Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့နမူနာ

သင်တို့နှစ်ဦးစလုံး အသက်ရှင်သမျှကာလပတ်လုံး
ဘုရားသခင်ကို ရှာပါ။ မျှတစွာ ငြင်းခုံပါ။ ပျော်ရွှင်းမှုကို ခံစားပါ။ ဖြူစင်စွာ နေပါ။ မည်သည့်အခါမျှ အရှုံးမပေးနှင့်။ ဤကတိကဝတ် (၅) ချက်သည် ကြာရှည်ခံနိုင်သည့် အိမ်ထောင်အတွက် အဓိကသော့ချက် ဖြစ်သည်။ သို့သော်၊ ဤအရာများကို ပြုနိုင်ရန် ဘုရားသခင်၏ မစတော်မူခြင်းကို လိုအပ်ပါသည်။ ကျွန်တော်တို့ကိုယ်တိုင် ခွန်အားနှင့် မပြုနိုင်ပါ။
လွန်ခဲ့ပြီးသောအရာကို လွန်ခဲ့သည့်အချိန်၌ ထားခဲ့ပါ။ နေ့တိုင်းကို အသစ်သောနေ့ ဖြစ်စေပါ။ ယနေ့မှစ၍ အနာဂတ်အတွက် မိမိတို့ဖြစ်စေလိုသည့် အိမ်ထောင်ကို မိမိတို့ဆုံးဖြတ်နိုင်ပါသည်။ လွန်ခဲ့ပြီးသောအရာကို ကျွန်တော်တို့မပြုပြင်နိုင်ပါ။ သို့သော်၊ ဘုရားသခင်သည် အနာဂတ်ကို ပြောင်းလဲစေနိုင်ပါသည်။ အိမ်ထောင်ပြုခြင်းကို ရိုးသားစွာထားပြီး ဂရုစိုက်ပါ။ ခရစ်တော်ကို အဓိကထားပါ။ ထိုအခါ သူတစ်ပါးက အိပ်မက်နှင့် သာမြင်မက်ခဲ့သော အိမ်ထောင်ကို ရရှိလိမ့်မည်
အတူတကွဆုတောင်းကြပါစို့။ အိုဘုရားသခင်၊ ဤကျမ်းစာအစီအစဉ်၏ နောက်ဆုံးအချိန်ကို ကျွန်ုပ်၏ အိမ်ထောင်ရေးတွင် အသစ်ဖြစ်စေရန် အလိုတော်ရှိသည့်အရာ၏ အစဖြစ်စေတော်မူပါ။ ကျွန်ုပ်၏ အသက်တာတွင် ကိုယ်တော်၏ ဘုန်းတော်၊ ဂုဏ်တော်ကိုထင်ရှားစေနိုင်ရန်—ကျွန်ုပ်၏ အိမ်ထောင်ရေးအပါအဝင်—ကျွန်ုပ်အသက်တာ၏ ကဏ္ဍအသီးသီးတို့ကို ကိုယ်တော်အုပ်စိုးတော်မူပါ။ ကိုယ်တော်၏ မေတ္တာတော်၊ ကျေးဇူးတော်၊ ရွေးနုတ်တော်မူခြင်းနှင့် ကယ်တင်ခြင်းတို့ကို လောကီသားတို့အား ပြသနိုင်သည့်အိမ်ထောင်မျိုးကို လိုချင်ပါ၏။ ကိုယ်တော်ကို ရှာရင်း ကျွန်ုပ်တို့၏ အိမ်ထောင်တွင် အတူပါရှိလျက် ကျွန်ုပ်တို့နှစ်ဦးစလုံးတို့အား မျက်နှာသာပေးတော်မူပါ။ ကျွန်ုပ်တို့၏ ဆက်ဆံမှုတွင် ကိုယ်တော်ပြုတော်မူခဲ့သည့် အရာအားလုံးအတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၌သော်လည်းကောင်း၊ ကျွန်ုပ်တို့မှတစ်ဆင့်သော်လည်းကောင်း ကိုယ်တော်ဆက်လက်ပြုတော်မူမည့်အရာများကို ယုံကြည်လျက် ကျေးဇူးတော်ချီးမွမ်ပါ၏။ ယေရှု၏ နာမတော်၌ ဆုတောင်းပါ၏။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

မိတ်ဆွေသည် အလွန်ကောင်းသော အိမ်ထောင်ရေးအသက်တာကို ရရှိနိုင်ပါသည်။ ယနေ့ မိမိရွေးချယ်သောအရာသည် မိမိ၏ နက်ဖြန်နေ့အိမ်ထောင်ရေးအသက်တာကို ချမှတ်ပေးသည်။ သင်းအုပ်ဆရာဖြစ်ပြီး နယူးယောက်တိုင်းစ် (New York Times) တွင် ရောင်းအားအကောင်းဆုံးစာအုပ်၏ စာရေးဆရာဖြစ်သူ Craig Groeschel နှင့် သူ၏ ဇနီးသည်တို့က မိတ်ဆွေ၏ အိမ်ထောင်ရေးကို ဆုံးရှုံးမှုကင်းသော အိမ်ထောင်ရေးဖြစ်စေရန် ကတိကဝတ် (၅) ချက်ကို ပြသထားပါသည်။ ၎င်းတို့မှာ ဘုရားသခင်ကို ရှာပါ၊ မျှတစွာ ငြင်းခုံပါ၊ ပျော်ရွှင်မှုကို ခံစားပါ၊ ဖြူစင်မှုကို ထိန်းသိမ်းပါ၊ မည်သည့်အခါမျှ အရှုံးမပေးနှင့်ဟူ၍ ဖြစ်ကြသည်။ မိတ်ဆွေ အမြဲတောင့်တခဲ့သည့် အိမ်ထောင်ရေးကို ယခုပင်ရယူပါ—ယနေ့မှစ၍ အနာဂတ်သို့။
More
ဤအစီအစဉ်ရေးဆွဲခြင်းအတွက် သင်းအုပ်ဆရာကြီး Craig Groeschel နှင့် Life.Church ကို များစွာကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.zondervan.com/from-this-day-forward/ သွားရောက်ကြည့်ရှုပါ။