YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 2

2
ဖိ​နှိပ်​သူ​တို့​၏​ကံ​ကြ​မ္မာ
1ဒု​စ​ရိုက်​ကို ပြု​ခြင်း​ငှာ အိပ်​ရာ​ပေါ်​မှာ မ​ကောင်း​သော အ​ကြံ​ကို​ကြံ၍၊ မိုး​လင်း​သော​အ​ခါ အ​ခွင့်​ရ​သည်​အ​တိုင်း ပြု​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 2သူ​တစ်​ပါး၏​အိမ်​နှင့် လယ်​ယာ​တို့​ကို​တပ်​မက်၍ အ​နိုင်​အ​ထက် သိမ်း​ယူ​လျက်၊ လူ​နှင့် သူ၏​အိမ်​ကို​လည်း​ကောင်း၊ လူ​ကြီး​နှင့် သူ၏​အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း လု​ယက်၍ ညှဉ်း​ဆဲ​တတ်​ကြ၏။ 3သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​လည်​ပင်း မ​လွတ်၊ ခေါင်း​မ​ကြွ​နိုင်​သော ဘေး​ဒဏ်​ကို ထို​သို့​သော အိမ်​ထောင်​တစ်​ဖက်၌ ငါ​ကြံ​စည်၏။ ဆိုး​သော​ကာ​လ​ဖြစ်​လိမ့်​မည်။ 4ထို​ကာ​လ​တွင် သင်​တို့​တစ်​ဖက်၌ ပုံ​စ​ကား​ကို​သုံး၍၊ အ​လွန်​ပြင်း​စွာ မြည်​တမ်း​ရ​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့​သည် ရှင်း​ရှင်း ပျက်​စီး​ကြ​ပြီ။ ငါ့​အ​မျိုး​သား​ခံ​စား​ရ​သော အ​ဖို့​ကို​လဲ၍ ငါ့​လက်​မှ ရုပ်​တော်​မူ​ပြီ​တ​ကား။ ငါ​တို့ လယ်​ကွက်​များ​ကို ရုပ်​သိမ်း၍၊ သူ​တစ်​ပါး​တို့​အား ဝေ​ဖန်​တော်​မူ​ပြီ။ 5ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်​တွင်၊ သင်​တို့ ခံ​စား​ရ​သော​အ​ဖို့​ကို ကြိုး​တန်း​နှင့် တိုင်း​ထွာ​သော​သူ မ​ရှိ​ရ။ 6ပ​ရော​ဖက်​ပြု​သော သူ​တို့၊ ပ​ရော​ဖက်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည် ရှက်​ကြောက်​မည်​အ​ကြောင်း ပ​ရော​ဖက် မ​ပြု​ရ​ကြ။ 7ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဆီး​တား​ခြင်း​ကို ခံ​ရ​သ​လော။ ဤ​အ​မှု​တို့​ကို ပြု​တော်​မူ​သ​လော​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​မေး​လျှင်၊ ဖြောင့်​မတ်​စွာ ကျင့်​သော​သူ​သည် ငါ့​စ​ကား​အား​ဖြင့် အ​ကျိုး​ကို ရ​သည်​မ​ဟုတ်​လော။ 8ရှေး​ကာ​လ၌​ပင် ငါ၏​လူ​တို့​သည် ရန်​ဘက်​ပြု၍ ထ​ကြ၏။ စစ်​တိုက်​ရာ​မှ ပြန်၍ ဘေး​ကို​မ​ကြောက်​ဘဲ၊ လျှောက်​သွား​သော​သူ​တို့၏ ပြင်​အ​ဝတ်​နှင့် အ​တွင်း​အ​ဝတ်​ကို လု​ယူ​တတ်​ကြ၏။ 9ငါ့​လူ​တို့၏​မ​ယား​များ​ကို သူ​တို့​သာ​ယာ​သော နေ​ရာ​ထဲ​က​နှင်​ထုတ်၍၊ သူ​တို့​သား​များ​မှ ငါ၏​ဘုန်း​ကို အ​စဉ်​နုတ်​ယူ​ကြ​ပြီ။ 10ထ၍ သွား​ကြ​လော့။ ဤ​ပြည်​သည် သင်​တို့​ငြိမ်​ဝပ်​ရာ​အ​ရပ် မ​ဟုတ်။ ဤ​အ​ရပ်​သည် ညစ်​ညူး​သော​ကြောင့် ကြီး​စွာ​သော ပျက်​စီး​ခြင်း​နှင့် ပျက်​စီး​ရ​လိမ့်​မည်။ 11ကိုယ်​အ​လို​သို့​လိုက်၍ မု​သား​စ​ကား​ကို သုံး​သော​သူ​က၊ ငါ​သည်​ပ​ရော​ဖက်​ပြု၍ စ​ပျစ်​ရည်​တ​ရား​နှင့် သေ​ရည်​သေ​ရက်​တ​ရား​ကို ဟော​ပြော​မည်​ဟု​ဆို​လျှင်၊ ထို​သူ​သည် ဤ​လူ​တို့၏​ပ​ရော​ဖက် ဖြစ်​ရ​လိမ့်​မည်။
12အို ယာ​ကုပ်၊ ငါ​သည် သင်၏​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဆက်​ဆက်​စု​ဝေး​စေ​မည်။ သိုး​ခြံ၌ သိုး​များ​ကဲ့​သို့​လည်း​ကောင်း၊ ကျက်​စား​ရာ​အ​ရပ်​ထဲ​မှာ သိုး​စု​ကဲ့​သို့​လည်း​ကောင်း သူ​တို့​ကို ငါ​စု၍​ထား​မည်။ လူ​များ​သော​ကြောင့် အ​သံ​ကြီး​လိမ့်​မည်။ 13အ​နိုင်​အ​ထက် ဖွင့်​သော​သူ​သည် သူ​တို့​ရှေ့​မှာ​သွား၏။ သူ​တို့​သည်​လည်း အ​နိုင်​အ​ထက်​ဖွင့်၍ တံ​ခါး​ဝ​ဖြင့် လျှောက်​သွား​ကြ၏။ သူ​တို့ ရှင်​ဘု​ရင်​သည် သူ​တို့​ရှေ့​မှာ​သွား၍ ထာ​ဝ​ရ​ဘု​ရား​သည် လမ်း​ပြ​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

မိက္ခာ 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။