YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 65

65
ပုန်​ကန်​သူ​တို့​ကို​ဒဏ်​ခတ်​ခြင်း
1ငါ့​ကို မ​မေး​မ​လျှောက်​သော သူ​တို့၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ ငါ့​ကို မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ရ​ကြ​ပြီ။ ငါ့​ကို ကြည့်​ကြ​လော့။ ကြည့်​ကြ​လော့​ဟု ငါ့​နာ​မ​ကို ပ​တ္ထ​နာ​မ​ပြု​သော လူ​မျိုး​အား ငါ​ပြော​ဆို​ပြီ။#ရော၊ ၁၀:၂၀။ 2မိ​မိ​အ​လို​အ​တိုင်း မ​ကောင်း​သော​လမ်း​ကို​လိုက်၍၊ ငြင်း​ဆန်​တတ်​သော လူ​မျိုး​ကို မျက်​နှာ​ပြု​လျက်၊ တစ်​နေ့​လုံး ငါ​သည် ကိုယ်​လက်​ဝါး​ကို ဖြန့်​ရ​ပြီ။#ရော၊ ၁၀:၂၁။ 3ထို​လူ​မျိုး​သည် ဥ​ယျာဉ်၌ ယဇ်​ပူ​ဇော်၍၊ အုတ်​ပေါ်​မှာ လော​ဗန်​ကို​မီး​ရှို့​သ​ဖြင့်၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ငါ့​မျက်​မှောက်၌ အ​စဉ်​ပြု​တတ်၏။ 4သင်္ချိုင်း​မှာ​နေ၍၊ သင်္ချိုင်း​တွင်း၌ အိပ်​တတ်၏။ ဝက်​သား​ကို​စား၍၊ ရွံ​ရှာ​ဖွယ်​သော အ​မဲ​သား​ပြုတ်​ရည်​ကို​သောက်​တတ်​၏။ 5သူ​တို့​က​လည်း၊ သင်​သည် အ​သီး​အ​ခြား​နေ​လော့။ ငါ့​ထံ​သို့ မ​ချဉ်း​နှင့်။ ငါ​သည် သင့်​ထက်​သာ၍ သန့်​ရှင်း​သည်​ဟု ဆို​တတ်၏။ ထို​သို့​သော​သူ​တို့​သည် ငါ့​နှာ​ခေါင်း၌ မီး​ခိုး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​လောင်​သော မီး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ 6ငါ့​ရှေ့​မှာ စာ​ရင်း​မှတ်​လျက် ရှိ​သည်​ဖြစ်၍၊ ငါ​သည် တိတ်​ဆိတ်​စွာ​မ​နေ၊ အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​မည်။ 7သင်​တို့၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ တောင်​ပေါ်​မှာ လော​ဗန်​ကို မီး​ရှို့၍၊ ကုန်း​ပေါ်​မှာ ငါ့​ကို​ကဲ့​ရဲ့​သော သင်​တို့​ဘိုး​ဘေး၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း သင်​တို့​ရင်​ခွင်၌ ငါ​ဆပ်​ပေး​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ပြု​ဖူး​သော အ​ကျင့်​တို့၏​အ​ကျိုး​အ​ပြစ်​ကို သူ​တို့​ရင်​ခွင်၌ ငါ​ခြင်၍​ပေး​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
8တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​ပျစ်​သီး​ပြွတ်၌ စ​ပျစ်​ရည်​ကို​တွေ့​သော​အ​ခါ မ​ဖျက်​နှင့်၊ မင်္ဂ​လာ​ရှိ​သည်​ဟု ဆို​တတ်​သ​ကဲ့​သို့၊ ထို​အ​တူ၊ ငါ့​ကျွန်​တို့၏​အ​ကျိုး​အ​လို​ငှာ ငါ​ပြု​မည်။ အ​ကုန်​အ​စင် မ​ဖျက်။ 9ယာ​ကုပ်​အ​မျိုး​ထဲ​က မျိုး​စေ့​ကို​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​ထဲ​က ငါ့​တောင်​ကို အ​မွေ​ခံ​ရ​သော​သူ​ကို​လည်း​ကောင်း ငါ​ထုတ်​ဖော်​မည်။ ငါ​ရွေး​ကောက်​သော​သူ​တို့​သည် ပြည်​တော်​ကို အ​မွေ​ခံ၍၊ ငါ၏​ကျွန်​တို့​သည် နေ​ရ​ကြ​လိမ့်​မည်။ 10ငါ့​ကို​ရှာ​သော ငါ၏​လူ​တို့​အ​ဖို့၊ ရှာ​ရုန်​အ​ရပ်​သည် သိုး​ခြံ​ဖြစ်​လိမ့်​မည်။ အာ​ခေါ်​ချိုင့်​သည်​လည်း နွား​များ အိပ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။#ယော​ရှု၊ ၇:၂၄-၂၆။
11သင်​တို့​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​သူ၊ ငါ၏​သန့်​ရှင်း​သော​တောင်​ကို မေ့​လျော့​သော​သူ၊ ဂါ​ဒ​ဘု​ရား​ရှေ့​မှာ စား​ပွဲ​ကို​ခင်း၍၊ မေ​နိ​ဘု​ရား​အား သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ပြင်​သော​သူ​ဖြစ်​ကြ၏။ 12သင်​တို့​ကို ငါ​ရေ​တွက်၍၊ ဓား၌​အပ်​မည်။ ရှိ​သ​မျှ​တို့​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​အောင် ဦး​ချ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ​ခေါ်​သော​အ​ခါ မ​ထူး​ကြ။ ငါ​ပြော​သော​အ​ခါ နား​မ​ထောင်​ကြ။ ငါ့​မျက်​မှောက်၌ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​ကြ၏။ ငါ​မ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ​ကြ၏။ 13ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​ကျွန်​တို့​သည် စား​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ မွတ်​သိပ်​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​တို့​သည် သောက်​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ရေ​ငတ်​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​တို့​သည် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ရှက်​ကြောက်​ကြ​လိမ့်​မည်။ 14ငါ၏​ကျွန်​တို့​သည် ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား၊ ဝမ်း​နည်း​သော​စိတ်​နှင့် ငို​ကြွေး​ကြ​လိမ့်​မည်။ ကြေ​ကွဲ​သော​နှ​လုံး​နှင့် ညည်း​တွား​မြည်​တမ်း​ကြ​လိမ့်​မည်။ 15သင်​တို့​သည် ကိုယ်​နာ​မ​ကို၊ ငါ​ရွေး​ကောက်​သော​သူ​တို့၌ ကျိန်​ဆဲ​ဖို့​ရာ ကျန်​ရစ်​စေ​ကြ​လိမ့်​မည်။ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို ကွပ်​မျက်၍၊ ကိုယ်​တော်၏​ကျွန်​တို့​ကို အ​ခြား​သော​နာ​မ​ဖြင့် မှည့်​တော်​မူ​မည်။ 16မြေ​ကြီး​ပေါ်​မှာ မိ​မိ​ကို​မိ​မိ ကောင်း​ချီး​ပေး​သော​သူ​သည်၊ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကောင်း​ချီး​ပေး​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ကျိန်​ဆို​သော​သူ​သည်၊ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ ကျိန်​ဆို​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရင်​အ​မှု​တို့​ကို မေ့​လျော့​ရ၏။ ငါ့​မျက်​မှောက်၌ ကွယ်​ပျောက်​လျက်​ရှိ​ကြ၏။
ကောင်းကင်သစ်နှင့်မြေကြီးသစ်
17ကြည့်​ရှု​လော့။ မိုး​ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို ငါ​ဖန်​ဆင်း​မည်။ အ​ရင်​မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကို မ​အောက်​မေ့​ရ။ နှ​လုံး​မ​မှတ်​မိ​ရ။#ဟေ​ရှာ၊ ၆၆:၂၂။ ၂​ပေ၊ ၃:၁၃။ ဗျာ၊ ၂၁:၁။ 18ငါ​ဖန်​ဆင်း​လ​တ္တံ့​သော​အ​ရာ​ကြောင့်၊ သင်​တို့​သည် အ​စဉ်​အ​မြဲ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း၊ မြို့​သား​တို့​ကို ရွှင်​လန်း​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ ငါ​ဖန်​ဆင်း၏။ 19ငါ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​ကြောင့် ဝမ်း​မြောက်​မည်။ ငါ၏​လူ​တို့​ကြောင့် ရွှင်​လန်း​မည်။ ထို​မြို့၌ ငို​ကြွေး​သံ​နှင့် အော်​ဟစ်​သံ​ကို နောက်​တစ်​ဖန် မ​ကြား​ရ။#ဗျာ၊ ၂၁:၄။ 20ထို​မြို့၌ အ​သက်​ငယ်​သော​သူ​ငယ် မ​ရှိ​ရ။ အ​သက်​မ​ပြည့်​စုံ​သော လူ​အို​လည်း မ​ရှိ​ရ။ အ​သက်​တစ်​ရာ​ရှိ​လျက် သေ​သော​သူ​ကို သူ​ငယ်​ဟူ၍ မှတ်​ရ၏။ အ​ပြစ်​ရှိ​သော​သူ​သည် အ​သက်​တစ်​ရာ​ရှိ​လျက် သေ​လျှင်၊ ကျိန်​ခြင်း​ကို​ခံ​ရ​သော​သူ​ဟူ၍ မှတ်​ရ၏။ 21ထို​သူ​တို့​သည် ကိုယ်​ဆောက်​သော​အိမ်၌ နေ​ကြ​လိမ့်​မည်။ ကိုယ်​စိုက်​သော စ​ပျစ်​ဥ​ယျာဉ်​အ​သီး​ကို စား​ကြ​လိမ့်​မည်။ 22သူ​တို့​သည် အိမ်​ကို​ဆောက်၍ အ​ခြား​သော​သူ နေ​ရ​မည်​မ​ဟုတ်။ သူ​တို့​သည် စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်၍ အ​ခြား​သော​သူ စား​ရ​မည်​မ​ဟုတ်။ ငါ၏​လူ​တို့​အ​သက်​သည် သစ်​ပင်၏​အ​သက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် ကိုယ်​ပြု​စု​သော​အ​ရာ​ကို ကြာ​မြင့်​စွာ သုံး​ဆောင်​ရ​ကြ​လိမ့်​မည်။ 23ငါ​ရွေး​ကောက်​သော​သူ​တို့​သည် အ​ချည်း​နှီး​မ​လုပ်​မ​ဆောင်​ရ​ကြ။ အ​သက်​တို​သော​သား​ကို မ​ဖွား​မ​မြင်​ရ​ကြ။ ကိုယ်​တိုင်​မှ​စ၍ အ​မျိုး​အ​နွယ်​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ 24ငါ​သည် သူ​တို့​မ​ခေါ်​မီ​က​ပင် ထူး​မည်။ လျှောက်​စဉ်​တွင်​ပင် ငါ​နား​ထောင်​မည်။ 25တော​ခွေး​နှင့် သိုး​သ​ငယ်​တို့​သည် အ​တူ​ကျက်​စား​ကြ​လိမ့်​မည်။ ခြင်္သေ့​သည် နွား​ကဲ့​သို့ မြက်​ကို​စား​လိမ့်​မည်။ မြွေ​မူ​ကား၊ မြေ​မှုန့်​ကို​သာ စား​ရ​လိမ့်​မည်။ ငါ၏​သန့်​ရှင်း​သော​တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#ဟေ​ရှာ၊ ၁၁:၆-၉။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 65: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။