YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 10

10
1ညီ​အစ်​ကို​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​စေ​တ​နာ​အ​လို​ရှိ၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လေ့​ရှိ၏။- 2ထို​သူ​တို့​သည် မှန်​သော​ပ​ညာ​မ​ရှိ​သော်​လည်း၊ ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​ဟု သူ​တို့​အ​ဖို့ ငါ​သက်​သေ​ခံ၏။- 3ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​သိ​ဘဲ၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​ကို တည်​စေ​ခြင်း​ငှာ ရှာ​ကြံ​သော​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဝန်​မ​ခံ​ကြ။- 4ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​အား​ဖြင့် စုံ​လင်​ခြင်း​ရှိ၏။
လူ​သား​အ​တွက်​ကယ်​တင်​ခြင်း
5မော​ရှေ​က​လည်း၊ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ပ​ညတ်​တ​ရား​နှင့်​စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ရည်​မှတ်၍ ရေး​ထား​သ​တည်း။-#ဝတ်၊ ၁၈:၅။ 6ယုံ​ကြည်​ခြင်း​နှင့်​စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​တ​ရား ဆို​သည်​ကား၊- 7ကောင်း​ကင်​သို့ အ​ဘယ်​သူ​တက်​လိမ့်​မည်​နည်း။ နက်​နဲ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဆင်း​လိမ့်​မည်​နည်း​ဟု စိတ်​ထဲ​မှာ မ​အောက်​မေ့​နှင့်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ခ​ရစ်​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ ကောင်း​ကင်​သို့ အ​ဘယ်​သူ တက်​လိမ့်​မည်​နည်း။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ နက်​နဲ​ရာ​ထဲ​သို့ အ​ဘယ်​သူ ဆင်း​လိမ့်​မည်​နည်း​ဟု ဆို​လို​သ​တည်း။- 8တစ်​ဖန်​ဆို​သည်​ကား၊ တ​ရား​တော်​သည် သင်​နှင့်​နီး၏။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သင်၏​နှ​လုံး၌​လည်း​ကောင်း ရှိ​သည်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ငါ​တို့​ဟော​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ဆို​လို​သ​တည်း။-#တ​ရား၊ ၃၀:၁၂-၁၄။ 9အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​သည် သ​ခင်​ယေ​ရှု​ကို နှုတ်​ဖြင့်​ဝန်​ခံ၍၊ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု စိတ်​နှ​လုံး​ထဲ၌ ယုံ​ကြည်​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။- 10ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။- 11ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ နှုတ်​ဖြင့်​ဝန်​ခံ​ရ၏။ ကျမ်း​စာ​လာ​သည်​ကား၊ ထို​ကျောက်​ကို အ​မှီ​ပြု​သော သူ​မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။-#ဟေ​ရှာ၊ ၂၈:၁၆။ 12ယု​ဒ​အ​မျိုး၊ ဟေ​လ​သ​အ​မျိုး​ကို​မ​ရွေး၊ လူ​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော အ​ရှင်​တစ်​ပါး​တည်း​ရှိ၍၊ ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​အ​ပေါင်း​တို့၌ ကျေး​ဇူး​ကြွယ်​ဝ​တော်​မူ၏။- 13အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။#ယော​လ၊ ၂:၃၂။
14သို့​ရာ​တွင်၊ မ​ယုံ​ကြည်​လျှင် အ​ဘယ်​သို့ ပ​တ္ထ​နာ​ပြု​နိုင်​မည်​နည်း။ သ​တင်း​မ​ကြား​လျှင် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။ ဟော​ပြော​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။- 15လူ​ကို မ​စေ​လွှတ်​လျှင် အ​ဘယ်​သို့ ဟော​ပြော​နိုင်​မည်​နည်း။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း၊ ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော သူ၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား​ဟု လာ​သ​တည်း။-#ဟေ​ရှာ၊ ၅၂:၇။ 16သို့​သော်​လည်း၊ လူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို နား​ထောင်​ကြ​သည်​မ​ဟုတ်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စ​ကား​ဟူ​မူ​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့ ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း​ဟု ဆို၏။-#ဟေ​ရှာ၊ ၅၃:၁။ 17သို့​ဖြစ်၍၊ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့် ဖြစ်၏။ ကြား​နာ​ခြင်း​သည်​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​အား​ဖြင့် ဖြစ်၏။- 18သို့​ရာ​တွင် လူ​အ​ပေါင်း​တို့​သည် မ​ကြား​ရ​ကြ​ပြီ​လော။ အ​မှန်​ကြား​ရ​ကြ​ပြီ။ သူ​တို့၏​အ​သံ​သည် မြေ​တစ်​ပြင်​လုံး၌ နှံ့​ပြား၍၊ သူ​တို့၏​စ​ကား​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ရောက်​လေ​ပြီ​ဟု ငါ​ဆို၏။-#ဆာ၊ ၁၉:၄။ 19တစ်​ဖန် ငါ​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​လူ​တို့​သည် ဤ​အ​မှု​ကို မ​သိ​ကြ​သ​လော။ မော​ရှေ​က၊ မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သင်​တို့​သည် ငြူ​စူ​သော​စိတ် ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ညာ​မ​ရှိ​သော​လူ​မျိုး​အား​ဖြင့် စိတ်​ဆိုး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ပြု​မည်​ဟု ရှေ့​ဦး​စွာ​ဆို၏။-#တ​ရား၊ ၃၂:၂၁။ 20ဟေ​ရှာ​ယ​သည် သာ၍ ရဲ​ရင့်​စွာ​ဆို​သည်​ကား၊ ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ရ​ကြ၏။ ငါ၏​အ​ကြောင်း​ကို မ​မေး​မြန်း​သော​သူ​တို့၌ ငါ​ထင်​ရှား​သည်​ဟု ဆို၏။-#ဟေ​ရှာ၊ ၆၅:၁။ 21ဣ​သ​ရေ​လ​လူ​တို့​ကို ရည်​မှတ်၍ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နား​မ​ထောင် ငြင်း​ဆန်​တတ်​သော လူ​မျိုး​သို့ တစ်​နေ​လုံး​ငါ​သည် လက်​ဝါး​ကို ဖြန့်​ရ​ပြီ​ဟု ဆို​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ရောမ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။