YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 9

9
ဘု​ရား​သ​ခင်​၏လူ​စု​တော်
1ငါ့​ကိုယ်​ကို​ကိုယ်​သိ​သော​စိတ်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​တ​ကွ ငါ့​ဘက်၌ သက်​သေ​ခံ​လျက်၊ ငါ​သည် မု​သား​မ​ပါ၊ ခ​ရစ်​တော်​ရှေ့၌ မှန်​ကန်​စွာ ပြော​သည်​ကား၊- 2ငါ​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ၏။ စိတ်​နှ​လုံး​ထဲ၌ မ​ခြား​မ​လပ် ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ရှိ၏။- 3အ​ကြောင်း​မူ​ကား၊ ဇာ​တိ​အား​ဖြင့် ငါ့​အ​မျိုး​သား​ချင်း​ဖြစ်​သော ငါ့​ညီ​အစ်​ကို​တို့​အ​တွက်၊ ငါ​သည် ကိုယ်​တိုင် ခ​ရစ်​တော်​နှင့်​ခွာ၍ ကျိန်​ခြင်း​ကို ခံ​ချင်​လောက်​အောင် စိတ်​ရှိ၏။- 4ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​ဖြစ်၍၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​နှင့်​လည်း​ကောင်း၊ ဘုန်း​အာ​နု​ဘော်​တော်​နှင့်​လည်း​ကောင်း၊ ပ​ဋိ​ညာဉ်​တ​ရား​တို့​နှင့်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ထား​ခြင်း​နှင့်​လည်း​ကောင်း၊ ဝတ်​ပြု​ခြင်း​နှင့်​လည်း​ကောင်း၊ က​တိ​တော်​တို့​နှင့်​လည်း​ကောင်း၊ ဆိုင်​ကြ၏။- 5ဘိုး​ဘေး​များ​တို့​နှင့် ဆက်​နွယ်​သော​သူ​လည်း ဖြစ်​ကြ၏။ ခ​ရစ်​တော်​သည်​လည်း၊ ဇာ​တိ​အ​မျိုး​အား​ဖြင့် ထို​သူ​တို့၏​အ​မျိုး ဖြစ်​တော်​မူ၏။ ထို​ခ​ရစ်​တော်​သည်​လည်း ခပ်​သိမ်း​သော​အ​ရာ​တို့​ကို အ​စိုး​ရ​တော်​မူ၍ ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ အာ​မင်။
6ထို​သို့​ဆို​သော် ဘု​ရား​သ​ခင်၏ က​တိ​တော်​မ​တည်​ဟု ငါ​မ​ဆို​လို။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​နှင့် ဆက်​နွယ်​သော သူ​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​လူ​မှန် မ​ဟုတ်။- 7ထို​နည်း​တူ အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန် မ​ဟုတ်။ ဣ​ဇာက်၌​သာ သင်၏​အ​မျိုး တည်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။-#က၊ ၂၁:၁၂။ 8ထို​ကြောင့်၊ ဇာ​တိ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​သား​မှန် မ​ဟုတ်။ က​တိ​တော်​နှင့်​ဆိုင်​သော သား​တို့​သည် အ​မျိုး​အ​နွယ်​မှန်​သည်​ဟု မှတ်​တော်​မူ၏။- 9က​တိ​တော်​အ​ချက်​ဟူ​မူ​ကား၊ ယ​ခု​မှ​စ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ ငါ​လာ၍ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု လာ​သ​တည်း။-#က၊ ၁၈:၁၀။ 10ထို​မျှ​မ​က၊ ရေ​ဗ​က္က​သည် ငါ​တို့​အ​ဘ​ဣ​ဇာက်​နှင့် စုံ​ဖက်၍ ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​သော​အ​ခါ၊- 11ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​ခြင်း​နှင့် ယှဉ်​သော​အ​ကြံ​တော်​သည် အ​ကျင့်​အား​ဖြင့် မ​တည်၊ ခေါ်​တော်​မူ​သော​သူ၏ အ​လို​တော်​အား​ဖြင့် တည်​မည်​အ​ကြောင်း၊ သား​မ​ဖွား​မီ၊ ထို​သား​တို့​သည် ကောင်း​သော​အ​ကျင့်၊ မ​ကောင်း​သော​အ​ကျင့်​ကို မ​ကျင့်​မီ၊- 12သား​အ​ကြီး​သည် သား​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု ထို​မိန်း​မ​အား ဗျာ​ဒိတ်​ပေး​တော်​မူ၏။-#က၊ ၂၅:၂၃။ 13ထို​သို့​နှင့်​အ​ညီ၊ ယာ​ကုပ်​ကို​ငါ​ချစ်၏။ ဧ​သော​ကို​မုန်း၏​ဟု ကျမ်း​စာ​လာ​သ​တည်း။#မာ​လ၊ ၁:၂-၃။
14သို့​ဖြစ်၍၊ အ​ဘယ်​သို့ ပြော​ရ​မည်​နည်း။ ဘု​ရား​သ​ခင်​သည် မ​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​သ​လော။ ထို​သို့​မ​ပြော​ရ။- 15ဘု​ရား​သ​ခင်​က၊ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်​ဟု မော​ရှေ​ကို မိန့်​တော်​မူ၏။-#ထွ၊ ၃၃:၁၉။ 16ထို​ကြောင့်၊ လို​ချင်​သော​သူ​သည် တတ်​နိုင်​သည် မ​ဟုတ်။ ပြေး​သော​သူ​သည်​လည်း တတ်​နိုင်​သည်​မ​ဟုတ်။ ကျေး​ဇူး​ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။- 17ကျမ်း​စာ၌ ဖာ​ရော​ဘု​ရင်​ကို​ဆို​သည်​ကား၊ ငါ့​တန်​ခိုး​ကို သင်၌ ငါ​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​နာ​မ​ကို မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ကျော်​စော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို ချီး​မြှောက်​ခဲ့​ပြီ​ဟု ဆို​သ​တည်း။-#ထွ၊ ၉:၁၆။ 18ထို​သို့​နှင့်​အ​ညီ၊ ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ခိုင်​မာ​စေ​လို​သော သူ​ကို​လည်း ခိုင်​မာ​စေ​တော်​မူ၏။
အ​မျက်​တော်​နှ​င့်​က​ရု​ဏာ​တော်
19သို့​ဖြစ်​လျှင်၊ ဘု​ရား​သ​ခင်​သည် အ​ဘယ်​ကြောင့် အ​ပြစ်​တင်​တော်​မူ​သေး​သ​နည်း။ အ​ဘယ်​သူ​သည် အ​လို​တော်​ကို ဆီး​တား​ဖူး​သ​နည်း​ဟု ဆို​မည်​လော။- 20ဘု​ရား​သ​ခင်​ကို ငြင်း​ဆန်​သော အ​ချင်း​လူ၊ သင်​သည်​ကား အ​ဘယ်​သူ​နည်း။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​အား၊ အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​လုပ်​သ​နည်း​ဟု ဆို​ရ​မည်​လော။-#ဟေ​ရှာ၊ ၂၉:၁၆၊ ၄၅:၉။ 21အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို ပိုင်​သည် မ​ဟုတ်​လော။ အိုး​မြေ​တစ်​ပုံ​တည်း​နှင့် အိုး​မြတ်၊ အိုး​ယုတ်​ကို လုပ်​ပိုင်​သည်​မ​ဟုတ်​လော။- 22ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မျက်​တော်​ကို​ပြ၍၊ တန်​ခိုး​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျက်၊ ပျက်​စီး​ခြင်း​အ​ဖို့ ပြင်​ဆင်​သော အ​မျက်​ခံ​ရာ​အိုး​များ​တို့​ကို အ​လွန်​သည်း​ခံ​ခြင်း​ခ​န္တီ​နှင့် သည်း​ခံ​တော်​မူ​သည် မှန်​လျှင် အ​ဘယ်​ပြော​ဖွယ်​ရှိ​အံ့​နည်း။- 23ချီး​မြှောက်​ခြင်း​အ​ဖို့ ပြင်​ဆင်​တော်​မူ​နှင့်​သော က​ရု​ဏာ​ခံ​ရာ အိုး​များ​တည်း​ဟူ​သော၊- 24ယု​ဒ​အ​မျိုး​သား​တို့​အ​ထဲ​မှ​သာ​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​တို့​အ​ထဲ​မှ ပ​ရော​ဖက်​ဟော​ရှေ​ဆို​သည်​အ​တိုင်း ခေါ်​တော်​မူ​သော ငါ​တို့၌ ဘုန်း​အာ​နု​ဘော်​တော် ကြွယ်​ဝ​ခြင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ ပြု​တော်​မူ​သည် မှန်​လျှင်၊ အ​ဘယ်​ပြော​ဖွယ်​ရှိ​အံ့​နည်း။- 25ဟော​ရှေ၏​ကျမ်း​စာ၌ လာ​သည်​ကား၊ ငါ၏ လူ​မ​ဟုတ်​သော​သူ​ကို ငါ၏​လူ​ဟူ၍ ငါ​ခေါ်​မည်။ မ​ချစ်​သော သ​တို့​သ​မီး​ကို​လည်း အ​ချစ်​ဟူ၍ ငါ​ခေါ်​မည်။-#ဟော၊ ၂:၂၃။ 26သင်​တို့​သည် ငါ၏​လူ​မ​ဟုတ်​ဟု ပြော​ဆို​ရာ​အ​ရပ်၌ နေ​သော​သူ​တို့​သည်၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​သား​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု လာ​သ​တည်း။-#ဟော၊ ၁:၁၀။ 27ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရည်​မှတ်၍ ကြွေး​ကြော်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှ​င့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-#ဟေ​ရှာ၊ ၁၀:၂၂-၂၃။ 28အ​မှု​တော်​ကို တ​ရား​သ​ဖြင့် ပြီး​စီး​စေ​ခြင်း​ငှာ ဆုံး​ဖြတ်​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ပေါ်​မှာ ဆုံး​ဖြတ်​တော်​မူ​သော​အ​မှု​ကို ပြု​တော်​မူ​လိမ့်​မည်​ဟု ဆို​သ​တည်း။- 29ထို​သို့​နှင့်​အ​ညီ၊ ဟေ​ရှာ​ယ​သည် အ​ထက်​က ဆို​ပြန်​သည်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ မျိုး​စေ့​ကို ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။#ဟေ​ရှာ၊ ၁:၉။
ဣ​သ​ရေ​လ​တို့၏​မ​ယုံ​ကြည်​ခြင်း
30ထို​ကြောင့်၊ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း ဟူ​မူ​ကား၊ ဖြောင့်​မတ်​ခြင်း​ကို မီ​အောင်​မ​လိုက်​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ဖြောင့်​မတ်​ခြင်း​ကို မီ​ကြ၏။ ထို​သို့​ဆို​သော်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် မီ​သော ဖြောင့်​မတ်​ခြင်း​ကို ဆို​လို​သ​တည်း။- 31ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မီ​အောင်​လိုက်​သော ဣ​သ​ရေ​လ​လူ​တို့​မူ​ကား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​မီ​ကြ။- 32အ​ဘယ်​ကြောင့် မ​မီ​ကြ​သ​နည်း။ ယုံ​ကြည်​ခြင်း​အား​ဖြင့် မ​လိုက်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့်​သာ လိုက်​ကြ​သ​တည်း။- 33ကျမ်း​စာ၌​လာ​သည်​ကား၊ ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း မ​ရှိ​နိုင်​ရာ​ဟု​လာ​သည်​နှင့် အ​ညီ၊ ထို​ကျောက်​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ထိ​မိ၍ လဲ​ကြ၏။#ဟေ​ရှာ၊ ၂၈:၁၆။

လက်ရှိရွေးချယ်ထားမှု

ရောမ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ