အရှင်ယေရှုဘုရား၏ ပုံဥပမာများနမူနာ

တောမျိုးစေ့နှင့်ပိုက်ကွန်ပုံဥပမာ
လူတချို့တို့သည် ဘဝတစ်လျှောက် ဘုရားကျောင်းကို ပုံမှန်ထက်သော်လည်း အရှင်ယေရှုဘုရားနှင့် မိိတ်သဟာယမဖွဲ့သော်ကြောင့် ပြောင်းလဲခြင်းသို့ မရောက်ကြပေ။ ထို့ကြောင့်၊ မိတ်ဆွေသည် ယုံကြည်ခြင်း၌ တည်ပါသလား၊ မတည်ပါသလားဟု ကိုယ်ကိုကိုယ် စစ်ကြောစုံစမ်းလိုက်ပါ။ ခရစ်ယာန်ဘသာဓလေ့များသည် မိတ်ဆွေကို မကယ်ချွတ်နိုင်ချေ။
ငယ်ငယ်ကတည်းက ခရစ်ယာန်ဖြစ်ပြီသာ (သို့) ကျွန်တော်က ငယ်ငယ်ဘဝကနေ ယခုထိ ဘုရားကျောင်းတက်ခဲ့တာပါဟု မိတ်ဆွေပြောဖူးခဲ့ပါသလား။ မိမိဓမ္မဗဟုသုတသည် ခရစ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်းထက် ပိုမိုရေးကြီးနေပါသလား။ မိတ်ဆွေသည် ဘာသာရေး၌ မွေ့လျော်နေပါသလား (သို့) ဘုရားဝတ်၌ မွေ့လျော်နေပါသလား။ မိမိကယ်တင်ခြင်းကို မဆုံးရှုံးစေဖို့ ကြိုးစားနေပါသလား (သို့) လူမျိုးတကာတို့ကို အရှင်ယေရှုဘုရား၏ တပည့်ဖြစ်စေလျက်၊ဘုရားသခင်၏ နိုင်ငံတော်ကို ပိုမိုတိုးပွားစေဖို့ ကြိုးစားနေပါသလား။
ဤပုံဥပမာများသည် အသင်းတော်ရှိ ထင်ရှားလှသော အပြစ်များတို့ကို ဥပေက္ခာပြုလျက် ရှောင်ရှားရန် အားပေးသည့်မဟုတ်ပါ။ အသင်းတော်လူကြီးများသည် အသင်းသူအသင်းသားများ၏ အကုသိုလ်ကံတို့ကို ဖော်ပြလျက် ဆုံးမရမည်ဖြစ်သည်။ သို့သော်၊ သူတစ်ပါး၏ စိတ်နှလုံးအထဲ၌ တောမျိုးစေ့များကို ရှိမရှိ ဇွတ်မစစ်ဆေးမီ မိမိစိတ်နှလုံးအထဲ၌ တောမျိုးစေ့များကို ရှိမရှိ စစ်ဆေးလိုက်ပါ။
ဤအစီအစဉ်အကြောင်း

ဤအစီစဉ်တွင်၊ အရှင်ယေရှုဘုရား၏ ပုံဥပမာများကို ဖော်ပြထားသလို အနက်ကိုလည်း ဖော်ပြထားပါလိမ့်မည်။ ဤအစီစဉ်တွင်၊ အနာယူနေ့များ ရှိပြီး ဘုရားသခင်၏ မဟာတန်ခိုးတော်နှင့် မေတ္တာကရုဏာတော်အကြောင်းကို အောက်မေ့သတိရစေ၍ စစ်မှန်သော ခွန်အားကို ရရှိခံစားစေဖို့ အကူအညီ ပေးပါလိမ့်မည်။
More