YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 6:1-12

ကမ္ဘာဦး 6:1-12 Judson Bible (JBMLE)

မြေ​ကြီး​မျက်​နှာ​ပေါ်​မှာ လူ​တို့​သည်​များ​ပြား၍ သ​မီး​များ​ကို​လည်း ရ​ကြ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​သား​တို့​သည် လူ​သ​မီး​တို့​လှ​ကြောင်း​ကို​မြင်၍၊ ကိုယ်​စိတ်​ရှိ​သည်​အ​တိုင်း စုံ​ဖက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ဝိ​ညာဉ်​သည် လူ​တို့​တွင်​အ​စဉ်​မ​ဆုံး​မ​ရ။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည်​အ​သား​ဖြစ်၏။ သူ၏​အ​သက်​တမ်း​သည်​လည်း၊ အ​နှစ်​တစ်​ရာ​နှစ်​ဆယ်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​ကာ​လ၌၊ မြေ​ကြီး​ပေါ်​မှာ ကိုယ်​ကြီး​မား​သော​သူ​အ​ချို့​ရှိ​ကြ၏။ ထို​နောက်၌​လည်း၊ ဘု​ရား​သ​ခင်၏​သား​တို့​သည်၊ လူ​သ​မီး​တို့​နှင့်​ဆက်​ဆံ​၍ ရ​သော​သား​တို့​သည်၊ အား​ကြီး​သော​သူ၊ ရှေး​ကာ​လ​မှ​စ၍၊ ကျော်​စော​သော​သူ ဖြစ်​ကြ၏။ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပြစ်​ကြီး၍၊ သူ၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​မ​ပြတ် ဆိုး​ညစ်​ခြင်း​သက်​သက်​ရှိ​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​သိ​မြင်​တော်​မူ​လျှင်၊ မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သည်​ကို နောင်​တ​ရ၍၊ နှ​လုံး​တော်​ပူ​ပန်​လျက် ရှိ​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ဖန်​ဆင်း​သော​လူ​ကို​လည်း​ကောင်း၊ လူ​မှ​စ၍ သား​များ၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​များ၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို​လည်​ကောင်း မြေ​ကြီး​မျက်​နှာ​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​ကို ဖန်​ဆင်း​သော​ကြောင့် ငါ​နောင်​တ​ရ​သည်​ဟု မိန့်​တော်​မူ​၏။ နော​ဧ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သ​တည်း။ နော​ဧ​အ​တ္ထု​ပ္ပ​တ္တိ​ဟူ​မူ​ကား၊ နော​ဧ​သည် ဖြောင့်​မတ်​သော​သူ၊ မိ​မိ​အ​မျိုး၌​စုံ​လင်​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၏။ နော​ဧ​သည်၊ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း​ဟူ​သော သား​သုံး​ယောက်​ကို မြင်​လေ​၏။ ထို​အ​ခါ မြေ​ကြီး​သည်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ပုပ်​စပ်​လျက်​ရှိ၏။ မြေ​ကြီး​သည် အ​ဓမ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။ ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ကို​ကြည့်​ရှု​သော​ခါ၊ ပုပ်​စပ်​လျက်​ရှိ​သည်​ကို မြင်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ဖောက်​ပြန်​ခြင်း​သို့ ရောက်​ကြ​ပြီ။

ကမ္ဘာဦး 6:1-12 Common Language Bible (BCL)

ထို​အ​ချိန်​ကာ​လ​၌​ကမ္ဘာ​အ​ရပ်​ရပ်​တွင် လူ​ဦး ရေ​များ​ပြား​လာ​၏။ လူ​တို့​၌​သ​မီး​များ​ဖွား မြင်​လာ​ကြ​၏။- အ​ထက်​ဘုံ​သား အ​ချို့​တို့​သည်​လူ​သ​မီး​များ​ရုပ်​အ​ဆင်း​လှ သည်​ကို​မြင်​၍ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ရွေး​ယူ စုံ​ဖက်​ကြ​၏။- ထာ​ဝ​ရ​ဘု​ရား​က​လည်း``လူ​သည်​သေ​မျိုး​ဖြစ် ၏။ အ​မြဲ​အ​သက်​ရှင်​နေ​ခွင့်​ကို​ငါ​မ​ပေး။ ယ​ခု မှ​စ​၍​လူ​၏​သက်​တမ်း​သည်​အ​နှစ်​တစ်​ရာ့​နှစ် ဆယ်​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။- ကမ္ဘာ​ပေါ်​တွင်​ထို​ကာ​လ​နှင့်​နောက်​ပိုင်း​ကာ​လ​၌ လူ​တို့​၏​သ​မီး​များ​နှင့်​အ​ထက်​ဘုံ​သား​တို့​မှ ပေါက်​ဖွား​လာ​သော​သူ​များ​ရှိ​ကြ​၏။ ထို​သူ​တို့ သည်​ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကြိုင်း​၍ ရှေး​ခေတ် အ​ခါ​က​နာ​မည်​ကျော်​လူ​စွမ်း​ကောင်း​များ ဖြစ်​ကြ​၏။ ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လူ​တို့​သည်​အ​လွန်​ဆိုး သွမ်း​၍ စိတ်​အ​ကြံ​အ​စည်​များ​လည်း​အ​စဉ် မိုက်​မဲ​လျက်​ရှိ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ မြင်​တော်​မူ​သော​အ​ခါ၊- လူ​ကို​ဖန်​ဆင်း​၍​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင် စေ​ခဲ့​ခြင်း​ကြောင့် စိတ်​မ​သာ​ဖြစ်​တော်​မူ​၏။- ကိုယ်​တော်​သည်​လွန်​စွာ​စိတ်​မ​သာ​ဖြစ်​တော်​မူ သ​ဖြင့် ``ငါ​ဖန်​ဆင်း​ခဲ့​သော​လူ​တို့​ကို ကမ္ဘာ​ပေါ် မှ​ငါ​သုတ်​သင်​ပစ်​မည်။ တိရစ္ဆာန်​နှင့်​ငှက်​တို့​ကို လည်း​ငါ​သုတ်​သင်​ပစ်​မည်။ သူ​တို့​ကို​ဖန်​ဆင်း မိ​၍ ငါ​သည်​စိတ်​တော်​မ​ချမ်း​မ​သာ​ဖြစ်​ရ ၏'' ဟု​မိန့်​တော်​မူ​၏။- နော​ဧ​သည်​ကား​ထာ​ဝ​ရ​ဘု​ရား​စိတ်​တော် နှင့်​တွေ့​သော​သူ​ဖြစ်​သ​တည်း။ နော​ဧ​အ​ကြောင်း​အ​ရာ​ကို​ဖော်​ပြ​ပေ​အံ့။ နော​ဧ​တွင်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ သူ​သည်​အ​ပြစ်​ကင်း​၍​ထို​ခေတ် လူ​အ​ပေါင်း​တို့​တွင် သူ​တစ်​ယောက်​တည်း​သာ လျှင်​သူ​တော်​ကောင်း​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍​သက်​ရှင်​နေ ထိုင်​၏။- အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ဆိုး​ယုတ်​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​အ​ကြမ်း​ဖက်​မှု​သည်​အ​ရပ်​ရပ်​သို့ ကူး​စက်​ပျံ့​နှံ့​လျက်​ရှိ​၏။- ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​ရှု တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့​သည်​အ​ကျင့် ပျက်​ဆိုး​ယုတ်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​တော် မူ​လေ​၏။

ကမ္ဘာဦး 6:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မြေပြင်​ပေါ်တွင် လူ​တို့​များပြား​စပြု​လာ​၍ သူ​တို့​၌ သမီး​များ​မွေးဖွား​လာ​ကြ​သောအခါ ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​အဆင်းလှ​သည်​ကို​မြင်​၍ မိမိ​တို့​ကြိုက်နှစ်သက်​သော​သူ မည်သူ့ကိုမဆို မိမိ​တို့​မယား​အဖြစ်​ယူ​ကြ​၏​။ ထိုအခါ ထာဝရဘုရား​က “​ငါ​၏​ဝိညာဉ်​သည် လူ​တွင်​ထာဝရ​တည်​မည်​မ​ဟုတ်​။ အကြောင်းမူကား လူ​သည် အသွေးအသား​ခန္ဓာ​သာ​ဖြစ်​သောကြောင့် လူ​၏​သက်တမ်း​သည် အနှစ်​တစ်ရာ့​နှစ်ဆယ်​ဖြစ်စေ​”​ဟု မိန့်​တော်မူ​၏​။ ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​ထံ​ဝင်​၍ ကလေး​များ​ကို​ရ​ကြ​သော​ကာလ​နှင့် ထို​ကာလ​၏​နောက်ပိုင်း​၌ မြေကြီး​ပေါ်တွင် ဧရာမလူ​များ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် ရှေးခေတ်​လူစွမ်းကောင်း​များ​၊ နာမည်​ကျော်စော​သူ​များ​ဖြစ်​ကြ​၏​။ မြေကြီး​ပေါ်တွင် လူ​၏​မကောင်းမှု​များပြား​၍ လူ့​စိတ်နှလုံး​၏​တွေးတော​ကြံစည်မှု​ရှိသမျှ​တို့​သည် အစဉ်အမြဲ​ဆိုးညစ်ခြင်း​သက်သက်​သာ​ဖြစ်ကြောင်း​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် လူ​ကို​ဖန်ဆင်း​ခဲ့​သည်​ကို ဝမ်းနည်း​၍ စိတ်နှလုံး​ထိခိုက်​တော်မူ​၏​။ ထို့ကြောင့် ထာဝရဘုရား​က “​ငါ​ဖန်ဆင်း​သော​လူ​ကို​လည်းကောင်း​၊ လူ​မှစ၍ တိရစ္ဆာန်​များ​၊ တွားသွားသောတိရစ္ဆာန်​များ​နှင့် မိုးကောင်းကင်​ငှက်​များ​ကို​လည်းကောင်း မြေပြင်​ပေါ်​မှ ငါ​သုတ်သင်ပယ်ရှင်း​မည်​။ အကြောင်းမူကား သူ​တို့​ကို ဖန်ဆင်း​ခဲ့​သည်​ကို ငါ​ဝမ်းနည်း​၏​”​ဟု မိန့်​တော်မူ​၏​။ သို့သော် နောဧ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မျက်နှာရ​သော​သူ​ဖြစ်​၏​။ နောဧ​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ နောဧ​သည် ဖြောင့်မတ်​သော​သူ​၊ သူ​၏​မျိုးဆက်​ထဲ၌ အပြစ်တင်စရာမရှိ​သော​သူ​ဖြစ်​၏​။ နောဧ​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။ နောဧ​သည် ရှေမ​၊ ဟာမ​၊ ယာဖက် ဟူသော​သား​သုံး​ယောက်​ကို​ရ​၏​။ ထို​အချိန်​၌ မြေကြီး​သည် ဘုရားသခင်​ရှေ့​တော်​၌ ယိုယွင်းပျက်စီး​လျက်​ရှိ​၏​။ မြေကြီး​သည် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ ဘုရားသခင်​သည် မြေကြီး​ကို​ကြည့်ရှု​သောအခါ ယိုယွင်းပျက်စီး​လျက်​ရှိ​သည်​ကို မြင်​တော်မူ​၏​။ အကြောင်းမူကား မြေကြီး​ပေါ်တွင် လူ​အပေါင်း​တို့​သည် အကျင့်စရိုက်​ယိုယွင်းပျက်စီး​လျက်​ရှိ​၏​။