YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

အသက်ရှင်တဲ့သမ္မာကျမ်းစာနမူနာ

La Biblia está viva

7 ၏ နေ့ 3

သမ္မာကျမ်းစာသည် လူမျိုးများကိုပြောင်းလဲပေးသည်။ 

၁၈၀၀ အစောပိုင်းကာလ ဖြစ်သည်။ အသက် ၁၂ နှစ်အရွယ် နိုင်ဂျီးရီးယားကောင်လေးတစ်ဦးနှင့် သူမိသားစုကို အမေရိကားကိုသွားမယ့်ပေါ်တူဂီကျွန်သင်္ဘောဆီသို့ ၎င်းတို့အိမ်မှအတင်းအဓမ္မခေါ်ဆောင်သွားခဲ့သည်။

သို့သော် သင်္ဘောသည် အာဖရိကကမ်းရိုးတန်းမှ ထွက်ခွာခွင့်မရမှီတွင် ကျွန်စနစ်ဆန့်ကျင်ရေးကင်းလှည့်မှုဖြင့် ဝင်ရောက်စီးနင်းကာ လူကုန်ကူးသူများကို ဖမ်းဆီးခဲ့သည်။

ကောင်လေးနှင့် သူ့မိသားစုက လွတ်မြောက်ပြီး Sierra Leoneသို့ ပို့ဆောင်ခံရတယ်။

ဒီနေရာမှာ သူဟာသမ္မာကျမ်းစာရဲ့တန်ခိုးကိုရှာဖွေတွေ့ရှိခဲ့တယ်။ 


Samuel Ajayi Crowther ဟာ ခရစ်ယာန်ဖြစ်လာပြီးနောက်ပိုင်း ဘာသာစကားတွေအများကြီးသင်ယူရင်း Sierra Leone နားမှာရှိတဲ့ နိုင်ငံတွေမှာ သာသနာပြုခရီးသွားခဲ့တယ်။

ဒါပေမဲ့ ဤကာလတစ်လျှောက်လုံး Yoruba (နိုင်ဂျီးရီယားဘာသာစကား)ဖြင့် သမ္မာကျမ်းစာမရှိတဲ့အတွက်ကြောင့် သူသည်အင်္ဂလိပ်ဘာသာစကားဖြင့်သမ္မာကျမ်းစာကိုလေ့လာနေခဲ့တယ်။

ဆိုလိုသည်မှာ အင်္ဂလိပ်ဘာသာစကားမပြောနိုင်တဲ့ နိုင်ဂျီးရီးယားလူမျိုးများကဘုရား၏နှုတ်ကပတ်တော်ကို သူတို့ကိုယ်တိုင်မဖတ်နိုင်ခြင်းဟု ဆိုလိုသည်။

 ထို့ကြောင့် Ajayi က Yoruba အတွက် သဒ္ဒါစနစ်တစ်ခုကို ဖန်တီးပြီးသမ္မာကျမ်းစာကို ထိုဘာသာဖြင့်ဘာသာပြန်ပေးခဲ့တယ်။


သူဟာ Yoruba ဘာသာစကားနဲ့ သမ္မာကျမ်းစာကိုဘာသာပြန်ပြီးသည်နှင့် အခြားနိုင်ဂျီးရီးယားဘာသာစကားများဖြင့်ကျမ်းစာကိုဆက်လက်ဘာသာပြန်ခဲ့သည်။ ထိုမှ သူ၏ပြောင်းလဲခဲ့သော ဘဝအတွေ့အကြုံများကို လူအများပိုမိုတွေ့ရှိနိုင်ခဲ့သည်။


Crowther က လူမည်းသာသနာပိုင်အဖြစ် အင်္ဂလီကန်အသင်းတော်မှ ရွေးကောက်ခြင်းခံခဲ့ရတယ်။ သူဟာ ပထမဦးဆုံးသော လူမည်းသာသနာပိုင်ဖြစ်လာခဲ့တယ်။

ယနေ့တွင် နိုင်ဂျီးရီးယားရှိအင်္ဂလီကန်အသင်းတော်သည် ဗတ္တိဇံခံထားပြီးသောအသင်းသား ၁၈သန်းကျော် ဖြင့် ဒုတိယအကြီးဆုံး အင်္ဂလီကန်သာသနာပိုင်နယ်ဖြစ်လာခဲ့တယ်။


ဘုရားသခင်သည် Crowther ကဲ့သို့ သင့်အားဖြင့် ကမ္ဘာကြီးအား သူ၏နှုတ်တော်ထွက်စကားအားဖြင့် ထိရောက်စွာ လွှမ်းခြုံစေချင်ပါသည်။

ပြောင်းလဲရန်စောင့်မျှော်နေသောသူများဆီသို့ သမ္မာကျမ်းစာအားဖြင့်သာ ပြီးပြည်စုံစွာရောက်ရှိနိုင်မည်ဖြစ်သည်။


ထို့ကြောင့် ယနေ့တွင် သူပြောနေသော ဇာတ်လမ်းတွင် သင်ပါဝင်နိုင်သည့် အခန်းကဏ္ဍကို ဘုရားသခင်အား ထုတ်ဖော်ပြသရန်နှင့် သင်မေးနိုင်၊ တွေးနိုင် (သို့) စိတ်ကူးကြည့်နိုင်သည်ထက် သင့်ဘဝတစ်လျှောက်လုံး ကိုယ်တော်လုပ်ဆောင်နိုင်သည်ကြည့်ရှုပါ။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

La Biblia está viva

အစအဦးချိန်ကတည်းက ဘုရားသခင်၏စကားတော်သည် နှလုံးသားနှင့် စိတ်ထဲမှာသိုထားလျက်ရှိသည်။— ဘုရားသခင်၏အမှုသည် မပြီးဆုံးသေးပါ။ ဤ (၇)ရက်အထူးအစီအစဉ်မှာ သမ္မာကျမ်းစာအားဖြင့် အသက်တာပြောင်းလဲစေဖို့အတွက် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ပြီး...

More

ဤသမ္မာကျမ်းစာဖတ်ခြင်းအစီအစဉ်ကို YouVersion မှဖန်တီးပြီးထောက်ပံ့ပေးသည်။.

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။