YouVersion လိုဂို
ရှာရန် အိုင်ကွန်

ခရစ္စမတ်အကြိုနေ့များ - ခရစ်တော်ကြွလာတော်မူလိမ့်မည်နမူနာ

Advent: Christ Is Coming!

91 ၏ နေ့ 8

ဖယောင်းတိုင်ရှိလျှင် ထွန်းပါ။

ကျွန်ုပ်တို့သည် မေရှိယအဖို့ စောင့်နေသည်။
မနေ့က (ဆာ၊ ၁၀၅:၁) နှင့်အညီ အသက်ရှင်ခဲ့ပါသလား။

ကျမ်းချက်ကို ဖတ်ပါ။

ဘုရားသခင်၏လူမျိုးတော်၊ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး။
(ထွ၊ ၁၉:၁-၆)

ဘုရားသခင်ကို ချီးမွမ်းပါ။

မိမိ၏အသက်တာဖြင့် ကိုးကွယ်ပါ။
မိတ်ဆွေသည် ကယ်နုတ်ကျေးဇူးကို ခံရပြီး တန်ဖိုးထားခံရသည်။ မိတ်ဆွေတန်ဖိုးထားသည့်အရာတစ်ခုအကြောင်း ပြောပြပါ။ ၎င်းအရာကို ကာကွယ်ပြီး အထူးထိန်းသိမ်းလိုပါသလား။ ထိုနှင့်တူစွာ၊ ဘုရားသခင်သည်လည်း မိတ်ဆွေအပေါ်ကို ပြုတော်မူ၏။

ဆုတောင်းခြင်းဖြင့် ကိုးကွယ်ပါ။
ဘုရားသခင်ကို ဝန်ခံ၍ ချစ်မြတ်နိုးလျက် ကျေးဇူးတော်ကို ချီးမွမ်းစေရန် သမ္မာကျမ်းစာကို အသုံးပြုပါ။

ဓမ္မသီချင်းဖြင့် ကိုးကွယ်ပါ။
တိတ်ဆိတ်ည၊ သန့်ရှင်းညကျူးကို သီဆိုပါ။

ဤအစီအစဉ်အကြောင်း

Advent: Christ Is Coming!

Thistlebend Ministries စီရင်ခဲ့သော ဖတ်ရှုဝတ်ပြုအစီစဉ်သည် မိမိမိသားစု (သို့) တစ်ဦးချင်းစီအဖို့ ဖြစ်ပြီး၊ မေရှိယကို ချီးမွမ်းစေခြင်းငှာ ကျွန်ုပ်တို့၏နှလုံးကို ပြင်ဆင်ထားပါသည်။ ကျွန်ုပ်တို့၏ လက်ရှိအသက်တာအဖို့ ခရစ်တော်ကြွလာခြင်း၏အနက်ကို အထူးအလေးထားပါသည်။ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်စေဖို့ စီရင်ထားပါသည်။ မိတ်ဆွေတို့အဖို့ မိမိခမည်းတော်၏ အစဉ်အမြဲတည်သော ပဋိညာဉ်မေတ္တာတော်ကို သိမြင်စေဖို့၊ ဤလမ်းညွှန်ချက်ကို အသုံးပြုခြင်းဖြင့် မိမိမိသားစုအဖို့ ထာဝရအမှတ်တရများ ဖြစ်စေလိမ့်မည်။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Thistlebend Ministries ကို အထူးကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ www.thistlebendministries.org သို့ ကြည့်ရှုနိုင်ပါသည်။