YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်းမှ ငွေကြေးသုံးစွဲမှုပညာ (ဆရာဒေးဗ့်ရာမ်စီ)နမူနာ

Dave Ramsey’s Financial Wisdom From Proverbs

10 ၏ နေ့ 9

နဝမနေ့၊ လိပ်သည် အမြဲအနိုင်ရသည်

ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကျွန်တော်သည် အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်များကနေ သင်ယူရသောအခွင့် အများကြီးရှိခဲ့ပါသည်။ ကျွန်တော်သည် ၎င်းအခွင့်အရေးများကို အလေးထားလျက် အလွန်သဘောကျနှစ်ခြိုက်ပါသည်။ အရေးကြီးဆုံး ထိုးထွင်းသိမြင်မှုများကို ချရေးနိုင်စေဖို့ ဘောပင်နှင့် မှတ်စုစာအုပ်တစ်အုပ်ကို အမြဲယူခဲ့ပါသည်။

မြန်မာစကားပုံအရ၊ မသိသူကျော်သွား၊ သိသူဖော်စား။

တစ်နေ့မှာ၊ ကျွန်တော်သည် အလွန်အမင်း အောင်မြင်လျက် ချမ်းသာသောသူတစ်ဦးနှင့် အချိန်ပေးခဲ့ပါသည်။ ဤသူသည် ဒေါ်လာတစ်ဘီလီယံကျော် ပိုင်ဆိုင်ထားသူ ဖြစ်ခဲ့သည်။ ထိုသူကြွယ်နှင့်အတူ မိတ်သဟာယဖွဲ့စဉ်တွင်၊ ကျွန်တော်ကလည်း အလွန်ချမ်းသာအောင် မည်သို့ပြုနိုင်မနည်းဟု စုံစမ်းမေးမြန်းခဲ့ပါသည်။

ဤသူသည် နှစ်ပေါင်းများစွာတွင် ဘုရားသခင်နှင့်အတူ သွားလာသောသူတစ်ဦးဖြစ်ပြီး သူ၏ ပထမအဖြေက အံ့ဩဖွယ်ရာမဖြစ်ပေ - စေတနာ သဒ္ဓါ ထက်သန်စွာ လှူဒါန်းလိုက်ပါ။ ကျွန်တော်နှင့် စကားပြောဖူးသော ချမ်းသာသူတိုင်းသည် ရက်ရောမှုကို အလေးပေးကြပြီး ပေးကမ်းခြင်းသည် ကျွန်တော်နှစ်သက်သော အရာများထဲမှ တစ်ခု ဖြစ်နေပါပြီ။ ၎င်းစိတ်ဓာတ်သည် ထူးဆန်းသောအရာ မဟုတ်ချေ။

သူ့၏ ဒုတိယအကြံပြုချက်မှာ ကျွန်တော့်အသက်တာကို ပြောင်းလဲစေမည့် စာအုပ်တစ်အုပ်ကို ဖတ်ရှုဖို့ တိုက်တွန်းခဲ့ပါသည်။ ကျွန်တော်သည် စာဖတ်ဝါသနာပါသောသူဦး ဖြစ်သောကြောင့် သူ၏ အကြံပြုချက်ကို ဝမ်းသာဝမ်းမြောက်စွာ လက်ခံခဲ့ပါသည်။ စာရွက်ပေါ်မှာ ကျွန်တော်၏ဘောပင်ကို ကိုင်ထားပြီး ဤစာအုပ်၏ နာမည်ကို ချရေးဖို့ အဆင်သင့်ဖြစ်ခဲ့ပါသည်။

ဆရာဒေးဗ့်၊ ယုန်နှင့် လိပ်၏ ဇာတ်လမ်းကို ဖတ်ဖူးပါသလားဟု မေးခဲ့သည်။

ကလေးပုံပြင်နှင့် ချမ်းသာမှုနှင့် ဘာဆိုင်လဲ။

သူသည် ကျွန်တော်ကို စေ့စေ့ကြည့်ရှုလျက်၊ ဆရာဒေးဗ့်၊ ယုန်များနှင့် ပြည့်ဝလှသော လောကကြီးထဲမှာ ကျွန်တော်တို့ နေထိုင်နေကြပါသည်။ လူများအားလုံး သမ္မာသတိမရှိဘဲ ဟိုဟိုဒီဒီ လျှောက်ပြေးလွှားနေကြသည်။ ဆရာကို အောင်မြင်သောသူဖြစ်လိုပါက သမ္မာသတိရှိရှိ ဖြည်းဖြည်းမှန်မှန် လျှောက်သွားရမည်ဖြစ်သည်။

သူသည် ကျွန်တော်ထံ ပိုမိုချဉ်းကပ်ပြီး၊ ဤစာအုပ်ကို ဖတ်တိုင်းတွင် လိပ်သည် အနိုင်ရသည်ဟု နှုတ်သတ္တိရှိရှိ ပြောဆိုခဲ့သည်။

(သု၊ ၂၁း၅) တွင်၊ ရှောလမုန်မင်းကြီးသည် ၎င်းနိယာမကို ဖော်ပြထားခဲ့သည်။ လုံ့လဝိရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ သမ္မာသတိမရှိသောသူ၏ အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်း ဆိုင်ပေ၏။ ယုန်ကဲ့သို့မဟုတ်ဘဲ လိပ်ကဲ့သို့ အသက်ရှင်ရမည်ဖြစ်သည်။

ယုံကြည်စိတ်ချရသော စည်းစိမ်ဥစ္စာတည်ဆောက်မှုသည် အမှန်တကယ်ပင် ရိုးရှင်းပြီး ၎င်းအမှုသည် အလွန်စိတ်လှုပ်ရှာဖွယ်ရာ မဖြစ်ပါဘူး။ အဓိက၊ မှန်ကန်သောအမှုတို့ကို တပ်သလဲလဲ ပြုရမည်ဖြစ်သည်။ ယုန်တစ်ကောင်လို ရှေ့ကို မြန်မြန်ပြေးဖို့ စိတ်စွဲလမ်းဖွယ်ရာ တစ်ခါတလေး ရရှိခံစားနိုင်သော်လည်း ဤမုသားစကားကို မလိုက်ပါစေနှင့်။ စည်းစိမ်းဥစ္စာသည် ဖြည်းဖြည်းမှန်မှန် စုရမည်ဖြစ်သည်။ လိပ်သည် အမြဲအနိုင်ရသည်။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Dave Ramsey’s Financial Wisdom From Proverbs

ဆရာဒေးဗ့်ရာမ်စီ (Dave Ramsey) သည် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရသော ခရစ်ယာန်ဆရာတစ်ယောက် ဖြစ်ပါသည်။ အသက် (၃၀) တွင် သူ့ကိုယ်ပိုင်ဒေဝါလီခံပြီးနောက် ဆရာဒေးဗ့်ရာမ်စီသည် ဘုရားသခင်၏ ငွေကို ကိုင်တွယ်ပုံနည်းလမ်းများကို စတင်လေ့လာခဲ့ပါသည်။ ဆရာဒေးဗ့်ရာမ်စီသည် လူတို့အား ငွေကို ပညာရှိစွာ စီမံခန့်ခွဲခြင်း၊ ရက်ရောစွာ လှူဒါန်းခြင်းနှင့် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားခြင်းအကြောင်းကို သင်ပေးသည်။ လာမည့် (၁၀) ရက်တာတွင်၊ ဆရာဒေးဗ့်ရာမ်စီသည် သမ္မာနည်းကျ၊ လက်တွေ့ဆန်သည့်လမ်းစဉ်များကို လျှောက်လှမ်းခြင်းဖြင့် ငွေကြေးအတွက် စိတ်အေးစေမှုကို ပြသရန် သုတ္တံကျမ်းကို အသုံးပြုသွန်သင်သွားပါလိမ့်မည်။

More

We would like to thank Dave Ramsey for providing this devotional. For more information, please visit: www.DaveRamsey.com