YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

အသက်ရှင်တဲ့သမ္မာကျမ်းစာနမူနာ

La Biblia está viva

7 ၏ နေ့ 7

သမ္မာကျမ်းစာသည် အရာအားလုံးကိုပြောင်းလဲပေးသည်။

""အလင်းဖြစ်စေ"" ဟူသော် ဘုရားခင်၏အမိန့်တော်မပါပဲ အရာအားလုံးမှောင်မိုက်နေသည့်ပုံသဏ္ဍာန်ကို မြင်ယောင်ကြည့်ပါ။ တစ်ခဏတွင်း အရာအားလုံးပြောင်းလဲသွားသည်။

အလင်းသည်အမှောင်ထုကိုထိုးဖောက်ပြီး ဖုံးကွယ်ထားသောအရာများကို ယခုတွင်ရှင်းလင်းစွာတွေ့မြင်နိုင်သည်။

ဘုရားသခင်၏ နှုတ်တော်ထွက်စကားတစ်လုံးသည် အရာအားလုံးကိုပြောင်းလဲခဲ့သည်။ သို့သော် ဤနေရာမှာတွင် ရပ်တန့်နေခြင်းမရှိပါ။ 


ဇီဝအသက်တစ်ခုဖြင့်စကြာဝဠာတစ်ခုကိုဖန်းဆင်းသော ဘုရားသခင်သည် သူ၏နှုတ်ထွက်စကားတန်ခိုးတော်ဖြင့် ကမ္ဘာလောကကြီးထဲ၌ ဘဝအသစ်ဖြင့် ဆက်လက်အသက်ရှင်စေပါသည်။

နှုတ်ကပတ်တော်သည် အမှောင်ကိုဆက်လက်ခွင်းပေးသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်တာကို ပြောင်းလဲစေပြီး နာကျင်စေသောနှလုံးသားများကို အသစ်ပြုပြင်ပေးသည်။

ဘုရားသခင်သည်အသက်ရှင်သောဘုရားဖြစ်သော်ကြောင့်သူ၏နှုတ်ကပတ်တော်သည်လည်းအသက်ရှင်တော်မူ၏။

 ကျွန်ုပ်တို့သည်လည် နှုတ်ကပတ်တော်၌ အစဉ်အမြဲသစ္စာရှိရမည်။


သမ္မာကျမ်းစာကို ပိုမိုလေ့လာလေလေ ဘုရားသခင်သည် ကမ္ဘာပေါ်ရှိလူသားအားလုံးကို ကိုယ်တော်နှင့် အတူမိဿဟာယရှိစေပြီး အသက်ရှင်လျှောက်လှမ်း စေလိုသည်ကိုပိုမိုတွေ့ရှိလာသည်။


မည်ကဲ့သို့သော အခက်အခဲတွေ၊ စုံစမ်းမူတွေရင်ဆိုင်ရပါ‌စေ ဘုရားသခင်၏နှုတ်ကပတ်တော်က ဆက်လက်တည်ရှိနေပြီး အမှောင်ကိုခွင်းနေသည်။

ကိုယ်တော်၏စကားများသည် Ghana၊ Sumu၊ Popolucaလူမျိုး၊ Samuel Ajayi Crowther နှင့် William Tyndale တို့ကဲ့သို့ လူအများကို ဆက်လက်ပြောင်းလဲစေမည်ဖြစ်သည်။

ပြီးတော့ ကိုယ်တော်ရဲ့စကားတွေက သင့်အသက်တာကိုပြောင်းလဲပေးဖို့ စွမ်းအားတွေရှိတယ်။ 


ဒါကြောင့်ခဏရပ်ပြီး စဉ်းစားကြည့်ပါ သင်ရဲ့ အသက်တာကို

သင့်ကို နှုတ်ကပတ်တော်က မည်သို့ ပြောင်းလဲပေးခဲ့သနည်း။

သင်ရဲ့ ဝိညာဉ်ရေးကို ဘုရားသခင်သည်မည်သို့သောနည်းဖြင့် ဆောင်ကျဉ်းပေးနိုင်မည်နည်း။


သင်၏အသက်တာနှင့် သင့်ပတ်ဝန်းကျင်ကမ္ဘာတွင် ဘုရားသခင်လုပ်ဆောင်ပေးခဲ့သောအရာများကို ပြန်လည်ရေတွက်ချီးမွမ်းပါ။ 


ရှေ့သို့ဆက်သွား၍ ပုံပြင်ထဲမှ ဘုရားပြောသော စကားကိုပါဝင်ရွေးချယ်ပါ။

ကမ္ဘာဦးအစကတည်းက ဘုရားသခင်ပြောကြားခဲ့သောပုံဝထ္ထုဟာ သခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာမယ့်အချိန်ထိဆက်ရှိနေမှာဖြစ်တယ်။ မြင့်တက်သာလွန်သောသမိုင်းကြောင်းနှင့် ပုံပြင်ဟာကမ္ဘာကြီးမှာဆက်လက်ပြောင်းလဲတည်ရှိနေမှာဖြစ်ပါတယ်။

နေ့ 6

ဤအစီအစဉ်အကြောင်း

La Biblia está viva

အစအဦးချိန်ကတည်းက ဘုရားသခင်၏စကားတော်သည် နှလုံးသားနှင့် စိတ်ထဲမှာသိုထားလျက်ရှိသည်။— ဘုရားသခင်၏အမှုသည် မပြီးဆုံးသေးပါ။ ဤ (၇)ရက်အထူးအစီအစဉ်မှာ သမ္မာကျမ်းစာအားဖြင့် အသက်တာပြောင်းလဲစေဖို့အတွက် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ပြီး...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှဖန်တီးပြီးထောက်ပံ့ပေးသည်။.

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။