YouVersion လိုဂို
ရှာရန် အိုင်ကွန်

Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့နမူနာ

Craig & Amy Groeschel’s From This Day Forward

7 ၏ နေ့ 2

ဘုရားသခင်ကို ရှာပါ



ယခုခေတ်ယဉ်ကျေးမှုသည် အသင့်တော်ဆုံးသောသူကို ရှာရန် အကြံပေးတတ်သည်။ မိမိတို့အတွက် အသင့်တော်ဆုံးသောသူကို တွေ့ပြီး ထိုသူနှင့် အိမ်ထောင်ပြုလျှင် နောက်ပိုင်းအားလုံးအဆင်ပြေချောမွေ့နေလိမ့်မည် ဟုတ်ပါ့မလား။ သူတစ်ပါးအပေါ် ထိုသို့မျှော်လင့်ထားသည်မှာ အကျိုးသင့်အကြောင်းသင့်ဖြစ်သလား။ မိတ်ဆွေကိုယ်တိုင် မိမိအိမ်ထောက်ဖက်အတွက် အသင့်တော်ဆုံးသောသူဖြစ်ဖို့ တာဝန်ယူနိုင် မယူနိုင် စဉ်းစားကြည့်ပါ။ မိမိတာဝန်မယူနိုင်လျှင် ဘာကြောင့်သူတစ်ပါးအပေါ် ထိုသို့ဖြစ်စေရန် အတင်းမျှော်လင့်နေရသနည်း။ မိတ်ဆွေကို ပြည့်စုံစေနိုင်သောသူမှာ ဘုရားသခင်သာ ဖြစ်သည်။ မိတ််ဆွေသည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ပြီး အရာရာ၌ ကိုယ်တော်ကို ဦးထိပ်ထားရန် မိတ်ဆွေကို ကိုယ်တော်ဖန်ဆင်းတော်မူသည်။ ဘုရားသခင်သည် မိတ်ဆွေအတွက် ပထမအရေးကြီးဆုံးပုဂ္ဂိုလ်၊ မိမိ၏ အိမ်ထောင်ဖက်သည် ဒုတိယအရေးကြီးဆုံး ဖြစ်ရမည်။ မိမိနှင့် မိမိ၏ အိမ်ထောင်ဖက်နှစ်ဦးစလုံးသည် ဘုရားသခင်ကို အတူတကွ ရှာဖို့ စိတ်ဆုံးဖြတ်ကြသောအခါ မိတ်ဆွေတို့သည် စုံစမ်းခြင်းကို ကြံ့ကြံ့ခံနိုင်သောအခြေအမြစ်ပေါ် တွင်တည်ရှိသည့် အိမ်ထောင်ရေးအသက်တာကို တည်ထောင်နိုင်ပါသည်။

မိမိ၏ အိမ်ထောင်ဖက်အတွက် ပို၍ကောင်းသော အဖော်အဖက်ဖြစ်လာနိုင်ဖို့ ဘုရားသခင်ထံ တောင်းလျှောက်နိုင်သည့်အရာမှာ မိတ်ဆွေကိုယ်တိုင် အိမ်ထောင်ပြုလိုသည်ဟု မျှော်လင့်ထားသောသူမျိုး ဖြစ်လာနိုင်ရန် ဖြစ်သည်။ ပထမအရေးကြီးဆုံးပုဂ္ဂိုလ်ကို
ဒုတိယအရေးကြီးဆုံးသူနှင့်အတူ ရှာပါ။ မက်ဆေချ် နှင့် ဖုန်းတို့ဖြင့်ဖြစ်စေ၊ တိတ်ဆိတ်စွာ ဖြင့်ဖြစ်စေ နေ့စဉ်အတူတကွ ဆုတောင်းခြင်းဖြင့် စတင်ကြပါ။

အတူတကွ ဆုတောင်းကြပါစို့။ အို ဘုရားသခင်၊ ကိုယ်တော်ကို ဦးထိတ်ထားနိုင်ရန်နှင့် ကျွန်ုပ်တို့နှစ်ဦးလုံး အတူတကွ ကိုယ်တော်ကိုရှာနိုင်ရန် မစတော်မူပါ။ ကိုယ်တော်အပေါ်၌ အခြေပြုထားသည့် ဆက်ဆံမှုရှိခြင်းအားဖြင့် ခိုင်မာသောအိမ်ထောင်ရေးအခြေအမြစ်ကိုတည်စေနိုင်ရန် မစတော်မူပါ။ နေ့စဉ် ကျွန်ုပ်တို့နှစ်ဦးချိန်းချက်ထားသည့် အချိန်တွင် အတူတကွ ဆုတောင်းနိုင်ရန် မစတော်မူပါ။ ယေရှု၏ နာမတော်၌ ဆုတောင်းပါ၏။ အာမင်။
နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Craig & Amy Groeschel’s From This Day Forward

မိတ်ဆွေသည် အလွန်ကောင်းသော အိမ်ထောင်ရေးအသက်တာကို ရရှိနိုင်ပါသည်။ ယနေ့ မိမိရွေးချယ်သောအရာသည် မိမိ၏ နက်ဖြန်နေ့အိမ်ထောင်ရေးအသက်တာကို ချမှတ်ပေးသည်။ သင်းအုပ်ဆရာဖြစ်ပြီး နယူးယောက်တိုင်းစ် (New York Times) တွင် ရောင်းအားအကောင်းဆုံးစာအုပ်၏ စာရေးဆရာဖြစ်သူ Craig Groeschel နှင့် သူ၏ ဇနီးသည်တို့က မိတ်ဆွေ၏ အိမ်ထောင်ရေးကို ဆုံးရှုံးမှုကင်းသော အိမ်ထောင်ရေးဖြစ်စေရန် ကတိကဝတ် (၅) ချက်ကို ပြသထားပါသည်။ ၎င်းတို့မှာ ဘုရားသခင်ကို ရှာပါ၊ မျှတစွာ ငြင်းခုံပါ၊ ပျော်ရွှင်မှုကို ခံစားပါ၊ ဖြူစင်မှုကို ထိန်းသိမ်းပါ၊ မည်သည့်အခါမျှ အရှုံးမပေးနှင့်ဟူ၍ ဖြစ်ကြသည်။ မိတ်ဆွေ အမြဲတောင့်တခဲ့သည့် အိမ်ထောင်ရေးကို ယခုပင်ရယူပါ—ယနေ့မှစ၍ အနာဂတ်သို့။

More

ဤအစီအစဉ်ရေးဆွဲခြင်းအတွက် သင်းအုပ်ဆရာကြီး Craig Groeschel နှင့် Life.Church ကို များစွာကျေးဇူးတင်ပါသည်။ ပိုမိုသိရှိလိုပါက၊ http://www.zondervan.com/from-this-day-forward/ သွားရောက်ကြည့်ရှုပါ။