YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

မိမိ၏အိမ်ထောင်ရေးတွင် ဝိညာဉ်တော်မှလာသောထက်သန်မှုကို မှုတ်သွင်းပါနမူနာ

Breathe Spiritual Passion Into Your Marriage

7 ၏ နေ့ 3

မချစ်အပ်သောသူကိုချစ်ခြင်း





ကျွန်ုပ်တို့အား ချစ်သောသူကိုသာချစ်သည်မဟုတ်ဘဲ ကျေးဇူးမသိတတ်သောသူနှင့်ဆိုးသောသူတို့ကိုဘုရားသခင်ချစ်တော်မူသည်နည်းတူ ထိုသို့သူကိုကျွန်ုပ်တို့ချစ်သောအခါ ကြီးမားသောဆုလာဘ်ကိုရရှိနိုင်ကြောင်း သခင်ယေရှုမိန့်တော်မူခဲ့သည်။





အကယ်၍ သင်သည် အသက်ရှင်ဖူးသူများထဲတွင် ဘုရားတရားအကိုင်းရှိုင်းဆုံးသော၊ အကြင်နာတတ်ဆုံးသော၊ စိတ်ထားအကောင်းဆုံးသောအိမ်ထောင်ဖက်တစ်ဦးနှင့်အိမ်ထောင်ပြုခွင့်ရခဲ့သည်ဆိုလျှင် ၎င်းသည်သင့်အတွက်ဆုလာဘ်ဖြစ်သည်။ သင်သည် အခြားသူများထက်ကောင်းမွန်သောအိမ်ထောင်ကိုရရှိခဲ့သည့်အတွက် ကောင်းကင်ဘုံ၌ အထူးချီးကျူးမှုရရှိမည်မဟုတ်ပါ။ အခြားသောသူတို့သည် ထာဝရအရာအတွက်ဆုဆောင်းနေသည့်အချိန်တွင် သင်သည် ဤလောကတွင်သာယာသောဆယ်စုနှစ်များကိုခံစားရလျက်နေပါလိမ့်မည်။အကယ်၍ သင်၏အိမ်ထောင်ဖက်သည် သင့်အပေါ်ပေါ့ပေါ့တန်တန်သဘောထားလျက် ဤလောကတွင်သင့်ကိုတန်ဖိုးမထားခဲ့လျှင်ပင် သခင်ယေရှုကတိပေးတော်မူခဲ့သည့်အတိုင်း သင်၏ကောင်းကင်ဘုံရှိအဖဖြစ်သော သင့်ယောက္ခမကို မျက်နှာချင်းဆိုင်လျက် သင်တွေ့ရမည့်နေ့ရောက်လာလိမ့်မည်။ ထိုအခါ ကိုယ်တော်က “သင်၏အိမ်ထောင်ဖက်သည် သင်နှင့်အိမ်ထောင်ပြုခွင့်ရသည့်အတွက် မည်မျှကောင်းချီးခံစားသည်ကိုမသိခဲ့သော်လည်း သင်သည် ငါ့သား (သို့မဟုတ် သမီး)ကို ကောင်းစွာချစ်ခဲ့ပြီ။ ငါ့နာမကိုထောက်၍ ချစ်သောသူအား ထာဝရဆုလာဘ်ကိုငါပေးမည်။ သင်၏ဆုလာဘ်ကိုရယူပြီး ထာဝရချမ်းသာသို့ဝင်စားလော့“ဟု မိန့်တော်မူလိမ့်မည်။





ထိုနေ့ရက်ကိုယုံကြည်သောအခါ ဤလောကမှာရှိသော မည်သည့်နေ့ရက်ကောင်းသည်ကိုသင်ဆုံးဖြတ်ရာတွင် ပြောင်းလဲမှုကိုသင်တွေ့ရှိလိမ့်မည်။ ကျွန်ုတို့အိမ်ထောင်ဖက်သည် ကျွန်ုပ်တို့ကိုမည်မျှချစ်သနည်း၊ မည်မျှအလုပ်အကျွေးပြုသနည်း၊ မည်မျှဂရုစိုက်သနည်း၊ မည်မျှအားပေးသနည်း၊ မည်မျှသဘောကျသနည်းဟူသည့်အရာတို့ကိုစွဲလမ်းနေမည့်အစား သူ့ကိုချစ်သော၊ အလုပ်အကျွေးပြုသော၊ ဂရုစိုက်သော၊ အားပေးရသော၊ သဘောကျစေသောအခွင့်ကိုသာ ကျွန်ုပ်တို့ရှာလျက်နေကြပါလိမ့်မည်။ ဤအရာသည် ကိုယ့်အပေါ်ပေါ့ပေါ့တန်တန်သဘောထားသည့်အိမ်ထောင်ဖက်ရှိသူအတွက် ခွန်အားရစရာဖြစ်သည်။ မှန်ကန်စွာစည်းစားကြည့်ပါ။ သင်တို့ထဲမှ အချို့သည် မိုက်မဲသောသူနှင့်အိမ်ထောင်ပြုကောင်းပြုခဲ့ပေလိမ့်မည်။ ဤသို့ပြောဆိုရာတွင် မလေးမစားပြောဆိုလိုသည်မဟုတ်ပါ။ ကျမ်းစာက မိုက်မဲသောသူတို့ရှိသည်ဟုဖော်ပြထားသည်မဟုတ်ပါလား။ သို့ဖြစ်လျှင် တစ်စုံတစ်ယောက်သည် ထိုမိုက်မဲသောသူနှင့်အိမ်ထောင်ပြုခဲ့ပေလိမ့်မည်။ သင်ကိုယ်တိုင် ထိုသို့သောသူကိုရွေးခဲ့ခြင်းလည်းဖြစ်နိုင်သည်။ ဤလောကရှုထောင့်မှကြည့်မည်ဆိုလျှင် ထိုသို့သောသူနှင့်အိမ်ထောင်ပြုခဲ့လျှင် မိမိအသက်တာကိုအချည်းနှီးဖြစ်စေသကဲ့သို့ဖြစ်၏။ သို့သော် ကောင်းကင်ဘုံရှုထောင့်မှကြည့်မည်ဆိုလျှင် ခရစ်တော်၏တရားစီရင်ရာပလ္လင်တော်ရှေ့တွင်သင်ဖြေရှင်းပြောဆိုရသောအခါ ပို၍စိတ်လှုပ်ရှားစရာနှင့် ပို၍ပြည့်စုံစွာပြောဆိုရသောအခွင့်ရှိသည်ဟုဆိုနိုင်ပါသည်။





ဖော်ပြပါအကြောင်းအရာများသည် အခက်အခဲရှိသော်လည်း သင်၏အိမ်ထောင်ဖက်ကိုချစ်ရန် မည်သို့ခွန်အားပေးသနည်း။ ဤလေ့လာသင်ယူမှုသည် သင်၏အိမ်ထောင်ဖက်နှင့်နေ့စဉ်နေထိုင်သည့် သင့်အသက်တာအပေါ် မည်သို့ထိရောက်သောအကျိုးရှိသနည်း။
နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

Breathe Spiritual Passion Into Your Marriage

"ရာသက်ပန်ချစ်ခြင်း“ ဟူသည့် စာစောင်အသစ်မှအကြောင်းအရာတွင် ဆရာ Gary Thomas သည် အိမ်ထောင်ပြုခြင်း၏ ထာဝရရည်ရွယ်ချက်ကို ပြောပြထားသည်။ မိမိ၏အိမ်ထောင်ကို နိုးကြားသောဆက်ဆံမှုရှိစေခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင်ရာအသက်တာကို သူတစ်ပါးအာ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက http://www.dccpromo.com/a_lifelong_love/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။