အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်း - အီစတာပွဲတော်အစီစဉ်နမူနာ

အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း
အရှင်ယေရှုဘုရား၏ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခြင်းအကြောင်းကို ဆင်ခြင်စဉ်းစားပါ။ သူအသက်ရှူနိုင်ရန် တစ်ခုတည်းသောနည်းမှာ၊ သူ၏ လက်ကောက်ဝတ်တော်နှင့် ခြေကျင်းဝတ်တော်များတွင် ထိုးထားသော သံမှိုများကို အမှီပြု၍ မိမိကိုယ်ကို တွန်းတင်ရခြင်းသာ ဖြစ်ပါသည်။
သေခြင်းကြိုးတို့သည် အရှင်ယေရှုဘုရားကို ဝိုင်း၍ မိမိ၌ကျန်သော အစွမ်းသတ္တိအားဖြင့် အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ကြွေးကြော်တော်မူခဲ့ပါသည်။
မိတ်ဆွေလည်း အလွန်ခက်လှသော လောကဓံဒုက္ခကို ကြုံစဉ်တွင်၊ ကိုယ်တော်က ဘယ်မှာလဲ၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသလဲဟု မေးဖူးကောင်းမေးဖူးနိုင်ပါသည်။
ကျွန်တော်တို့သည် စွန့်ပစ်ခံရသည်ဟု ခံစားရသည့်အခါ (သို့) အထီးကျန်သည့်အခါ (သို့) မထိုက်တန်သည့်အခါ ဘယ်လိုတုံ့ပြန်ရမလဲ။
အကယ်၍၊ အရှင်ယေရှုဘုရားသည် လက်ဝါးကပ်တိုင်တော်ပေါ်တွင် မိန့်တော်မူသောစကားတော်သည် (ဆာ၊ ၂၂) ၌ ကိုးကားခဲ့ပါသည်။ ဤဆာလံသည် ဒါဝိဒ်မင်းကြီး စီရင်ရေးသားသော အနာဂတ္တိစကား ဖြစ်ပါသည်။ ဤဆာလံသည် အရှင်ယေရှုဘုရားအကြောင်း ဖြစ်သော်လည်း၊ ဤဆာလံသည် ကျွန်တော်တို့ အထီးကျန်သည်ဟု ခံစားရချိန်တွင် လိုက်နာနိုင်သော လုပ်ဆောင်ချက် အဆင့် (၃) ရပ်ကို ဖော်ပြထားပါသည်။
၁။ မိမိခံစားချက်များကို ဘုရားသခင်ထံ ဖွင့်ဖွင့်လင်းလင်း ဖော်ပြပါ။
စစ်မှန်သော မိတ်သဟာယဖွဲ့ခြင်းသည် စစ်မှန်သော ခံစားချက်များ၌ မူတည်ပါသည်။ ဘုရားသခင်က မိတ်ဆွေကို စွန်ပစ်ပြီးဟု ခံစားနေပါက၊ မိမိခံစားချက်ကို ဘုရားသခင်ထံ ဖွင့်ဖွင့်လင်းလင်း ပြောပါ။ မိတ်ဆွေသည် ဘုရားသခင်ထံ မေးမြန်းလျက်၊ ဘုရားသခင်၏ ထူးတော်မူခြင်းကို ကြားနာစေဖို့ သမ္မာသတိရှိရှိ စောင့်မျှော်လိုက်ပါ။
၂။ အရာရာ၌ ဘုရားသခင်၏ ရွှေဘုန်းတော်ကို ထောက်လျက် ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ။
ကျွန်တော်တို့၏ ခံစားချက်များသည် ဘုရားသခင်၏ ကိုးကွယ်ခံထိုက်မှုကို မပယ်နိုင်ပေ။ ဘုရားသခင်ကို ကိုးကွယ်ခြင်းသည် မိမိသောကမီးကို ဧကန်အမှန် ငြိမ်းသတ်စေပါလိမ့်မည်။ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်သောအခါ၊ မိမိအခြေနေမပြောင်းလဲသော်လည်း မိမိအမြင်နှင့် စိတ်ဓာတ်ကို ပြောင်းလဲစေပါလိမ့်မည်။
ဘုရားသခင်၏ ကတိတော်များကို ဘုရားသခင်ထံ ပြန်လည်ပြောပါ။
(ဆာ၊ ၂၂) တွင်၊ ဒါဝိဒ်မင်းကြီးက၊ အကျွန်ုပ်သည် ကိုယ်တော်ကို သိပါသည်။ အတိတ်သမိုင်းတွင် ဘုရားရှင်သည် သူတစ်ပါးကို ကယ်နုတ်ခဲ့သလို၊ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါဟု အဓိကဖော်ပြထားပါသည်။ ဘုရားသခင်၏ ကတိတော်များကို အောက်မေ့သတိရလျက် ပြန်ပြောချင်သည် မိမိယုံကြည်ခြင်းကို ပိုမိုတိုးပွားစေလို၊ ဘုရားသခင်၏ သစ္စာတော်ကို ပိုမိုအောက်မေ့သတိရလျက် စိတ်စွဲလမ်းစေပါသည်။
အရှင်ယေရှုဘုရား၏ အသက်တော်ကို စွန့်တော်မူခြင်းအမှု၌ ဘုရားသခင်၏ သစ္စာတော်ကို မြင်နိုင်ပါသည်။ ကျွန်တော်တို့သည် ဘုရားသခင်နှင့် ထာဝရမိတ်သဟာယဖွဲ့စေဖို့၊ သားတော်သည် မိမိအသက်တော်ကို တကူးတက စွန့်တော်မူခဲ့ပါသည်။ (ဆာ၊ ၂၂) ၏ အနာဂတ္တိစကားသည် အရှင်ယေရှုဘုရား၌ ပြည့်စုံစေပါပြီ။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့ကိုယ်စား စွန့်ပစ်ခံရခြင်းကို ခံစားတော်မူပါသည်။
ယခုအချိန်၌ အရှင်ယေရှုဘုရား၏ အသက်တော်ကို လှူဒါန်းပူဇော်ခြင်းအကြောင်းကို ဆင်ခြင်စဉ်းစားလိုက်ပါ။
ဆုတောင်ကြပါစို့။ အရှင်ယေရှုဘုရား၊ အကျွန်ုပ်ကို အပါယ်ငရဲမှ ကယ်နုတ်ချမ်းသာ ပေးသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ခမည်းတော်ဘုရား၏ စွန့်တော်မူခြင်းကို မခံရစေဖို့၊ ကိုယ်တော်သည် အကျွန်ုပ်အတွက်ကိုးစား အသက်တော်ကို စွန့်တော်မူခဲ့ပါ၏။ ယနေ့၊ ဤမဟာအမှုတော်မြတ်ကို အောက်မေ့သတိရလျက် အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းနိုင်မည်အကြောင်း ကူညီမစတော်မူပါ။ အကျွန်ုပ်သည် မည်သို့ပင်ခံစားရသည်ဖြစ်ပါစေ၊ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ထို့ကြောင်၊ ယနေ့၊ အကျွန်ုပ်သည် ကိုယ်တော်ကို ချီးမွမ်းပါလိမ့်မည်။ ကျေးဇူးတော်ကို ချီးမွမ်းလျက် ယေရှုနာမတော်၌ ဆုတောင်းပါ၏။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

အမှောင်မိုက်ခြင်းအတိသည် မိတ်ဆွေကို ဝန်းရံလာသောအခါ၊ မည်သို့တုံ့ပြန်ရမလဲ။ လာမည့် (၃) ရက်အတွင်း၊ မိတ်ဆွေသည် အီစတာဇာတ်တော်ထဲတွင် နှစ်မြှုပ်ကြပါစို့။ မိတ်ဆွေက စွန့်ပစ်ခံရသည် (သို့) အထီးကျန်သည့် (သို့) မထိုက်တန်သည့်ဟု ခံစားရသည့်အခါ မိမိမျှော်လင့်ခြင်းကို ဘယ်လိုတိုးပွားရမည်ကို ရှာဖွေပါ။
More