YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံ 14

14
1ပ​ညာ​ရှိ​သော​မိန်း​မ​သည် မိ​မိ​အိမ်​ကို တည်​ဆောက်​တတ်၏။ မိုက်​သော​မိန်း​မ​မူ​ကား၊ ကိုယ်​လက်​နှင့် ဖြို​ဖျက်​တတ်၏။ 2ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​တတ်၏။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​တတ်၏။ 3မိုက်​သော​သူ၏​နှုတ်၌ မာ​န​ကြိမ်​လုံး​ရှိ၏။ ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ကယ်​တင်​သော​အ​မှု​ကို ပြု​တတ်၏။ 4နွား​ထီး​မ​ရှိ​သော တင်း​ကုပ်​သည် စင်​ကြယ်၏။ သို့​သော်​လည်း၊ နွား​ခွန်​အား​ကို​သုံး၍ များ​သော​စီး​ပွား​ကို​ရ​တတ်၏။ 5သ​စ္စာ​ရှိ​သော​သက်​သေ​သည် မု​သား​မ​သုံး​တတ်။ သ​စ္စာ​ပျက်​သော​သက်​သေ​မူ​ကား၊ မု​သား​ကို​သုံး​တတ်၏။ 6မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် ပ​ညာ​ကို​ရှာ၍​မ​တွေ့​ရာ။ ဉာဏ်​ရှိ​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​လွယ်၏။ 7မိုက်​သော​သူ​နှင့်​တွေ့၍ သူ၏​နှုတ်၌ ပ​ညာ​အ​တတ်​မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ထို​သူ​ကို ရှောင်​သွား​လော့။ 8ပ​ညာ​သ​တိ​ရှိ​သော သူ၏​ပ​ညာ​ကား၊ ကိုယ်​သွား​ရ​သော​လမ်း​ကို သိ​ခြင်း​တည်း။ မိုက်​သော​သူ၏​မိုက်​ခြင်း​မူ​ကား၊ ပ​ရိ​ယာယ်​တည်း။ 9မိုက်​သော​သူ​တို့​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို မ​ထီ​လေး​စား​ပြု​ကြ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ တစ်​ယောက်​ကို​တစ်​ယောက် ကျေး​ဇူး​ပြု​ကြ၏။ 10စိတ်​နှ​လုံး​သည် မိ​မိ​ဒု​က္ခ​ကို​သိ၏။ စိတ်​နှ​လုံး​ရွှင်​လန်း​ခြင်း​အ​ကြောင်း​ကို​လည်း သူ​တစ်​ပါး မ​ဆိုင်​တတ်။ 11မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​တတ်၏။ ဖြောင့်​မတ်​သော​သူ၏​တဲ​မူ​ကား၊ ပွင့်​လန်း​တတ်၏။ 12လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။#သု၊ ၁၆:၂၅။ 13လူ​သည် ရယ်​စဉ်​အ​ခါ​ပင်၊ ဝမ်း​နည်း​သော စိတ်​သ​ဘော​ရှိ၏။ ထို​ရယ်​မော​ရွှင်​လန်း​ခြင်း အ​ဆုံး၌​လည်း ညှိုး​ငယ်​ခြင်း​ရှိ​တတ်၏။ 14စိတ်​နှ​လုံး​ဖောက်​ပြန်​သော​သူ​ဖြစ်​စေ၊ သူ​တော်​ကောင်း​ဖြစ်​စေ၊ မိ​မိ​အ​ကျင့်​တို့​နှင့် ဝ​လိမ့်​မည်။ 15ဉာဏ်​တိမ်​သော​သူ​သည် သူ​တစ်​ပါး​ပြော​သ​မျှ​ကို ယုံ​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ မိ​မိ​သွား​ရာ​လမ်း​ကို စေ့​စေ့ ကြည့်​ရှု​တတ်၏။ 16ပ​ညာ​ရှိ​သော​သူ​သည် ကြောက်၍ ဒု​စ​ရိုက်​ကို ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာ​န​ကြီး၍ ရဲ​ရင့်​တတ်၏။
17စိတ်​တို​သော​သူ​သည် မိုက်​စွာ​သော​အ​မှု​ကို ပြု​တတ်၏။ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​သူ​ကို​လည်း သူ​တစ်​ပါး မုန်း​လိမ့်​မည်။ 18ဉာဏ်​တိမ်​သော​သူ​သည် မိုက်​ခြင်း​ကို အ​မွေ​ခံ​တတ်၏။ ပ​ညာ​သ​တိ​ရှိ​သော​သူ​မူ​ကား၊ သိ​ပ္ပံ​သ​ရ​ဖူ​ကို ဆောင်း​တတ်၏။ 19လူ​ဆိုး​တို့​သည် သူ​တော်​ကောင်း​ရှေ့၌​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့​သည် ဖြောင့်​မတ်​သော​သူ၏ အိမ်​တံ​ခါး​ဝ၌​လည်း​ကောင်း ဦး​ချ​တတ်​ကြ၏။ 20ဆင်း​ရဲ​သော​သူ​သည် မိ​မိ​အိမ်​နီး​ချင်း​မုန်း​ခြင်း​ကို​ပင် ခံ​ရ​မည်။ ငွေ​ရ​တတ်​သော​သူ၌​မူ​ကား၊ များ​စွာ​သော အ​ဆွေ​ခင်​ပွန်း​ရှိ​လိမ့်​မည်။ 21မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ရှိ၏။ ဆင်း​ရဲ​သော​သူ​ကို သ​နား​သော​သူ​မူ​ကား၊ မင်္ဂ​လာ​ရှိ၏။ 22မ​ကောင်း​သော​အ​ကြံ​ကို ကြံ​တတ်​သော​သူ​တို့​သည် မှား​ယွင်း​ကြ​လိမ့်​မည်။ ကျေး​ဇူး​ပြု​မည်​ဟု ကြံ​တတ်​သော​သူ​တို့​မူ​ကား၊ က​ရု​ဏာ​အ​ကျိုး​နှင့် သ​စ္စာ​အ​ကျိုး​ကို​ခံ​ရ​ကြ​လိမ့်​မည်။ 23ကြိုး​စား၍ လုပ်​လေ​ရာ​ရာ၌ ကျေး​ဇူး​ရှိ၏။ စ​ကား​များ​ခြင်း​အ​ကျိုး​မူ​ကား၊ ဆင်း​ရဲ​ခြင်း​သက်​သက်​တည်း။ 24ပ​ညာ​ရှိ​သော​သူ​တို့၏ စည်း​စိမ်​ဥ​စ္စာ​သည် သူ​တို့ ဦး​ရစ်​သ​ရ​ဖူ​ဖြစ်၏။ မိုက်​သော​သူ​တို့၏​မိုက်​ခြင်း​မူ​ကား၊ အ​မိုက်​သက်​သက်​ဖြစ်၏။ 25မှန်​သော​သက်​သေ​သည် သူ့​အ​သက်​ကို ကယ်​တင်​တတ်၏။ မ​မှန်​သော​သက်​သေ​မူ​ကား၊ မု​သား​ကို သုံး​တတ်၏။ 26ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် အား​ကြီး​သော ကိုး​စား​ရာ​အ​ခွင့်​ကို ဖြစ်​စေ​တတ်၏။ သား​တော်​တို့​သည်​လည်း၊ ခို​လှုံ​ရာ​အ​ရပ်​ကို ရ​ကြ​လိမ့်​မည်။ 27ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သေ​ခံ​ရာ​ကျော့​ကွင်း​တို့​မှ လွှဲ​ရှောင်​ရာ အ​သက်​စမ်း​ရေ​တွင်း​ဖြစ်၏။ 28ပြည်​သား​များ​ပြား​ရာ၌ ရှင်​ဘု​ရင်၏​ဘုန်း​တော်​တည်၏။ ပြည်​သား​နည်း​ပါး​ရာ၌​ကား၊ မင်း​အ​ကျိုး​နည်း​ခြင်း​ရှိ၏။ 29စိတ်​ရှည်​သော​သူ​သည် ပ​ညာ​ကြီး၏။ စိတ်​တို​သော​သူ​မူ​ကား၊ အ​ထူး​သ​ဖြင့် မိုက်​ပေ၏။ 30ကျန်း​မာ​သော​နှ​လုံး​သည် ကိုယ်​အ​သက်​ရှင်​စေ​သော​အ​ကြောင်း၊ ငြူ​စူ​သော​သ​ဘော​မူ​ကား၊ အ​ရိုး​ဆွေး​မြေ့​ခြင်း​အ​ကြောင်း ဖြစ်၏။ 31ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​သည် ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​ကို ကဲ့​ရဲ့၏။ ဘု​ရား​ကို​ရို​သေ​သော​သူ​မူ​ကား၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​တတ်၏။ 32မ​တ​ရား​သော​သူ​သည် မ​တ​ရား​သ​ဖြင့် ပြု​စဉ်​အ​ခါ၊ လှဲ​ခြင်း​ကို​ခံ​ရ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သေ​သော​အ​ခါ၌​ပင် မျှော်​လင့်​စ​ရာ​ရှိ၏။ 33ဉာဏ်​ရှိ​သော​သူ၏​နှ​လုံး၌ ပ​ညာ​ကျိန်း​ဝပ်​တတ်၏။ မိုက်​သော​သူ​တို့၏​အ​ထဲ၌ ရှိ​သော​အ​ရာ​မူ​ကား၊ ထင်​ရှား​တတ်၏။ 34ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ပြည်​သား​တို့​ကို ချီး​မြှောက်​တတ်၏။ ဒု​စ​ရိုက်​အ​ပြစ်​မူ​ကား၊ ပြည်​သား​များ​တို့​ကို ရှုတ်​ချ​တတ်၏။ 35ပ​ညာ​ရှိ​သော​ကျွန်​အား ရှင်​ဘု​ရင်​သည် ကျေး​ဇူး​ပြု​တတ်၏။ အ​ရှက်​ခွဲ​တတ်​သော​ကျွန်​မူ​ကား၊ အ​မျက်​တော်​ကို ခံ​ရ​မည်။

လက်ရှိရွေးချယ်ထားမှု

သုတ္တံ 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။