ရက်ပေါင်း (၉၀) တွင် ဓမ္မသစ်ကျမ်းနမူနာ

ရှင်ယောဟန်ခရစ်ဝင်၏နိဒါန်း
တပည့်တော် (၁၂) ပါးတွင် တစ်ပါးဖြစ်သောရှင်ယောဟန်သည် ဤခရစ်ဝင်ကျမ်းကို ရေးသားခဲ့သည်။ ရှင်ယောဟန်သည် ရှင်ပေတရု၊ ရှင်ယာကုပ်တို့နှင့်အတူ ယေရှုဘုရား၏ အတွင်းလူ ဖြစ်ခဲ့သည်။ ဤတပည့်တော် (၃) ပါးသည် ယေရှုဘုရား၏ အနီးဆုံးတပည့်တော်များ ဖြစ်ခဲ့ကြသည်။ ရှင်ယောဟန်နှင့် သူ၏အစ်ကို ရှင်ယာကုပ်သည် မိုးကြိုးသားဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရခဲ့သည်။
ယေရုရှလင်မြို့ပျက်စီးပြီး အေဒီ (၇၀) နောက်၊ ရှင်ယောဟန်သည် ဤခရစ်ဝင်ကျမ်းကို အေဒီ (၈၅-၉၀) ဝန်းကျင်တွင် ရေးသားခဲ့သည်ဟု ကျမ်းစာပညာရှင်အများအပြားက ယူဆကြသည်။ ရှင်ယောဟန်၏ ရည်ရွယ်ချက်မှာ မယုံကြည်သူများသည် ဒုတိယမွေးဖွားခြင်းကို ခံဖို့ရန်နှင့် ယုံကြည်သူများသည် ယုံကြည်ခြင်းစိတ်ချမှုကို ရရှိခံစားဖို့ရန် ဖြစ်သည်။ ရှင်ယောဟန်သည် အခြားသောခရစ်ဝင်ကျမ်းသုံးအုပ်ထက် အရှင်ယေရှုဘုရား၏ ဘုရားဖြစ်ခြင်းအကြောင်းကို ဖော်ပြထားခဲ့ပါသည်။ ရှင်ယောဟန်ခရစ်ဝင်၏ (၉၈) ရာခိုင်နှုန်းကျော်သည် ထူးခြားပြီး အခြားသောခရစ်ဝင်ကျမ်းသုံးပါးတွင် မတွေ့ရသောအရာများ ဖြစ်သည်။ သူ၏ခရစ်ဝင်ကျမ်းတွင်၊ ရှင်ယောဟန်သည် ယေရှုချစ်တော်မူသောတပည့်တော်ဟု မိမိကိုယ်ကို ရေးသားခဲ့သောကြောင့် မျက်မှောက်ခေတ်ယုံကြည်သူများအတွက် ဟာသသဖွယ် ဖြစ်စေခဲ့သည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

လာမည့် ရက်ပေါင်း (၉၀) အတွင်း ဓမ္မသစ်ကျမ်း၏အခန်းကြီး (၂၆၀) ကို ဖြတ်သန်းလိုက်ပါ။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့၏ ခရစ်ဝင်ကျမ်းများမှစ၍ နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းအထိ၊ ဖတ်ရှုလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားဖြင့် ပြောင်းလဲခံခဲ့ရသူများ၏ သွန်သင်ချက်များနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေကို စကားပြောတော်မူလိမ့်မည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
