ့်​မည်။#ဟေ​ရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေ​ဇ၊ ၂၅:၁၅-၁၇။ ယော​လ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇာ၊ ၉:၅-၇။ 5အို ပင်​လယ်​ကမ်း​နား​မှာ နေ​သော ခေ​ရ​သိ​အ​မျိုး​သား​တို့၊ သင်​တို့ တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရှိ၏။ အို ဖိ​လိ​တ္တိ​လူ​နေ​ရာ ခါ​နာန်​ပြည်၊ သင်၌ အ​ဘယ်​သူ​မျှ မ​နေ​စေ​ခြင်း​ငှာ ငါ​သုတ်​သင်​မည်။ 6ပင်​လယ်​ကမ်း​နား အ​ရပ်​သည် ကျက်​စား​ရာ၊ သိုး​ထိန်း​မှီ​ခို​ရာ၊ သိုး​ခြံ​လုပ်​စ​ရာ​ဖို့ ဖြစ်​လိမ့်​မည်။ 7ပင်​လယ်​ကမ်း​သည်​လည်း ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့ အ​ဖို့​ဖြစ်၍၊ သူ​တို့​သည် ထို​အ​ရပ်၌ ကျက်​စား​ကြ​လိမ့်​မည်။ ည​အ​ချိန်၌​လည်း အာ​ရှ​ကေ​လုန်​မြို့​ရာ​အိမ်​တို့၌ အိပ်​ကြ​လိမ့်​မည်။ သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အ​ကြည့်​အ​ရှု ကြွ​လာ၍၊ သိမ်း​သွား​ခြင်း​ဘေး​ကို ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။
8မော​ဘ​အ​မျိုး​သား​နှင့် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ငါ၏​လူ​မျိုး​ကို ကဲ့​ရဲ့​အ​ပြစ်​တင်၍၊ ငါ၏​လူ​နေ​ရာ​တစ်​ဖက်၌ ဝါ​ကြွား​သော​စ​ကား​ကို ငါ​ကြား​ပြီ။#ဟေ​ရှာ၊ ၁၅:၁—၁၆:၁၄၊ ၂၅:၁၀-၁၂။ ယေ၊ ၄၈:၁—၄၉:၆။ ယေ​ဇ၊ ၂၁:၂၈-၃၂၊ ၂၅:၁-၁၁။ အာ၊ ၁:၁၃-၁၅။ အာ၊ ၂း၁-၃။ 9သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​နှင့် အ​မ္မုန်​ပြည်​သည်၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကဲ့​သို့ ဆူး​ပင်​ပေါက်​သော​အ​ရပ်၊ ဆား​ချက်​ဖို့ မြေ​တူး​ရာ​အ​ရပ်၊ အ​စဉ်​အ​မြဲ ပျက်​စီး​ရာ​အ​ရပ် ဖြစ်၍၊ ကျန်​ကြွင်း​သော ငါ၏​လူ၊ ငါ၏​အ​မျိုး​သား​တို့​သည် လု​ယူ​သိမ်း​စား​ကြ​လိမ့်​မည်။#က၊ ၁၉:၂၄။ 10ထို​သူ​တို့​သည် မာ​န​ကြီး​သော​သူ​ဖြစ်၍၊ ကဲ့​ရဲ့​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ လူ​မျိုး​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့် ထို​သို့​သော အ​ပြစ်​ကို ခံ​ရ​ကြ​လိမ့်​မည်။ 11ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တစ်​ဖက်၌ ကြောက်​မက်​ဖွယ်​ဖြစ်၍၊ လော​ကီ​ဘု​ရား ရှိ​သ​မျှ​တို့​ကို အ​ငတ်​ထား​တော်​မူ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ကျွန်း​ရှိ​သ​မျှ​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အ​ရပ်၌ ရှိ​ခိုး​ကြ​လိမ့်​မည်။ 12အို ကု​ရှ​ပြည်​သား​တို့၊ သင်​တို့​သည်​လည်း ငါ့​ဓား​ဖြင့် အ​သေ​ခံ​ရ​ကြ​လိမ့်​မည်။#ဟေ​ရှာ၊ ၁၈:၁-၇။
13မြောက်​မျက်​နှာ​ကို​လည်း​တိုက်၍ အာ​ရှု​ရိ​ပြည်​ကို ဖျက်​ဆီး​တော်​မူ​မည်။ နိ​နေ​ဝေ​မြို့​ကို လူ​ဆိတ်​ညံ​ရာ အ​ရပ်၊ လွင်​ပြင်​ကဲ့​သို့ သွေ့​ခြောက်​သော​အ​ရပ် ဖြစ်​စေ​တော်​မူ​မည်။#ဟေ​ရှာ၊ ၁၀:၅-၃၄၊ ၁၄:၂၄-၂၇။ နာ၊ ၁:၁—၃:၁၉။ 14မြို့​အ​လယ်၌ သိုး​စု​များ​နှင့် တစ်​ပါး​အ​မျိုး သား​ရဲ​အ​ပေါင်း​တို့​သည် အိပ်​ကြ​လိမ့်​မည်။ ဝံ​ပို​နှင့်​ဖြူ​တို့​သည် တံ​ခါး​ထုပ်၌ နေ​ရာ​ကျ၍ ပြ​တင်း​ပေါက်၌ မြည်​ကြ​လိမ့်​မည်။ တံ​ခါး​ခုံ​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ အာ​ရဇ်​သစ်​သား၌ အ​ပြောက်​ပယ်​ရှင်း​လျက် ရှိ​လိမ့်​မည်။ 15ထို​မြို့​က၊ ငါ​ရှိ၏။ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ​ဟု ဆို​လျက် သော​က​နှင့် ကင်း​လွတ်၍ ဝမ်း​မြောက်​လျက် နေ​ဖူး​သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။ ယ​ခု​မှာ သုတ်​သင်​ပယ်​ရှင်း​ရာ၊ သား​ရဲ​အိပ်​ရာ​အ​ရပ် ဖြစ်​ပါ​သည်​တ​ကား။ လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် ကဲ့​ရဲ့​သံ​ကို​ပြု၍ လက်​ဖျား​ခါ​ကြ​လိမ့်​မည်။

Currently Selected:

ဇေဖနိ 2: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy