ပင်ပန်းသောသူများအဖို့ ချမ်းသာခြင်းနမူနာ

ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်ဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည် (မ၊ ၁၁း၂၈)။
ရှင်မဿဲခရစ်ဝင်တွင်၊ အရှင်ယေရှုဘုရားသည် ဖာရိရှဲတို့ကို ဝေဖန်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည်...
အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ (မ၊ ၂၃း၄)။
ယုဒဘာသာဝင်ကို အပြည့်အဝ ဝင်စေခြင်းငှာ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများတို့သည် သူတစ်ပါးတို့ကို ဝိနည်းများ၊ ပညာတော်များ၊ သီလများ၊ ဒါနများ၊ ဝေယျဝစ္စများ၊ ဘာသာရေးဓလေ့များ၊ နည်းဥပဒေသနှင့် မပြီးနိုင်သောစည်းမျဥ်းစည်းကမ်းများ၊ စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်လျက် ကျင့်ခိုင်းခဲ့ကြသည်။ သို့သော်၊ အရှင်ယေရှုဘုရားသည် ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ကို ကိုယ်တော်ထံသို့ ရိုးရိုးလေး လာကြဖို့ရန် ဖိတ်ခေါ်တော်မူခဲ့သည်။
အရှင်ယေရှုဘုရားသည် ဘာသာရေးအားဖြင့် ပင်ပန်းနွမ်းနယ်နေသူများကို သူ့၌ အနားယူရန် ဖိတ်ခေါ်တော်မူပါသည်။ ဤမိတ်သဟာယဖွဲ့ခြင်းသည် ကြိုတင်လိုအပ်ချက်များ (သို့) အခြားသဘောတူညီချက်များနှင့် ကင်းလွတ်ပါသည်။ ဤမိတ်သဟာယဖွဲ့ခြင်းသည် အခမဲ့ဖြစ်ပြီး ကျေးဇူးတော်နှင့် ပြည့်ဝလျက် ဖွဲ့သောသူအားလုံး ချမ်းသာခြင်းကို ရရှိခံစားပါလိမ့်မည် (မ၊ ၁၁း၂၈)။
ဘာကြောင့် အရှင်ယေရှုဘုရားသည် ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့အဖို့အတွက် ချမ်းသာပေးဖို့ ကတိတော်ပေးခဲ့ပါသလဲ။
အရှင်ယေရှုဘုရား ပေးတော်မူသော ချမ်းသာခြင်းအကြောင်းကို ပိုမိုသိလိုပါက၊ ဒေါက်တာတိုနီအီဗန် (Dr. Tony Evans) ၏ ဓမ္မဒေသနာတော်ကို အခမဲ့ဒေါင်းလုဒ်ရယူရန် အားပေးပါသည်။ ဤလင့်ကို နှိပ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဒေါက်တာတိုနီအီဗန် (Dr. Tony Evans) စီရင်ရေးထားသော အစီစဉ်သည် ချမ်းသာခြင်းသို့ ဝင်ရောက်စေသော အရှင်ယေရှုဘုရား၏ အမိန့်တော် (၃) ချက်ကို ပိုမိုနက်ရှိုင်းစွာကြည့်ရှုစေရန် ကူညီပေးပါလိမ့်မည်။
More
စပ်ဆိုင်သော အစီအစဉ်များ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
