YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 6

6
လူ​တို့​၏​ဆိုး​သွမ်း​ခြင်း
1မြေ​ကြီး​မျက်​နှာ​ပေါ်​မှာ လူ​တို့​သည်​များ​ပြား၍ သ​မီး​များ​ကို​လည်း ရ​ကြ​သော​အ​ခါ၊#ယော​ဘ၊ ၁:၆။ ၂:၁။ 2ဘု​ရား​သ​ခင်၏​သား​တို့​သည် လူ​သ​မီး​တို့​လှ​ကြောင်း​ကို​မြင်၍၊ ကိုယ်​စိတ်​ရှိ​သည်​အ​တိုင်း စုံ​ဖက်​ကြ၏။ 3ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ဝိ​ညာဉ်​သည် လူ​တို့​တွင်​အ​စဉ်​မ​ဆုံး​မ​ရ။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည်​အ​သား​ဖြစ်၏။ သူ၏​အ​သက်​တမ်း​သည်​လည်း၊ အ​နှစ်​တစ်​ရာ​နှစ်​ဆယ်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ 4ထို​ကာ​လ၌၊ မြေ​ကြီး​ပေါ်​မှာ ကိုယ်​ကြီး​မား​သော​သူ​အ​ချို့​ရှိ​ကြ၏။ ထို​နောက်၌​လည်း၊ ဘု​ရား​သ​ခင်၏​သား​တို့​သည်၊ လူ​သ​မီး​တို့​နှင့်​ဆက်​ဆံ​၍ ရ​သော​သား​တို့​သည်၊ အား​ကြီး​သော​သူ၊ ရှေး​ကာ​လ​မှ​စ၍၊ ကျော်​စော​သော​သူ ဖြစ်​ကြ၏။#တော၊ ၁၃:၃၃။
5မြေ​ကြီး​ပေါ်​မှာ လူ​အ​ပြစ်​ကြီး၍၊ သူ၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​သည် အ​စဉ်​မ​ပြတ် ဆိုး​ညစ်​ခြင်း​သက်​သက်​ရှိ​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​သိ​မြင်​တော်​မူ​လျှင်၊ 6မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သည်​ကို နောင်​တ​ရ၍၊ နှ​လုံး​တော်​ပူ​ပန်​လျက် ရှိ​တော်​မူ၏။ 7ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ဖန်​ဆင်း​သော​လူ​ကို​လည်း​ကောင်း၊ လူ​မှ​စ၍ သား​များ၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​များ၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို​လည်​ကောင်း မြေ​ကြီး​မျက်​နှာ​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သူ​တို့​ကို ဖန်​ဆင်း​သော​ကြောင့် ငါ​နောင်​တ​ရ​သည်​ဟု မိန့်​တော်​မူ​၏။ 8နော​ဧ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သ​တည်း။#မ၊ ၂၄:၃၇။ လု၊ ၁၇:၂၆။ ၁ ပေ၊ ၃:၂၀။
နော​ဧ​အ​ကြောင်း
9နော​ဧ​အ​တ္ထု​ပ္ပ​တ္တိ​ဟူ​မူ​ကား၊ နော​ဧ​သည် ဖြောင့်​မတ်​သော​သူ၊ မိ​မိ​အ​မျိုး၌​စုံ​လင်​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၏။#၂ ပေ၊ ၂:၅။ 10နော​ဧ​သည်၊ ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တည်း​ဟူ​သော သား​သုံး​ယောက်​ကို မြင်​လေ​၏။ 11ထို​အ​ခါ မြေ​ကြီး​သည်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ပုပ်​စပ်​လျက်​ရှိ၏။ မြေ​ကြီး​သည် အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။ 12ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ကို​ကြည့်​ရှု​သော​ခါ၊ ပုပ်​စပ်​လျက်​ရှိ​သည်​ကို မြင်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​ပေါ်​မှာ လူ​အ​ပေါင်း​တို့​သည် ဖောက်​ပြန်​ခြင်း​သို့ ရောက်​ကြ​ပြီ။
13ထို​အ​ခါ ဘု​ရား​သ​ခင်​သည်၊ နော​ဧ​အား မိန့်​တော်​မူ​သည်​ကား၊ သ​တ္တ​ဝါ​အ​ပေါင်း​တို့၏​အ​ဆုံး​သည် ငါ့​မျက်​မှောက်​တွင် ပေါ်​လာ​ပြီ။ သူ​တို့​ကြောင့် မြေ​ကြီး​သည် အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​စုံ​လေ၏။ အ​ကယ်​စင်​စစ် မြေ​ကြီး​နှင့်​တ​ကွ သူ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။ 14ဂေါ​ဖ​ရ​သစ်​သား​ဖြင့်၊ သင်္ဘော​ကို ကိုယ်​ဖို့​တည်​လုပ်​လော့။ အ​ထဲ၌​လည်း အ​ခန်း​များ​ကို​လုပ်​လော့။ အ​တွင်း၊ ပြင်၊ ပတ်​လည်​ကို ထင်း​ရှူး​စေး​နှင့် သုတ်​လော့။ 15လုပ်​ရ​မည်​ပုံ​ဟူ​မူ​ကား၊ သင်္ဘော​အ​လျား​အ​တောင်​သုံး​ရာ၊ အ​နံ​အ​တောင်​ငါး​ဆယ်၊ အ​မြင့်​အ​တောင်​သုံး​ဆယ်​ရှိ​စေ​ရ​မည်။ 16အ​ပေါ်၌​လည်း​အ​မိုး​ကို​လုပ်​ရ​မည်။ ထို​အ​မိုး​အ​ပေါ်​အ​လယ်​ချက်၌၊ ထိပ်​အုပ်​အ​နံ​တစ်​တောင်​အ​ကျယ် ရှိ​စေ​ရ​မည်။ သင်္ဘော​နံ​တစ်​ဖက်၌​လည်း တံ​ခါး​ကို​လုပ်​ရ​မည်။ အောက်​ဆင့်၊ အ​လယ်​ဆင့်၊ အ​ပေါ်​ဆင့်​ဟူ၍၊ သုံး​ဆင့်​ကို​လည်း ရှိ​စေ​ရ​မည်။ 17အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ ကောင်း​ကင်​အောက်​မှ ငါ့​ကိုယ်​တိုင်​ပယ်​ရှင်း​ခြင်း​ငှာ၊ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​စေ​သ​ဖြင့်၊ မြေ​ပေါ်​မှာ​ရှိ​သ​မျှ​တို့​သည် သေ​ရကြ​မည်။ 18သင်၌​မူ​ကား၊ ငါ့​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သင်​သည် သား၊ မ​ယား၊ ချွေး​မ​များ​နှင့်​တ​ကွ၊ သင်္ဘော​ထဲ​သို့​ဝင်​ရ​မည်။ 19အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​ထဲ​က၊ အ​ထီး​အ​မ၊ အ​စုံ​တို့​ကို​ယူ၍၊ သင်​နှင့်​အ​တူ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ သင်္ဘော​ထဲ​သို့ သွင်း​ရ​မည်။ 20ငှက်​လည်း​အ​မျိုး​အ​လိုက်၊ သား​လည်း​အ​မျိုး​အ​လိုက်၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​လည်း အ​မျိုး​အ​လိုက်၊ အ​ထီး​အ​မ၊ အ​စုံ​တို့​သည် အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ သင့်​ထံ​သို့ လာ​ကြ​လိမ့်​မည်။ 21ကိုယ်​စား​စ​ရာ​အ​ဖို့၊ တိ​ရ​စ္ဆာန်​တို့​စား​စ​ရာ​အ​ဖို့၊ စား​အပ်​သော အ​စာ​အ​မျိုး​မျိုး​ကို​ယူ၍ သို​ထား​ရ​မည်​ဟု၊ ဘု​ရား​သ​ခင် မှာ​ထား​တော်​မူ၏။ 22မှာ​ထား​တော်​မူ​သည်​အ​တိုင်း​လည်း နော​ဧ​ပြု​လေ၏။#ဟေဗြဲ၊ ၁၁:၇။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။