YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 65:1-16

ဟေရှာယ 65:1-16 JBMLE

ငါ့​ကို မ​မေး​မ​လျှောက်​သော သူ​တို့၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ ငါ့​ကို မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ရ​ကြ​ပြီ။ ငါ့​ကို ကြည့်​ကြ​လော့။ ကြည့်​ကြ​လော့​ဟု ငါ့​နာ​မ​ကို ပ​တ္ထ​နာ​မ​ပြု​သော လူ​မျိုး​အား ငါ​ပြော​ဆို​ပြီ။ မိ​မိ​အ​လို​အ​တိုင်း မ​ကောင်း​သော​လမ်း​ကို​လိုက်၍၊ ငြင်း​ဆန်​တတ်​သော လူ​မျိုး​ကို မျက်​နှာ​ပြု​လျက်၊ တစ်​နေ့​လုံး ငါ​သည် ကိုယ်​လက်​ဝါး​ကို ဖြန့်​ရ​ပြီ။ ထို​လူ​မျိုး​သည် ဥ​ယျာဉ်၌ ယဇ်​ပူ​ဇော်၍၊ အုတ်​ပေါ်​မှာ လော​ဗန်​ကို​မီး​ရှို့​သ​ဖြင့်၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ငါ့​မျက်​မှောက်၌ အ​စဉ်​ပြု​တတ်၏။ သင်္ချိုင်း​မှာ​နေ၍၊ သင်္ချိုင်း​တွင်း၌ အိပ်​တတ်၏။ ဝက်​သား​ကို​စား၍၊ ရွံ​ရှာ​ဖွယ်​သော အ​မဲ​သား​ပြုတ်​ရည်​ကို​သောက်​တတ်​၏။ သူ​တို့​က​လည်း၊ သင်​သည် အ​သီး​အ​ခြား​နေ​လော့။ ငါ့​ထံ​သို့ မ​ချဉ်း​နှင့်။ ငါ​သည် သင့်​ထက်​သာ၍ သန့်​ရှင်း​သည်​ဟု ဆို​တတ်၏။ ထို​သို့​သော​သူ​တို့​သည် ငါ့​နှာ​ခေါင်း၌ မီး​ခိုး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​လောင်​သော မီး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ငါ့​ရှေ့​မှာ စာ​ရင်း​မှတ်​လျက် ရှိ​သည်​ဖြစ်၍၊ ငါ​သည် တိတ်​ဆိတ်​စွာ​မ​နေ၊ အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ သင်​တို့၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ တောင်​ပေါ်​မှာ လော​ဗန်​ကို မီး​ရှို့၍၊ ကုန်း​ပေါ်​မှာ ငါ့​ကို​ကဲ့​ရဲ့​သော သင်​တို့​ဘိုး​ဘေး၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း သင်​တို့​ရင်​ခွင်၌ ငါ​ဆပ်​ပေး​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ပြု​ဖူး​သော အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ရင်​ခွင်၌ ငါ​ခြင်၍​ပေး​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​ပျစ်​သီး​ပြွတ်၌ စ​ပျစ်​ရည်​ကို​တွေ့​သော​အ​ခါ မ​ဖျက်​နှင့်၊ မင်္ဂ​လာ​ရှိ​သည်​ဟု ဆို​တတ်​သ​ကဲ့​သို့၊ ထို​အ​တူ၊ ငါ့​ကျွန်​တို့၏​အ​ကျိုး​အ​လို​ငှာ ငါ​ပြု​မည်။ အ​ကုန်​အ​စင် မ​ဖျက်။ ယာ​ကုပ်​အ​မျိုး​ထဲ​က မျိုး​စေ့​ကို​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​ထဲ​က ငါ့​တောင်​ကို အ​မွေ​ခံ​ရ​သော​သူ​ကို​လည်း​ကောင်း ငါ​ထုတ်​ဖော်​မည်။ ငါ​ရွေး​ကောက်​သော​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ၍၊ ငါ၏​ကျွန်​တို့​သည် နေ​ရ​ကြ​လိမ့်​မည်။ ငါ့​ကို​ရှာ​သော ငါ၏​လူ​တို့​အ​ဖို့၊ ရှာ​ရုန်​အ​ရပ်​သည် သိုး​ခြံ​ဖြစ်​လိမ့်​မည်။ အာ​ခေါ်​ချိုင့်​သည်​လည်း နွား​များ အိပ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​သူ၊ ငါ၏​သန့်​ရှင်း​သော​တောင်​ကို မေ့​လျော့​သော​သူ၊ ဂါ​ဒ​ဘု​ရား​ရှေ့​မှာ စား​ပွဲ​ကို​ခင်း၍၊ မေ​နိ​ဘု​ရား​အား သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြင်​သော​သူ​ဖြစ်​ကြ၏။ သင်​တို့​ကို ငါ​ရေ​တွက်၍၊ ဓား၌​အပ်​မည်။ ရှိ​သ​မျှ​တို့​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​အောင် ဦး​ချ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ​ခေါ်​သော​အ​ခါ မ​ထူး​ကြ။ ငါ​ပြော​သော​အ​ခါ နား​မ​ထောင်​ကြ။ ငါ့​မျက်​မှောက်၌ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​ကြ၏။ ငါ​မ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ​ကြ၏။ ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​ကျွန်​တို့​သည် စား​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ မွတ်​သိပ်​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​တို့​သည် သောက်​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ရေ​ငတ်​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​တို့​သည် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ရှက်​ကြောက်​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​တို့​သည် ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ဝမ်း​နည်း​သော​စိတ်​နှင့် ငို​ကြွေး​ကြ​လိမ့်​မည်။ ကြေ​ကွဲ​သော​နှ​လုံး​နှင့် ညည်း​တွား​မြည်​တမ်း​ကြ​လိမ့်​မည်။ သင်​တို့​သည် ကိုယ်​နာ​မ​ကို၊ ငါ​ရွေး​ကောက်​သော​သူ​တို့၌ ကျိန်​ဆဲ​ဖို့​ရာ ကျန်​ရစ်​စေ​ကြ​လိမ့်​မည်။ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို ကွပ်​မျက်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို အ​ခြား​သော​နာ​မ​ဖြင့် မှည့်​တော်​မူ​မည်။ မြေ​ကြီး​ပေါ်​မှာ မိ​မိ​ကို​မိ​မိ ကောင်း​ချီး​ပေး​သော​သူ​သည်၊ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကောင်း​ချီး​ပေး​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ကျိန်​ဆို​သော​သူ​သည်၊ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ ကျိန်​ဆို​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရင်​အ​မှု​တို့​ကို မေ့​လျော့​ရ၏။ ငါ့​မျက်​မှောက်၌ ကွယ်​ပျောက်​လျက်​ရှိ​ကြ၏။