YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 3

3
ဣ​သ​ရေ​လ​အ​မျိုး​သူ​ကြီး​များ
1ငါ​ဆို​သည်​ကား၊ အို ယာ​ကုပ်​အ​မျိုး​မင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သူ​ကြီး​တို့၊ နား​ထောင်​ကြ​ပါ​လော့။ သင်​တို့​သည် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​အ​မှု​ကို နား​လည်​အပ်​သည် မ​ဟုတ်​လော။ 2သု​စ​ရိုက်​ကို​မုန်း၍ ဒု​စ​ရိုက်​ကို​နှစ်​သက်​လျက်၊ သူ​တစ်​ပါး​အ​ရေ​ကို​လည်း​ကောင်း၊ အ​ရိုး၌​ကပ်​သော အ​သား​ကို​လည်း​ကောင်း ဆွဲ​ယူ​လျက်၊ 3ငါ့​လူ​တို့၏​အ​သား​ကို​စား​လျက်၊ အ​ရေ​ကို​ခွာ​လျက်၊ အ​ရိုး​တို့​ကို ချိုး​လျက်၊ ဟင်း​အိုး၌ ချက်​သော သား​တစ်၊ အိုး​ကင်း၌​ပြုတ်​သော အ​မဲ​သား​ကို ပြု​သ​ကဲ့​သို့ အ​ရိုး​အ​သား​ကို စဉ်း​လျက်​နှင့်​ပင်၊ 4သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ​သော်​လည်း နား​ထောင်​တော်​မ​မူ။ ဒု​စ​ရိုက်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ ထို​ကာ​လ၌ မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​လိမ့်​မည်။ 5ငါ၏​လူ​တို့​ကို​မှား​ယွင်း​စေ​လျက် ဝ​စွာ​စား​ရ​သော​အ​ခါ၊ ငြိမ်​ဝပ်​ခြင်း​အ​ကြောင်း​ရှိ​သည်​ဟု ကြွေး​ကြော်​လျက်၊ မ​လုပ်​ကျွေး​သော​သူ​ကို​ကား၊ စစ်​တိုက်​ခြင်း​ငှာ ပြင်​ဆင်​လျက်၊ ပ​ရော​ဖက်​ပြု​သော​သူ​တို့၊ 6သင်​တို့​သည် ရူ​ပါ​ရုံ​ကို မ​မြင်​နိုင်​မည်​အ​ကြောင်း၊ ည​အ​ချိန်​ရောက်​လိမ့်​မည်။ အ​နာ​ဂတ်​ကို မ​ဟော​နိုင်​မည်​အ​ကြောင်း၊ မှောင်​မိုက်​ဖြစ်​လိမ့်​မည်။ ပ​ရော​ဖက်​တို့၌ နေ​ဝင်​လိမ့်​မည်။ နေ့​အ​ချိန်၌​ပင် မှောင်​မိုက်​ဖုံး​လွှမ်း​လိမ့်​မည်။ 7ထို​အ​ခါ ပ​ရော​ဖက်​တို့​သည် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အ​နာ​ဂတ်​ကို ဟော​သော​သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ထူး​တော်​မ​မူ​သော​ကြောင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နှုတ်​ကို ဖုံး​ထား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
8ငါ​မူ​ကား၊ ယာ​ကုပ်​အ​မျိုး လွန်​ကျူး​ခြင်း၊ ဣ​သ​ရေ​လ​အ​မျိုး ပြစ်​မှား​ခြင်း​ကို သူ​တို့​အား ဖော်​ပြ​နိုင်​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ရှိန်​တန်​ခိုး၊ ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၏။ 9ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ရွံ​ရှာ၍ ခပ်​သိမ်း​သော​တ​ရား​ကို ဖျက်​လျက်၊ 10လူ​အ​သက်​ကို သတ်​ခြင်း​အ​မှု​ဖြင့် ဇိ​အုန်​မြို့​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​အ​မှု​ဖြင့် ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း ပြု​စု​သော ယာ​ကုပ်​အ​မျိုး​မင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သူ​ကြီး​တို့၊ နား​ထောင်​ကြ​ပါ​လော့။ 11မင်း​တို့​သည် လက်​ဆောင်​ကို ရ​ခြင်း​ငှာ​သာ တ​ရား​မှု​ကို စီ​ရင်​တတ်​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​ခ​ကို​ရ​ခြင်း​ငှာ​သာ သင်​ပေး​တတ်​ကြ၏။ ပ​ရော​ဖက်​တို့​သည် ငွေ​ကို​ရ​ခြင်း​ငှာ​သာ အ​နာ​ဂတ်​ကို ဟော​တတ်​ကြ၏။ သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​သည် မ​ဟုတ်​လော၊ ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်​ဟု ဆို​တတ်​ကြ​သည်​တ​ကား။ 12ထို​ကြောင့်၊ သင်​တို့​အ​တွက် ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြေ​ပုံ​များ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။#ယေ၊ ၂၆:၁၈။

လက်ရှိရွေးချယ်ထားမှု

မိက္ခာ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။