YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 4

4
ထာ​ဝ​ရ​ဘု​ရား၏​အုပ်​စိုး​ခြင်း
(ဟေ​ရှာ၊ ၂:၁-၄)
1နောက်​ဆုံး​သော​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တည်​သော တောင်​သည် တောင်​ကြီး​တောင်​ငယ်​တို့၏ ထိပ်​ပေါ်​မှာ ချီး​မြှောက်၍ တည်​လိမ့်​မည်။ ခပ်​သိမ်း​သော လူ​စု​တို့​သည် ထို​တောင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။ 2များ​ပြား​သော လူ​မျိုး​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့ လိုက်​သွား​ကြ​မည်​ဟု၊ ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။ 3ထာ​ဝ​ရ​ဘု​ရား​သည် များ​ပြား​သော လူ​တို့​တွင် တ​ရား​စီ​ရင်၍၊ ဝေး​စွာ​နေ​လျက် အား​ကြီး​သော လူ​မျိုး​တို့​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ သူ​တို့ ဓား​လက်​နက်​များ​ကို ထွန်​သွား​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လှံ​များ​ကို တံ​စဉ်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ထု​လုပ်​ကြ​လိမ့်​မည်။ တစ်​ပြည်​ကို​တစ်​ပြည် စစ်​မ​တိုက်၊ စစ်​အ​တတ်​ကို​လည်း နောက်​တစ်​ဖန် မ​သင်​ရ​ကြ။#ယော​လ၊ ၃:၁၀။ 4လူ​အ​ပေါင်း​တို့​သည် ကိုယ်​ပိုင်​သော​စ​ပျစ်​ပင်၊ ကိုယ်​ပိုင်​သော သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ထိုင်​ကြ​လိမ့်​မည်။ ကြောက်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ရ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက် အ​မိန့်​တော်​ရှိ၏။#ဇာ၊ ၃:၁၀။ 5လူ​မျိုး​အ​ပေါင်း​တို့​သည် ကိုယ်​ဆိုင်​သော ဘု​ရား၏​နာ​မ​ကို​ခို​လှုံ​လျက် ကျင့်​နေ​တတ်​ကြ၏။ ငါ​တို့​မူ​ကား၊ ကိုယ်​ဆိုင်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ကာ​လ​အ​စဉ်​အ​မြဲ ခို​လှုံ​လျက် ကျင့်​နေ​ကြ​မည်။
ပြည်​နှင်​ဒဏ်​ခံ​ရာ​မှပြန်​လာ​မည်
6ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ခြေ​ဆွံ့​သော​သူ​ကို ငါ​ခေါ်​မည်။ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​သူ၊ ငါ​ညှဉ်း​ဆဲ​ဖူး​သော​သူ​တို့​ကို ငါ​စု​ဝေး​စေ​မည်။ 7ခြေ​ဆွံ့​သော​သူ​ကို ငါ​ကျန်​ကြွင်း​စေ​မည်။ အ​ဝေး​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သော​သူ​သည် ကြီး​မား​သော လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​မှာ သူ​တို့​ကို ယ​ခု​မှ​စ၍ အ​စဉ်​အ​မြဲ အုပ်​ချုပ်​စိုး​စံ​တော်​မူ​လိမ့်​မည်။ 8အို ဧ​ဒါ​လင့်​စင်၊ ဇိ​အုန်​သ​တို့​သ​မီး နေ​ရာ​ကုန်း၊ သင်​သည် အ​စိုး​ရ​လိမ့်​မည်။ အ​ရင်​တည်​သော အာ​ဏာ​တည်​ပြန်​လိမ့်​မည်။ နိုင်​ငံ​တော်​သည် ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​လက်​သို့ တစ်​ဖန်​ရောက်​လိမ့်​မည်။
9ယ​ခု​မှာ သင်​သည် အ​ဘယ်​ကြောင့် ကျယ်​သော​အ​သံ​နှင့် အော်​ဟစ်​သ​နည်း။ သင်၌ ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ရှိ​သ​လော။ အ​ကြံ​ပေး​သော​မှူး​မတ် ပျောက်​ပျက်​သ​လော။ သား​ဖွား​သော​မိန်း​မ​ကဲ့​သို့ သင်​သည် ဝေ​ဒ​နာ​ကို ခံ​ရ​ပါ​သည်​တ​ကား။ 10အို ဇိ​အုန်​သ​တို့​သ​မီး၊ သား​ဖွား​သော မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ၍၊ သား​ကို​ဖွား​အံ့​သော​ငှာ အား​ထုတ်​လော့။ ယ​ခု​ပင် သင်​သည် မြို့​ထဲ​က​ထွက်၍ လယ်​ပြင်၌ နေ​ရ​မည်။ ဗာ​ဗု​လုန်​မြို့​တိုင်​အောင် သွား​ရ​မည်။ ထို​မြို့၌ လွတ်​လိမ့်​မည်။ ထို​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ရန်​သူ​တို့​လက်​မှ ရွေး​နုတ်​တော်​မူ​လိမ့်​မည်။#ဗျာ၊ ၁၂:၂။ 11ယ​ခု​မှာ လူ​မျိုး​များ​တို့​က၊ ဇိ​အုန်​မြို့​သည် ညစ်​ညူး​ပါ​စေ။ သူ၌ ငါ​တို့​အ​လို ပြည့်​စုံ​ပါ​စေ​ဟု၊ သင့်​တစ်​ဖက်၌ စု​ဝေး​လျက် ဆို​ကြ၏။ 12သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​စိတ်​တော်​ကို မ​သိ၊ အ​ကြံ​အ​စည်​တော်​ကို နား​မ​လည်​ကြ။ ကောက်​လှိုင်း​တို့​ကို ကောက်​နယ်​တ​လင်း၌ စု​ထား​သ​ကဲ့​သို့၊ ထို​သူ​တို့​ကို စု​ထား​တော်​မူ၏။ 13အို ဇိ​အုန်​သ​တို့​သ​မီး၊ ထ၍ နယ်​လော့။ သင့်​ဦး​ချို​ကို သံ​ဖြင့်​လည်း​ကောင်း၊ သင့်​ခွာ​တို့​ကို ကြေး​ဝါ​ဖြင့်​လည်း​ကောင်း ငါ​ပြီး​စေ​မည်။ သင်​သည် လူ​မျိုး​များ​တို့​ကို ညက်​ညက်​ချေ​ရ​မည်။ သူ​တို့​တွင်​ရ​သ​မျှ​သော စည်း​စိမ်​ဥ​စ္စာ​ကို​ယူ၍၊ မြေ​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။

လက်ရှိရွေးချယ်ထားမှု

မိက္ခာ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။