ရက်ပေါင်း (၉၀) တွင် ဓမ္မသစ်ကျမ်းနမူနာ

ဗျာဒိတ်ကျမ်း၏နိဒါန်း
ဗျာဒိတ်ကျမ်း၏အခန်းကြီး (၂၂) လုံးတစ်လျှောက်တွင် ရှင်ယောဟန်သည် သူ၏နာမည်ကို လေးကြိမ်မြောက် ဖော်ပြခဲ့သောကြောင့်၊ သူသည် ရှင်ယောဟန်ခရစ်ဝင်၊ ရှင်ယောဟန်ဩဝါဒစာပထမစောင်၊ ဒုတိယစောင်နှင့် တတိယစောင်တို့ကို ရေးသားသလို ဗျာဒိတ်ကျမ်းကိုလည်း ရေးသားခဲ့သည်ဟု သိရသည်။ ရှင်ယောဟန်၏ မူရင်းပရိသတ်သည် ဧဖက်အသင်းတော်၊ စမုရနအသင်းတော်၊ ပေရဂံအသင်းတော်၊ သွာတိရအသင်းတော်၊ သာဒိအသင်းတော်၊ ဖိလဒေလဖိအသင်းတော်နှင့် လောဒိကိအသင်းတော်တည်းဟူသော အာရှိပြည်၌ရှိ အသင်းတော်ခုနစ်ပါး ဖြစ်သည်။ အေဒီ (၉၅) ဝန်းကျင်တွင်၊ ရှင်ယောဟန်သည် အရှင်ယေရှုခရစ်ဘုရား၏ သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်း၌ ပြည်နှင်ဒဏ်ကိုခံလျက် နေထိုင်စဉ်တွင် ဤဗျာဒိတ်ကျမ်းကို ရေးသားခဲ့သည်ဟု ကျမ်းစာပညာရှင်များက ယူဆကြသည်။
ဗျာဒိတ် ဝေါဟာရသည် ဂရိဘာသာဝေါဟာရ အပေါကိုလစ်မှ ဆင်းသက်လာပြီး အနက်မှာ မသိအပ်သောအရာ ဖြစ်သည်။ ဗျာဒိတ်ကျမ်းသည် အရှင်ယေရှုဘုရား၏ အသွေးတော်နှင့် မဖုံးအုပ်ထားသောသူများအတွက် ဒဏ်ခပ်ဘေးဖြင့် ကြီးစွာသောဆင်းရဲဒုက္ခတည်းဟူသော နောက်ဆုံးကာလဖြစ်မည့် အပြစ်စီရင်ခြင်းအကြောင်းကို အတိကျဆုံး ဖော်ပြထားသည့်ကျမ်းစာ ဖြစ်သည်။ ဤကျမ်းစာသည် သင်္ကေတပုံရိပ်သဖွယ်များကို အလွန်သုံးပြုခဲ့သည်။ ဗျာဒိတ်ကျမ်း၏ နောက်ဆုံးအခန်းလေးခန်းတွင် အရှင်ယေရှုဘုရား၏အဆိုးအပေါ် အောင်မြင်ခြင်းနှင့် ယုံကြည်သူများအတွက် ကမ္ဘာသစ်ကို ဖန်ဆင်းပြုပြင်ခြင်း အကြောင်းဖြစ်သည့် အဓိကအကြောင်းအရင်းကို ပြောပြခဲ့သည်။
ဤအစီအစဉ်အကြောင်း

လာမည့် ရက်ပေါင်း (၉၀) အတွင်း ဓမ္မသစ်ကျမ်း၏အခန်းကြီး (၂၆၀) ကို ဖြတ်သန်းလိုက်ပါ။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့၏ ခရစ်ဝင်ကျမ်းများမှစ၍ နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းအထိ၊ ဖတ်ရှုလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားဖြင့် ပြောင်းလဲခံခဲ့ရသူများ၏ သွန်သင်ချက်များနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေကို စကားပြောတော်မူလိမ့်မည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဖတ်သောအရာကို နားလည်ပါသလား
