မြေပြင်ပေါ်တွင် လူတို့များပြားစပြုလာ၍ သူတို့၌ သမီးများမွေးဖွားလာကြသောအခါ ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။ ထိုအခါ ထာဝရဘုရားက “ငါ၏ဝိညာဉ်သည် လူတွင်ထာဝရတည်မည်မဟုတ်။ အကြောင်းမူကား လူသည် အသွေးအသားခန္ဓာသာဖြစ်သောကြောင့် လူ၏သက်တမ်းသည် အနှစ်တစ်ရာ့နှစ်ဆယ်ဖြစ်စေ”ဟု မိန့်တော်မူ၏။ ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့ထံဝင်၍ ကလေးများကိုရကြသောကာလနှင့် ထိုကာလ၏နောက်ပိုင်း၌ မြေကြီးပေါ်တွင် ဧရာမလူများရှိကြ၏။ ထိုသူတို့သည် ရှေးခေတ်လူစွမ်းကောင်းများ၊ နာမည်ကျော်စောသူများဖြစ်ကြ၏။ မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် မြေကြီးပေါ်တွင် လူကိုဖန်ဆင်းခဲ့သည်ကို ဝမ်းနည်း၍ စိတ်နှလုံးထိခိုက်တော်မူ၏။ ထို့ကြောင့် ထာဝရဘုရားက “ငါဖန်ဆင်းသောလူကိုလည်းကောင်း၊ လူမှစ၍ တိရစ္ဆာန်များ၊ တွားသွားသောတိရစ္ဆာန်များနှင့် မိုးကောင်းကင်ငှက်များကိုလည်းကောင်း မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်။ အကြောင်းမူကား သူတို့ကို ဖန်ဆင်းခဲ့သည်ကို ငါဝမ်းနည်း၏”ဟု မိန့်တော်မူ၏။ သို့သော် နောဧသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရသောသူဖြစ်၏။ နောဧ၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ နောဧသည် ဖြောင့်မတ်သောသူ၊ သူ၏မျိုးဆက်ထဲ၌ အပြစ်တင်စရာမရှိသောသူဖြစ်၏။ နောဧသည် ဘုရားသခင်နှင့်အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက် ဟူသောသားသုံးယောက်ကိုရ၏။ ထိုအချိန်၌ မြေကြီးသည် ဘုရားသခင်ရှေ့တော်၌ ယိုယွင်းပျက်စီးလျက်ရှိ၏။ မြေကြီးသည် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ယိုယွင်းပျက်စီးလျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်တွင် လူအပေါင်းတို့သည် အကျင့်စရိုက်ယိုယွင်းပျက်စီးလျက်ရှိ၏။
ကမ္ဘာဦးကျမ်း 6 ကို ဖတ်ရှုရန်
နားထောင်ရန် ကမ္ဘာဦးကျမ်း 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦးကျမ်း 6:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ