ပင်ပန်းသောသူများအဖို့ ချမ်းသာခြင်းနမူနာ

ကျွန်တော်တို့၏ သခင်တည်းဟူသော အရှင်ယေရှုဘုရား၏ လွယ်သောထမ်းပိုးကို ထမ်းစေဖို့ မည်သို့သင်ယူရမည်နည်း။
ဤကျမ်းပိုဒ်တွင်၊ အရှင်ယေရှုဘုရား၏ တတိယအမိန့်တော်ချက်ကား...
ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘော ရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည် (မ၊ ၁၁း၂၉)။
ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျွန်တော်တို့ကျင့်ရသောအခါ၊ သူ၏ ပေါ့လှသောထမ်းပိုးကို စတင်တင်၍ ထမ်းစေပါသည်။ ကျွန်တော်တို့သည် သမ္မာကျမ်းစာတွင် ခရစ်ဝင်ကို လေ့လာပြီး ဆုတောင်းခြင်းနှင့် နာခံခြင်းဖြင့် တုံ့ပြန်သည့်အခါ၊ ဤအမိန့်တော်ကို စတင်လိုက်နာရန် သင်ယူရလိမ့်မည်...
ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည် (မ၊ ၁၆း၂၄-၂၅)။
အဓိက၊ ကျွန်တော်တို့သည် တပည့်ဖြစ်ခြင်းဖြင့် အရှင်ယေရှုဘုရားထံတော်မှ သင်ယူကြပါသည်။ ကျွန်တော်တို့၏ အသက်တာများသည် ကိုယ်တော်၏ အသက်တာကဲ့သို့ကို ဖြစ်လာသည့်အထိ သူ၏ ခြေတော်ရင်း၌ ထိုင်လျက် နေကြပါသည်။
မိတ်ဆွေသည် အရှင်ယေရှုဘုရားထံ လာ၍ သူ၏ လွယ်သောထမ်းပိုးကို ထမ်းလျက် ကိုယ်တော်ထံ၌ နည်းခံခြင်းအားဖြင့် မိမိဘဝရှိ လောကဓံဒုက္ခမှန်သမျှတို့ကို ရုတ်တရက် ပယ်ရှားပြီး အရာရာ၌ အဆင်ပြေသွားပါလိမ့်မည်ဟု မဆိုလိုပါဘူး။ သို့သော်၊ လူသားအားလုံး၏ အပြစ်များကို လက်ဝါးကပ်တိုင်ပေါ်တွင် ထမ်းတင်နိုင်လောက်အောင် အစွမ်းသတ္တိရှိသောအရှင်နှင့် ကျွန်တော်တို့ တွဲဖက်၍ ထမ်းပိုးကို ထမ်းသောအခါ မိမိလောကံဒုက္ခတို့ကို ပိုမိုပေါ့ပါးသွားရပါလိမ့်မည်။
မိတ်ဆွေသည် အရှင်ယေရှုဘုရား၏ ကယ်တင်ခြင်း ပေါ့ပါးစွား ရယူသောသူအဖြစ် မဟုတ်ဘဲ စစ်မှန်သော တပည့်တစ်ဦးဖြစ်လျက် ကိုယ်တော်ကဲ့သို့ အသက်ရှင်နေပါသလား။
ဆင်းရဲဒုက္ခခံစဉ်တွင်ပင် အရှင်ယေရှုဘုရားကို တွေ့ဆုံခြင်းအကြောင်းကို ပိုမိုသိလိုပါက၊ ဤလင့်ကိုနှိပ်ပြီးဒေါက်တာတိုနီအီဗန် (Dr. Tony Evans) ၏ ဒုက္ခဆင်းရဲခြင်း၌ သုခချမ်းသာခြင်းဟူသော အခမဲ့စာအုပ်ကို ဒေါင်းလုဒ်ဆွဲနိုင်ပါသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဒေါက်တာတိုနီအီဗန် (Dr. Tony Evans) စီရင်ရေးထားသော အစီစဉ်သည် ချမ်းသာခြင်းသို့ ဝင်ရောက်စေသော အရှင်ယေရှုဘုရား၏ အမိန့်တော် (၃) ချက်ကို ပိုမိုနက်ရှိုင်းစွာကြည့်ရှုစေရန် ကူညီပေးပါလိမ့်မည်။
More
စပ်ဆိုင်သော အစီအစဉ်များ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
