YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 15

15
1ဖြည်း​ညင်း​သော စ​ကား​သည် စိတ်​ကို​ဖြေ​တတ်၏။ ကြမ်း​တမ်း​သော​စ​ကား​မူ​ကား၊ အ​မျက်​ကို နှိုး​ဆော်​တတ်၏။ 2ပ​ညာ​ရှိ​သော​သူ၏​လျှာ​သည် ပ​ညာ​အ​တတ်​ကို တင့်​တယ်​စေ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​သော​အ​ရာ​ကို သွန်း​လောင်း​တတ်၏။ 3ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ခပ်​သိမ်း​သော​အ​ရပ်၌​ရှိ၍၊ ကောင်း​မ​ကောင်း​ကို ကြည့်​ရှု​တော်​မူ၏။ 4ဖြည်း​ညင်း​သော​လျှာ​သည် အ​သက်​ဖြစ်၏။ ကြမ်း​တမ်း​သော​လျှာ​မူ​ကား စိတ်​နာ​စေ​တတ်၏။ 5မိုက်​သော​သူ​သည် အ​ဘ​သွန်​သင်​ခြင်း​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော​သူ​မူ​ကား၊ သ​မ္မာ​သ​တိ​နှင့်​ပြည့်​စုံ​တတ်၏။ 6ဖြောင့်​မတ်​သော​သူ၏​အိမ်၌ များ​စွာ​သော စည်း​စိမ်​ရှိ၏။ မ​တ​ရား​သော​သူ​ခံ​ရ​သော​အ​ခွန်​မူ​ကား၊ များ​စွာ​သော နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၏။ 7ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ပ​ညာ​အ​တတ်​ကို စွန့်​ကြဲ​တတ်၏။ မိုက်​သော​သူ၏ နှ​လုံး​မူ​ကား ပ​ညာ​မ​ရှိ။ 8မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။ 9မ​တ​ရား​သော​သူ​လိုက်​သော​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​သို့ လိုက်​သော​သူ​ကို​ကား ချစ်​တော်​မူ၏။ 10လမ်း​လွှဲ​သော​သူ​သည် ဆုံး​မ​သော​စ​ကား​ကို နား​မ​ခံ​လို။ သို့​သော်​လည်း၊ အ​ပြစ်​တင်​ခြင်း​ကို​မုန်း​သော​သူ​သည် သေ​ရ​မည်။ 11မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ဗ​ဒ္ဒုန်​နိုင်​ငံ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထင်​ရှား၏။ ထို​မျှ​မ​က၊ လူ​သား​တို့၏​နှ​လုံး​သည် သာ၍​ထင်​ရှား၏။ 12မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ပြ​သော​သူ​ကို မ​ချစ်​တတ်။ ပ​ညာ​ရှိ​ထံ​သို့ မ​ချဉ်း​ကပ်​တတ်။ 13ရွှင်​လန်း​သော​စိတ်​နှ​လုံး​သည် ချို​သော​မျက်​နှာ​ကို ဖြစ်​စေ​တတ်၏။ ညှိုး​ငယ်​ခြင်း​အား​ဖြင့်​ကား၊ စိတ်​ပျက်​တတ်၏။ 14ဉာဏ်​ကောင်း​သော​သူ၏​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​ကို ရှာ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​ခြင်း​ကို ကျက်​စား​တတ်၏။ 15ဆင်း​ရဲ​ငြို​ငြင်​သော​သူ၏ နေ့​ရက်​ရှိ​သ​မျှ​တို့​သည် ဆိုး​ယုတ်​ကြ၏။ ရွှင်​လန်း​သော စိတ်​နှ​လုံး​မူ​ကား၊ အ​စဉ်​အ​မြဲ ခံ​ရ​သော​ပွဲ​ဖြစ်၏။ 16နှောင့်​ယှက်​ခြင်း​နှင့်​ယှဉ်၍ ကြီး​စွာ​သော​စည်း​စိမ်​ထက် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​နှင့်​ယှဉ်​သော ဥ​စ္စာ​အ​နည်း​ငယ်​သည် သာ၍​ကောင်း၏။ 17ဆူ​အောင်​ကျွေး​သော နွား​တစ်​ကောင်​လုံး​ကို အ​ချင်း​ချင်း​အ​ငြိုး​ထား​သော​စိတ်​နှင့် စား​ရ​သည်​ထက်၊ ချစ်​ခြင်း​မေ​တ္တာ​ပါ​သော ဟင်း​ရွက်​တစ်​နပ်​စာ​သည် သာ၍​ကောင်း၏။ 18မာ​န​ကြီး​သော​သူ​သည် ရန်​ကို​နှိုး​ဆော်​တတ်၏။ သည်း​ခံ​နိုင်​သော​သူ​မူ​ကား ငြိမ်း​တတ်၏။
19ပျင်း​ရိ​သော​သူ သွား​ရာ​လမ်း၌ ဆူး​ပင်​ဆီး​ကာ​လျက်​ရှိ၏။ ဖြောင့်​မတ်​သော​သူ သွား​ရာ​လမ်း​မူ​ကား၊ မို့​မောက်​လျက်​ရှိ၏။ 20ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ဖြစ်၏။ မိုက်​သော​သား​မူ​ကား၊ မိ​မိ​အ​မိ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ 21ဉာဏ်​မ​ရှိ​သော​သူ​သည် မိုက်​ခြင်း၌ ပျော်​မွေ့​တတ်၏။ ဉာဏ်​ရှိ​သော​သူ​မူ​ကား၊ ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်​တတ်၏။ 22တိုင်​ပင်​ခြင်း​မ​ရှိ​လျှင် အ​ကြံ​ပျက်​တတ်၏။ တိုင်​ပင်​သော​သူ​များ​လျှင်​မူ​ကား၊ အ​ကြံ​တည်​တတ်၏။ 23လူ​သည် ပြန်​ပြော​သော​စ​ကား​အား​ဖြင့် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ချိန်​တန်၍ ပြော​သော​စ​ကား​သည်​လည်း အ​လွန်​လျောက်​ပတ်​ပေ၏။ 24ပ​ညာ​ရှိ​သော​သူ​လိုက်​ရာ အ​သက်​လမ်း​သည် အောက်​အ​ရပ်၊ မ​ရ​ဏ​နိုင်​ငံ​မှ လွှဲ​ရှောင်၍၊ အ​ထက်​သို့ ပို့​ဆောင်​တတ်၏။ 25မာ​န​ထောင်​လွှား​သော​သူ၏​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​မည်။ မု​ဆိုး​မ​နေ​ရာ အ​ရပ်​ကို​ကား၊ တည်​စေ​တော်​မူ​မည်။ 26မ​တ​ရား​သော​သူ၏ အ​ကြံ​အ​စည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ စင်​ကြယ်​သော​သူ၏ စ​ကား​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။ 27မ​တ​ရား​သော စီး​ပွား​ကို​ရှာ​သော​သူ​သည် မိ​မိ​အိမ်​သား​တို့​ကို နှောင့်​ယှက်​တတ်၏။ တံ​စိုး​ကို​ရွံ​သော​သူ​မူ​ကား အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ 28ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို စိတ်​နှ​လုံး​ထဲ​မှာ ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​မူ​ကား၊ မ​ကောင်း​သော​အ​ရာ​တို့​ကို သွန်း​လောင်း​တတ်၏။ 29ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သော​သူ​တို့​နှင့် ဝေး​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ၏​ပ​တ္ထ​နာ​စ​ကား​ကို​ကား နား​ထောင်​တော်​မူ၏။ 30မျက်​စိ​အ​လင်း​သည် နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ကောင်း​သော​သ​တင်း​စ​ကား​သည်​လည်း၊ အ​ရိုး​တို့​ကို ခြင်​ဆီ​နှင့် ပြည့်​ဝ​စေ​တတ်၏။ 31အ​သက်​နှင့်​ယှဉ်​သော​ဆုံး​မ​ခြင်း​စ​ကား​ကို နား​ထောင်​သော​သူ​သည် ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​ရ​သော​အ​ခွင့်​ရှိ၏။ 32ဆုံး​မ​ခြင်း​စ​ကား​ကို​ပယ်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို မ​ထီ​မဲ့​မြင်​ပြု​ရာ​သို့ ရောက်၏။ နား​ထောင်​သော​သူ​မူ​ကား၊ ဉာဏ်​ကို​ရ​တတ်၏။ 33ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ​ကို​သွန်​သင်​ခြင်း​ဖြစ်၏။ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။