YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

သင်၏အိမ်ထောင်ရေးတွင် ဝိညာဉ်တော်မှလာသောထက်သန်မှုကိုမှုတ်သွင်းပါ။နမူနာ

Breathe Spiritual Passion Into Your Marriage

7 ၏ နေ့ 1

ယောက္ခမဖြစ်တော်မူသောဘုရားသခင် ဖော်ပြပါအကြောင်းအရာသည် ကျွန်ုပ်အပေါ်သတိပေးချက်ကဲ့သို့ရောက်လာသည့်အရာဖြစ်ပြီး ရှင်းရှင်းပြောမည်ဆိုလျှင် ထိုအချိန်မှာ ကျွန်ုပ်အတွက်လိုအပ်သည့်အရာပင်ဖြစ်ပါသည်။ ကျွန်ုပ်သည် ပျိုနုသောလင်ယောက်ျားတစ်ယောက်ဖြစ်ပြီး တစ်ချိန်တွင် စူးစူးစိုက်စိုက်ဆုတောင်းနေသောအခါ Lisa သည် ကျွန်ုပ်၏အမျိုးသမီးသာဖြစ်သည်မဟုတ်ဘဲ ကိုယ်တော်၏သမီးတစ်ဦးလည်းဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်သည်နှင့်လျော်ညီစွာ သူမကိုဆက်ဆံရမည့်အကြောင်း ဘုရားသခင်က ကျွန်ုပ်အားတိုက်ရိုက်ပြောဆိုနေသည်ဟု ကျွန်ုပ်ခံစားခဲ့ပါသည်။ ဤအရာကား ကျွန်ုပ်အားဘုရားသခင်ဖော်ပြတော်မူသောအလွန်အရေးပါသည့်အရာတစ်ခုဖြစ်ပြီး ကျွန်ုပ်မှာကလေးရှိလာသည့်အခါ ၎င်းကို ပို၍ကောင်းစွာမြင်လာခဲ့သည်။ ကျွန်ုပ်ကိုသဘောထားကောင်းစေလိုသည်ဆိုလျှင် ကျွန်ုပ်ကလေးများအပေါ်ကောင်းပါ။ ပြောင်းပြန်ပြော၍ ကျွန်ုပ်ကိုစိတ်ဆိုးစေလိုသည်ဆိုလျှင် ကျွန်ုပ်ကလေးများမကောင်းကြောင်းပြောပါ။ သူတို့ကိုအနိုင်ကျင့်ပါ။ ထိုသို့ပြုလျှင် ထိုသူအမည်ကိုကြားရုံမျှသာနှင့် ကျွန်ုပ်သွေးအားသည်ထိုးတက်သွားသည်။ ဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် ကျွန်ုပ်ကလေးများနှင့်လာရှုတ်သည်ထက် ကျွန်ုပ်နှင့်လာရှုတ်သည်က ပို၍ခံသာသည်။ ဤသို့ဖြင့် ကျွန်ုပ်သည် ဘုရားသခင်၏သမီး (အမျိုးသမီးအနေဖြင့်ဆိုလျှင် ဘုရားသခင်၏သား) တစ်ဦးနှင့်လက်ထပ်ထားသည်ဟူသောအသိတရားရသောအခါ ကျွန်ုပ်၏အိမ်ထောင်ရေးရှုထောက်အားလုံး ပြောင်းလဲသွားခဲ့ပါသည်။ ကျွန်ုပ်သည် ကိုယ့်သမီးအပေါ်ရှိသည့်ခံစားမှုထက် ဘုရားသခင်သည် ကျွန်ုပ်၏အမျိုးသမီးကို သူ၏သမီးတစ်ဦးအနေဖြင့် ပို၍သန့်ရှင်းပြီး ပို၍ပြင်းပြစွာချစ်တော်မူသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်၏အိမ်ထောင်ရေးတွင် ကျွန်ုပ်နှင့်ကျွန်ုပ်၏အိမ်ထောင်ဖက်နှစ်ဦးအကြားသာမကဘဲ အမြဲတမ်းကျွန်ုပ်တို့ကိုစိတ်ဝင်တစားဂရုစိုက်နေသည့် ပုဂ္ဂိုလ်နောက်တစ်ပါးပါဝင်လာခဲ့သည်။ ကျွန်ုပ်၏ကျန်ရှိသောအသက်တာ၏အဓိကဝတ်ပြုခြင်းပုံစံသည် ဘုရားသခင်၏အမြင်တွင် ကိုယ်တော်၏သမီးလေးဖြစ်သော အမျိုးသမီးတစ်ဦးကို ဂရုစိုက်စောင့်ရှောက်သောအားဖြင့် ဘုရားသခင်ကိုဂုဏ်ပြုခြင်းဖြစ်ရမည် ဟုကျွန်ုပ်ခံယူခဲ့ပါသည်။ သင်းအုပ်ဆရာတို့က ဘုရားသခင်ကို အဖခမည်းတော်အဖြစ်ဆင်ခြင်စဉ်းစားရမည့်အကြောင်းဟောပြောကြသည်ကို ကျွန်ုပ်တို့မကြာခဏကြားရပါသည်။ ဤအချက်သည်အမှန်ပင်အံ့ဩဖွယ်ကောင်းသည့် အမှန်တရားဖြစ်ပါသည်။ သို့သော် သင်၏အိမ်ထောင်ရေးအသက်တာကို ပြောင်းလဲစေလိုပါက ဤနှိုင်းစာချက်ကိုပို၍ချဲ့ပြီး ဘုရားသခင်ကို ယောက္ခမအဖြစ် ဆင်ခြင်အောက်မေ့ရန် အချိန်ယူရမည်ဖြစ်ပါသည်။ ဘယ့်ကြောင့်ဆိုသော် သင်သည် ယုံကြည်သူတစ်ဦးနှင့်အိမ်ထောင်ပြုသည့်အခါ ထိုသို့ပင်ဖြစ်သည်။ သင်၏အိမ်ထောင်ဖက်ကို ဘုရားသခင်၏ သား(သို့) သမီးဟူ၍စဉ်းစားဖူးပါသလား။ ထိုသို့စဉ်းစားသောအခါ သူ့အပေါ်သင်၏ဆက်ဆံမှုသည် (သဘောထားချက်ရော လုပ်ဆောင်ချက်ပါ) မည်မျှပြောင်းလဲသွားလိမ့်မည်နည်း။
နေ့ 2

ဤအစီအစဉ်အကြောင်း

Breathe Spiritual Passion Into Your Marriage

"ရာသက်ပန်ချစ်ခြင်း“ ဟူသည့် စာစောင်အသစ်မှအကြောင်းအရာတွင် ဆရာGary Thomasသည် အိမ်ထောင်ပြုခြင်း၏ထာဝရရည်ရွယ်ချက်ကိုပြောပြထားသည်။ သင်၏အိမ်ထောင်ကို နိုးကြားသောဆက်ဆံမှုရှိစေခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင်ရာအသက်တာကို သူတစ်ပါးအားဖြန့...

More

ဤအစီအစဉ်ကိုပြင်ဆင်ပေးသော David C Cook ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုက်သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - http://www.dccpromo.com/a_lifelong_love/

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။