YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 1:20-40

တရားဟောရာ 1:20-40 Judson Bible (JBMLE)

ထို​အ​ခါ​ငါ​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော အာ​မော​ရိ​တောင်​သို့ သင်​တို့​သည်​ရောက်​ကြ​ပြီ။ သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို သင်​တို့​ရှေ့​မှာ ထား​တော်​မူ​ပြီ။ သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ တက်​သွား၍ သိမ်း​ယူ​ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ စိတ်​လည်း​မ​ပျက်​ကြ​နှင့်​ဟု ပြော​ဆို၏။ ထို​အ​ခါ သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ထံ​သို့​ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​ရှေ့၌ လူ​တို့​ကို​စေ​လွှတ်​ပါ​မည်။ သူ​တို့​သည် ထို​ပြည်​ကို​စူး​စမ်း​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​လမ်း​သို့​သွား​လျှင် အ​ဘယ်​မြို့​သို့​ရောက်​ရ​မည်​ကို ကြား​ပြော​ကြ​ပါ​လိမ့်​မည်​ဟု၊ လျှောက်​ဆို​သော​စ​ကား​ကို ငါ​နှစ်​သက်၍၊ သင်​တို့​တွင် တစ်​မျိုး​တစ်​ယောက်​စီ၊ လူ​ပေါင်း​တစ်​ကျိပ်​နှစ်​ယောက်​တို့​ကို ရွေး​ထား၏။ ထို​သူ​တို့​သည် တောင်​ပေါ်​သို့​လှည့်​သွား၍၊ ဧ​ရှ​ကော​လ​ချိုင့်​သို့​ရောက်​သ​ဖြင့် စူး​စမ်း​ကြ၏။ ထို​ပြည်၌​ရ​သော သစ်​သီး​ကို​ထမ်း၍ ဆောင်​ခဲ့​လျက်၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​သည် ကောင်း​သော​ပြည်​ဖြစ်၏​ဟု ကြား​ပြော​ကြ​သော်​လည်း၊ သင်​တို့​သည်​မ​သွား​ဘဲ၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို​ဆန်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​မုန်း၍ ဖျက်​ဆီး​ချင်​သော​ကြောင့်၊ အာ​မော​ရိ​လူ​တို့ လက်၌​အပ်​လို​သော​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​တ​ကား။ ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။ ထို​အ​ခါ​ငါ​က၊ မ​ထိတ်​လန့်​ကြ​နှင့်၊ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​မျက်​မှောက်၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ သင်​တို့​လိုက်​လာ​သော လမ်း​တစ်​လျှောက်​လုံး၊ ဤ​အ​ရပ်​တိုင်​အောင် အ​ဘ​သည် သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ချီ​ပိုက်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ခံ​ရာ တော၌​လည်း​ကောင်း၊ သင်​တို့​အ​ဖို့​ပြု​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဘက်၌ စစ်​ကူ​တော်​မူ​မည်​ဟု ဆို​သော်​လည်း၊ သင်​တို့​တဲ​စ​ခန်း​ချ​ရာ​အ​ရပ်​ကို​ရှာ၍ သင်​တို့​သွား​လ​တ္တံ့​သော​လမ်း​ကို ပြ​ခြင်း​ငှာ၊ ည​အ​ခါ မီး၌​လည်း​ကောင်း၊ နေ့​အ​ခါ မိုး​တိမ်၌​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ထို​အ​မှု၌ သင်​တို့​မ​ယုံ​ကြ​ပါ​တ​ကား။ သင်​တို့​စ​ကား​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား၍ အ​မျက်​တော်​ထွက်​လျက်၊ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု ငါ​ကျိန်​ဆို​သော​ပြည်​ကောင်း​ကို၊ ယေ​ဖု​န္နာ၏​သား ကာ​လက်​မှ​တစ်​ပါး၊ ဤ​ဆိုး​သော​လူ​မျိုး တစ်​စုံ​တစ်​ယောက်​မျှ ဆက်​ဆက်​မ​မြင်​ရ။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် မြင်​ရ၏။ သူ​နင်း​သော​ပြည်​ကို သူ​မှ​စ၍ သူ၏​သား​မြေး​တို့​အား ငါ​ပေး​မည်​ဟု ကျိန်​ဆို​တော်​မူ၏။ သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လည်း​အ​မျက်​တော်​ထွက်၍၊ သင်​သည် ထို​ပြည်​သို့​မ​ဝင်​စား​ရ။ သင့်​လက်​ထောက် နုန်၏​သား​ယော​ရှု​သည် ဝင်​စား​ရ​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​မွေ​ခံ​စေ​မည့်​သူ​ဖြစ်​သော​ကြောင့်၊ သူ့​ကို​အား​ပေး​လော့။ ရန်​သူ​လု​ယူ​ရာ​ဖြစ်​မည်​ဟု သင်​တို့​ဆို​သော​သူ​ငယ်​များ၊ ထို​အ​ခါ ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား​မ​သိ​နိုင်​သေး​သော သား​သ​မီး​များ​တို့​သည် ထို​ပြည်​ကို ဝင်​စား၍၊ ငါ​ပေး​သည်​အ​တိုင်း သိမ်း​ယူ​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ လှည့်၍ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။

တရားဟောရာ 1:20-40 Common Language Bible (BCL)

ငါ​က`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် က ငါ​တို့​အား​ပေး​တော်​မူ​မည့်​အာ​မော​ရိ တောင်​ကုန်း​ဒေ​သ​သို့​သင်​တို့​ယ​ခု​ရောက်​ရှိ ကြ​ပြီ။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည့်​အ​တိုင်း ချီ​တက်​၍​သိမ်း​ပိုက်​ကြ​လော့။ မ​ကြောက်​ကြ နှင့်။ တုံ့​နှေး​ခြင်း​မ​ရှိ​ကြ​နှင့်' ဟု​သင်​တို့​အား ပြော​ခဲ့​၏။ ``သို့​ရာ​တွင်​သင်​တို့​သည် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍`တိုင်း​ပြည်​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း လျက် မည်​သည့်​လမ်း​ဖြင့်​ချီ​တက်​ရ​မည်၊ မြို့ များ​၏​အ​နေ​အ​ထား​မည်​သို့​ရှိ​သည်​ကို ပြန် လည်​သ​တင်း​ပို့​နိုင်​ရန်​အ​ထောက်​တော်​များ ကို​စေ​လွှတ်​ကြ​ပါ​စို့' ဟူ​၍​အ​ကြံ​ပေး တင်​ပြ​ကြ​၏။'' ``ထို​အ​ကြံ​သည်​သင့်​မြတ်​သ​ဖြင့် ငါ​သည် တစ်​နွယ်​လျှင်​တစ်​ယောက်​ကျ​လူ​တစ်​ဆယ့် နှစ်​ယောက်​ကို​ရွေး​ခဲ့​၏။- သူ​တို့​သည်​တောင်​ကုန်း​ဒေသ​ကို​တက်​၍ ဧ​ရှ ကော​လ​ချိုင့်​သို့​တိုင်​အောင်​သွား​ပြီး​လျှင် ထို အ​ရပ်​၌​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း ကြ​၏။- သူ​တို့​သည်​ထို​အ​ရပ်​မှ​ထွက်​သော​သစ်​သီး အ​ချို့​ကို ငါ​တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​မည့်​ပြည်​သည် မြေ​သြ​ဇာ အ​လွန်​ထက်​သန်​ကြောင်း​ပြန်​ကြား​ကြ​၏။'' ``သို့​ရာ​တွင်​သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​လျက် ထို​ပြည်​ထဲ​သို့​မ​ဝင်​ဘဲ​နေ​ကြ​၏။- သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မုန်း​သ​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​လက် ဖြင့် ငါ​တို့​အား​သေ​စေ​ခြင်း​ငှာ​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။- ငါ​တို့​သည်​အ​ဘယ်​ကြောင့် ထို​ပြည်​သို့​သွား ရ​ပါ​မည်​နည်း။ ငါ​တို့​သည်​ကြောက်​ရွံ့​ပါ​၏။ ငါ​တို့​စေ​လွှတ်​လိုက်​သော​သူ​များ​ပြော​ကြား ချက်​အ​ရ ထို​ပြည်​သား​တို့​သည်​ငါ​တို့​ထက် ခွန်​အား​ကြီး​၍ အ​ရပ်​အ​မောင်း​လည်း​မြင့်​မား သည်။ သူ​တို့​သည်​မိုး​ထိ​အောင်​မြင့်​သော​မြို့​ရိုး အ​တွင်း​၌​နေ​ထိုင်​ကြ​သည်။ အ​လွန်​ထွား ကြိုင်း​သော​သူ​များ​ကို​တွေ့​မြင်​ခဲ့​ကြ​သည်' ဟူ​၍​သင်​တို့​ပြော​ဆို​ညည်း​ညူ​ကြ​သည်။ ``ထို​အ​ခါ ငါ​က​သင်​တို့​အား`ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည်​နှင့်​တော​ကန္တာ​ရ​၌​သင်​တို့​အား စောင့်​ရှောက်​ခဲ့​သည့်​နည်း​တူ ယ​ခု​လည်း​သင်​တို့ ကို​ဦး​ဆောင်​၍​သင်​တို့​ဘက်​၌​စစ်​ကူ​တိုက်​တော် မူ​လိမ့်​မည်။ အ​ဖ​က​သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ချီ​ပိုက်​လျက် ဤ​အ​ရပ်​သို့​ရောက်​ရှိ​သည့်​တိုင်​အောင်​ပို့​ဆောင် တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​မြင်​ရ​ကြ​ပြီ' ဟူ​၍​ပြော​ခဲ့​သည်။- ယင်း​သို့​ငါ​ပြော​သော်​လည်း သင်​တို့​သည်​ည အ​ချိန်​၌​မီး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ နေ့ အ​ချိန်​၌​မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း သင် တို့​ကို​ရှေ့​က​ကြွ​သွား​၍​လမ်း​ပြ​လျက် သင်​တို့ စ​ခန်း​ချ​ရာ​နေ​ရာ​ကို​ရှာ​ပေး​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​အား​မ​ယုံ​ကြည်​မ​ကိုး စား​ကြ။'' ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ညည်း​ညူ သံ​ကို​ကြား​ရ​သော​အ​ခါ​အ​မျက်​ထွက်​လျက် အ​လေး​အ​နက်​ကြေ​ညာ​တော်​မူ​၏။- ကိုယ်​တော်​က`သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး မည်​ဟူ​၍​က​တိ​ထား​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​သို့ ဆိုး​ယုတ်​သော​ဤ​လူ​မျိုး​ဆက်​ထဲ မှ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ဝင်​ရ။- ယေ​ဖုန္နာ​၏​သား​ကာ​လက်​တစ်​ဦး​တည်း​သာ​ထို ပြည်​သို့​ဝင်​ရ​မည်။ သူ​သည်​ငါ့​အား​သစ္စာ​ရှိ​သူ ဖြစ်​၍​သူ​ထောက်​လှမ်း​ခဲ့​သော​ပြည်​ကို​သူ​နှင့်​သူ ၏​အ​ဆက်​အ​နွယ်​တို့​အား​ငါ​ပေး​မည်' ဟု​မိန့် တော်​မူ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ကြောင့်​ငါ့ ကို​လည်း​အ​မျက်​တော်​ထွက်​လျက် ငါ့​အား`သင် ကိုယ်​တိုင်​ပင်​လျှင်​ထို​ပြည်​သို့​မ​ဝင်​ရ။- သင်​၏​လက်​ထောက်​ဖြစ်​သူ​နုန်​၏​သား​ယော​ရှု မူ​ကား​ထို​ပြည်​သို့​ဝင်​ရ​မည်။ ယောရှု​ကို​အား​ပေး လော့။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ခေါင်း​ဆောင်​၍​ထို​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။'' ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ​တို့​အား`သင် တို့​က​ရန်​သူ​၏​လက်​တွင်း​သို့​ကျ​ရောက်​မည် ဟု​ဆို​သော​က​လေး​များ၊ တစ်​နည်း​အား​ဖြင့် အ​မှား​အ​မှန်​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​သေး သော​သင်​တို့​၏​က​လေး​များ​သည် ထို​ပြည် သို့​ဝင်​ရောက်​ကြ​လိမ့်​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​အား​ပေး​သ​ဖြင့်​သူ​တို့​သိမ်း​ယူ ကြ​လိမ့်​မည်။- သင်​တို့​မူ​ကား​လှည့်​၍​အာ​ကာ​ဘာ​ပင်​လယ် ကွေ့​သို့​ဦး​တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန် ကြ​လော့' ဟု​မိန့်​တော်​မူ​၏။''

တရားဟောရာ 1:20-40 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ငါ​က သင်​တို့​အား ‘​ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော အာမောရိ​တောင်ပေါ်ဒေသ​သို့ သင်​တို့​ရောက်​ကြ​ပြီ​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို သင်​တို့​ထံ အပ်​တော်မူ​ပြီ​။ သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သွား​၍​သိမ်းပိုက်​လော့​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​’​ဟု ဆို​၏​။ ထိုအခါ သင်​တို့​အားလုံး ငါ့​ထံသို့​ချဉ်းကပ်​၍ ‘​အကျွန်ုပ်​တို့​အလျင် လူ​ကို​စေလွှတ်​၍ ထို​ပြည်​ကို စူးစမ်း​စေ​ပါ​။ သို့မှသာ ထို​သူ​တို့​သည် အကျွန်ုပ်​တို့​သွား​ရ​မည့်​လမ်း​၊ ရောက်​ရ​မည့်​မြို့​အကြောင်း​ကို အကျွန်ုပ်​တို့​အား ပြန်​ပြောပြ​နိုင်​ပါ​မည်​’​ဟု သင်​တို့ ဆို​ကြ​၏​။ ငါ​သည် ထို​စကား​ကို​နှစ်သက်​သဘောကျ​သဖြင့် သင်​တို့​ထဲမှ မျိုးနွယ်​တစ်​နွယ်​လျှင် တစ်​ယောက်​ကျ လူ​တစ်ဆယ့်​နှစ်​ယောက်​ကို ရွေးယူ​၏​။ ထို​သူ​တို့​သည် တောင်ပေါ်ဒေသ​သို့ တက်သွား​ပြီး ဧရှကောလ​ချိုင့်ဝှမ်း​သို့​ရောက်​၍ ထို​ပြည်​ကို စူးစမ်း​ကြ​၏​။ သူ​တို့​သည် ထို​ပြည်​မှ​ယူလာ​သော​အသီး​အချို့​ကို ငါ​တို့​ထံသို့ ယူ​ဆောင်လာ​ပြီးလျှင် ‘​အကျွန်ုပ်​တို့​အား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သည် သာယာဝပြော​သော​ပြည်​ဖြစ်​ပါ​၏​’​ဟု အစီရင်ခံ​ကြ​၏​။ သို့သော် သင်​တို့​သည် မ​သွား​လို​သဖြင့် သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​ကြ​၏​။ သင်​တို့​သည် မိမိ​တို့​၏​တဲ​များ​၌ ညည်းတွား​ကြ​လျက် ‘​ထာဝရဘုရား​သည် ငါ​တို့​ကို​မုန်းတီး​သောကြောင့် အာမောရိ​လူမျိုး​တို့​၏​လက်​သို့​အပ်​ခြင်း​ဖြင့် ငါ​တို့​ကို ဖျက်ဆီး​ဖို့ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ပါ​သည်​တကား​။ ငါ​တို့​သည် မည်သည့်​အရပ်​သို့​သွား​နေ​ကြ​သနည်း​။ ညီအစ်ကို​တို့​က “ထို​ပြည်သား​တို့​သည် အကျွန်ုပ်​တို့​ထက်​ကိုယ်ခန္ဓာ​ကြီးမား​၍​အရပ်​မြင့်​ကြ​၏​။ မြို့​များ​သည်​လည်း ကြီးမား​၍ မြို့ရိုး​တို့​သည် မိုး​ထိ​မြင့်​၏​။ ထိုမျှမက အာနက​အမျိုး​တို့​ကို​လည်း ထို​နေရာ​၌ အကျွန်ုပ်​တို့​တွေ့မြင်​ရ​ပါ​၏”​ဟု ဆို​လျက် ငါ​တို့​ကို စိတ်ပျက်အားလျော့​စေ​ပြီ​’​ဟု ဆို​ကြ​၏​။ ငါ​သည် သင်​တို့​အား ‘​မ​ထိတ်လန့်​ကြ​နှင့်​။ ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်​။ သင်​တို့​ရှေ့​မှ​ကြွ​တော်မူ​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ သင်​တို့​မျက်မှောက်​တွင် သင်​တို့​အဖို့​ပြု​ပေး​သကဲ့သို့​၊ ဤ​အရပ်​သို့ သင်​တို့​ရောက်​သည့်​တိုင်အောင် သင်​တို့​သွား​သည့်​လမ်းခရီး​တစ်လျှောက်​တွင် ဖခင်​သည် သား​ကို​ချီပိုး​သကဲ့သို့ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ကို မည်ကဲ့သို့​ချီပိုး​တော်မူ​ခဲ့​ကြောင်း​ကို တောကန္တာရ​၌​သင်​တို့​တွေ့မြင်​ခဲ့​ရ​သကဲ့သို့ ထာဝရဘုရား​သည် သင်​တို့​အဖို့ စစ်တိုက်​တော်မူ​လိမ့်မည်​’​ဟု ဆို​၏​။ ထိုသို့​ဆို​သော်လည်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို သင်​တို့​မ​ယုံကြည်​ကြ​။ ဘုရားသခင်​သည် လမ်းခရီး​၌ သင်​တို့​ရှေ့​မှ​ကြွ​လျက် သင်​တို့​စခန်းချ​ဖို့​နေရာ​ကို စူးစမ်း​တော်မူ​၍ သင်​တို့​သွား​ရ​မည့်​လမ်း​ကို ညအချိန်​၌ မီး​အားဖြင့်​၊ နေ့အချိန်​၌ မိုးတိမ်​အားဖြင့် ပြ​ပေး​တော်မူ​ခဲ့​၏​။ သင်​တို့​၏​စကား​သံ​ကို ထာဝရဘုရား​ကြား​သောအခါ အမျက်ထွက်​တော်မူ​၍ ‘​ထို​ပြည်​ကို သင်​တို့​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း ထို​သာယာဝပြော​သော​ပြည်​ကို ဆိုးညစ်​သော​မျိုးဆက်​ဖြစ်​သည့် ဤ​လူ​တို့​တစ်ယောက်မျှ​မြင်​ရ​လိမ့်မည်​မ​ဟုတ်​။ သို့သော် ယေဖုန္နာ​၏​သား ကာလက်​သည် ထာဝရဘုရား​နောက်သို့​လုံးလုံး​လိုက်​သောကြောင့် ထို​ပြည်​ကို သူ​မြင်​ရ​မည်​။ သူ​ခြေချ​သော​မြေ​ကို သူ​နှင့်​သူ​၏​သားမြေး​တို့​အား ငါ​ပေး​မည်​’​ဟု ကျိန်ဆို​တော်မူ​၏​။ သင်​တို့​ကြောင့် ထာဝရဘုရား​သည် ငါ့​ကို​လည်း အမျက်ထွက်​တော်မူ​၍ ‘​သင်​သည်​လည်း ထို​ပြည်​သို့ ဝင်​ရ​မည်​မ​ဟုတ်​။ သင့်​ရှေ့​၌​ရပ်​နေ​သော နုန်​၏​သား ယောရှု​မူကား ထို​ပြည်​သို့​ဝင်​ရ​လိမ့်မည်​။ သူ့​အားဖြင့် အစ္စရေး​လူမျိုး​တို့ ထို​ပြည်​ကို အမွေဆက်ခံ​ရ​မည်​ဖြစ်၍ သူ့​ကို အားပေး​လော့​။ လုယူဖျက်ဆီး​ခြင်း​ခံရ​ကြ​လိမ့်မည်​ဟု သင်​တို့​ဆို​ခဲ့​သော သင်​တို့​၏​ကလေး​များ​၊ ယခု​အချိန်​တွင် အကောင်း​အဆိုး​ကို​မ​သိ​သေး​သော သင်​တို့​၏​သားသမီး​များ​သည် ထို​ပြည်​သို့ ဝင်​ရ​လိမ့်မည်​။ ငါ​သည် ထို​ပြည်​ကို သူ​တို့​အား​ပေး​၍ သူ​တို့​သည် ထို​ပြည်​ကို ပိုင်ဆိုင်​ရ​လိမ့်မည်​။ သင်​တို့​မူကား ပြန်လှည့်​ပြီး ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကြ​လော့​’​ဟု မိန့်​တော်မူ​၏​။