YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 9

9
ဟ​ဂျာ​နှင့်​ဟ​ဂျာ​ဟ​ဂျုန်
1တစ်​နည်း​ကား၊ ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​သည် ဝတ်​ပြု​ရာ​စီ​ရင်​ချက်​နှင့်​လည်း​ကောင်း၊ လော​ကီ​သန့်​ရှင်း​ရာ ဌာ​န​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်၏။- 2အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဟ​ဂျာ​ဟု​ခေါ်​ဝေါ်​သော ပ​ထ​မ​တဲ​တော်​သည်၊ ဆီ​မီး​ခုံ၊ စား​ပွဲ၊ ရှေ့​တော်​မုန့်​နှင့် ပြင်​ဆင်​လျက်​ရှိ၏။- 3ဒု​တိ​ယ​ကု​လား​ကာ​အ​တွင်း၌၊ ဟ​ဂျာ​ဟ​ဂျုန်​ဟု ခေါ်​ဝေါ်​သော တဲ​တော်​ရှိ၏။- 4ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။- 5ထို​သေ​တ္တာ​ပေါ်​မှာ ဘုန်း​ကြီး​သော ခေ​ရု​ဗိမ်​တို့​သည် အ​ပြစ်​ဖြေ​ရာ​ပ​လ္လင်​ကို လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ထို​အ​ရာ​များ​ကို ယ​ခု သေ​ချာ​စွာ ပြော​စ​ရာ​အ​ကြောင်း​မ​ရှိ။
6ထို​သို့ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ပြင်​ဆင်​လျက်​ရှိ​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝတ်​ပြု၍ ပ​ထ​မ​တဲ​တော်​အ​တွင်း​သို့ အ​စဉ်​ဝင်​ရ​ကြ၏။- 7ဒု​တိ​ယ​တဲ​တော်​အ​တွင်း​သို့ ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း​သာ မိ​မိ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပူ​ဇော်​သော​အ​သွေး​ကို​ဆောင်၍ တစ်​နှစ်​လျှင် တစ်​ခါ​တည်း သာ​ဝင်​ရ၏။- 8ပ​ထ​မ​တဲ​တော် မ​ပျက်​မီ​တိုင်​အောင်၊ သန့်​ရှင်း​ရာ​ဌာ​န​သို့ သွား​သော​လမ်း မ​ဖွင့်​သေး​သော အ​ကြောင်း​ကို ထို​အ​မှု​အ​ရာ​အား​ဖြင့် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် အ​ရိပ်​ပေး​တော်​မူ၏။- 9ထို​တဲ​တော်​ကား၊ ပူ​ဇော်​သ​ကာ​နှင့် ယဇ်​များ​ကို ပူ​ဇော်​သော ကာ​လ​တည်း​ဟူ​သော မျက်​မှောက်​ကာ​လ​ပတ်​လုံး ပုံ​ပ​မာ​ဖြစ်၏။ ထို​ပူ​ဇော်​သ​ကာ​နှင့် ယဇ်​များ​တို့​သည် ကိုယ်​ကို​ကိုယ် သိ​သော​စိတ်​ကို​ထောက်​လျှင်​လည်း၊ ဝတ်​ပြု​သော​သူ​အား စုံ​လင်​ခြင်း​အ​ကျိုး​ကို မ​ပေး​နိုင်​သည်​ဖြစ်၍၊- 10စား​စ​ရာ၊ သောက်​စ​ရာ၊ အ​မျိုး​မျိုး​သော နှစ်​စ​ရာ​တည်း​ဟူ​သော၊ ကိုယ်​ခ​န္ဓာ​နှင့်​ဆိုင်​သော အ​ထုံး​အ​ဖွဲ့​များ​နှင့်​တ​ကွ အ​သစ်​ပြု​ပြင်​ခြင်း ကာ​လ​တိုင်​ရုံ​မျှ​သာ တည်​ရ​ကြ၏။
11ယ​ခု​မှာ လူ​လက်​ဖြင့်​မ​လုပ်၊ ဤ​လော​က​ဓာတ်​နှင့် မ​စပ်​ဆိုင်၊ သာ၍​ကြီး​မြတ်​စုံ​လင်​သော တဲ​တော်၌၊ နောက်​မင်္ဂ​လာ​အ​ကျိုး​တို့၏ ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော ခ​ရစ်​တော်​သည်၊- 12ငါ​တို့​အ​ဖို့ ထာ​ဝ​ရ​ရွေး​နုတ်​ခြင်း ကျေး​ဇူး​ကို​ခံ​ရ၍ ဆိတ်​အ​သွေး၊ နွား​က​လေး​အ​သွေး​နှင့် မ​ဟုတ်၊ မိ​မိ​အ​သွေး​တော်​နှင့် သန့်​ရှင်း​ရာဌာ​န​ထဲ​သို့ တစ်​ခါ​တည်း ဝင်​တော်​မူ၏။- 13အ​ကြောင်း​မူ​ကား၊ အ​ညစ်​အ​ကြေး​ရှိ​သော သူ​တို့​အ​ပေါ်၌ ဖျန်း​သော​နွား​အ​သွေး၊ ဆိတ်​အ​သွေး၊ နွား​မက​လေး၏​ပြာ​သည်၊ သူ​တို့​ကိုယ်​ခ​န္ဓာ၌ စင်​ကြယ်​ခြင်း​ကို ပြု​နိုင်​သည်​မှန်​လျှင်၊- 14ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။- 15ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​လက်​ထက်၌ ပြစ်​မှား​သော​အ​ပြစ်​ကို​လည်း လွတ်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သည် ဖြစ်၍၊ ခေါ်​တော်​မူ​သော သူ​တို့​သည် က​တိ​တော်​နှင့်​ယှဉ်​သော ထာ​ဝ​ရ​အ​မွေ​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထို​သ​ခင်​သည် ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​ဖြစ်​တော်​မူ၏။- 16အ​မွေ​ခံ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး၍ စာ​ချုပ်​သည်​အ​မှု​မှာ​လည်း စာ​ချုပ်​တည်​လျှင် စာ​ချုပ်​သော​သူ​သည် ဧ​ကန်​သေ​ရ​မည်​မှန်​ပြီ။- 17အ​ကယ်၍ မ​သေ​လျှင်၊ ထို​စာ​ချုပ်​သည်​မ​တည်၊ သေ​မှ​သာ​တည်၏။- 18ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို စီ​ရင်​သော​အ​ခါ၊ အ​သွေး​နှင့်​ကင်း၍ မ​စီ​ရင်။- 19တ​ရား​တော်၌ ပါ​သ​မျှ​သော ပ​ညတ်​တို့​ကို မော​ရှေ​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ပြီး​မှ၊ ရေ​နှင့်​ရော​နှော​သော​နွား၊ ဆိတ်၏​အ​သွေး​ကို​ယူ၍၊ အ​နီ​ဆိုး​သော သိုး​မွေး​တပ်​သော ဟုဿုပ်​ပင်​ညွန့်​နှင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျန်း​လျက်၊- 20ဤ​အ​သွေး​ကား၊ သင်၌​ဘု​ရား​သ​ခင် ဝန်​ခံ​တော်​မူ​သော ပ​ဋိ​ညာဉ်၏ အ​သွေး​ဖြစ်​သည်​ဟု ပြော​ဆို၏။- 21တဲ​တော်​နှင့် ဝတ်​ပြု​သော တန်​ဆာ​များ​ကို​လည်း ထို​နည်း​တူ အ​သွေး​နှင့်​ဖျန်း​ရ၏။- 22ပ​ညတ်​တ​ရား​အ​တိုင်း ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကုန်​မ​တတ် အ​သွေး​အား​ဖြင့် စင်​ကြယ်​စေ​တတ်၏။ အ​သွေး​မ​သွန်း​လောင်း​ဘဲ အ​ပြစ်​လွှတ်​ခြင်း​မ​ရှိ။
ခ​ရစ်​တော်​၏ပူ​ဇော်​ခြင်း​ဖြင့်အပြစ်လွတ်​ခြင်း
23ထို​ကြောင့် ကောင်း​ကင်​ဘုံ၌​ရှိ​သော အ​ရာ​တို့၏ ပုံ​များ​ကို ထို​သို့​သော​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် စင်​ကြယ်​စေ​ရ​သည်​ဖြစ်၍၊ ကောင်း​ကင်​အ​ရာ​တို့​ကို သာ၍​မြတ်​သော ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် စင်​ကြယ်​စေ​ရ၏။
24ထို​သို့​နှင့်​အ​ညီ၊ မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တို့၏ ပုံ​ဖြစ်​သော၊ လူ​တို့​လက်​ဖြင့်​လုပ်​သော သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ခ​ရစ်​တော်​သည်​မ​ဝင်​ဘဲ၊ ငါ​တို့​အ​တွက်​ကြောင့် ယ​ခု ဘု​ရား​သ​ခင်၏ ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ၊ ကောင်း​ကင်​ကိုယ်​ထဲ​သို့ ဝင်​တော်​မူ​ပြီ၊- 25သို့​သော်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ သူ​တစ်​ပါး​အ​သွေး​နှင့် နှစ်​တိုင်း အ​စဉ်​ဝင်​ရ​သ​ကဲ့​သို့ ခ​ရစ်​တော်​သည် အ​ဖန်​များ​စွာ ကိုယ်​ကို ပူ​ဇော်​ရ​သည်​မ​ဟုတ်။- 26ထို​သို့​ပူ​ဇော်​ရ​သည်​မှန်​လျှင်၊ က​မ္ဘာ​ဦး​မှ​စ၍ အ​ဖန်​များ​စွာ အ​သေ​ခံ​တော်​မူ​ရ၏။ ယ​ခု​မူ​ကား၊ ဤ​ကပ်​ကာ​လ​အ​ဆုံး၌ တစ်​ခါ​တည်း ကိုယ်​ကို ပူ​ဇော်​သော​အား​ဖြင့် အ​ပြစ်​များ​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ပေါ်​ထွန်း​တော်​မူ၏။- 27လူ​သည် တစ်​ခါ​တည်း​သေ၍ ထို​နောက်​မှ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊- 28ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် လူ​များ​အ​ပြစ်​တို့​ကို ခံ​ခြင်း​ငှာ တစ်​ခါ​တည်း ကိုယ်​ကို​ပူ​ဇော်​ပြီး​မှ၊ နောက်​တစ်​ဖန် ထို​သ​ခင်​ကို မျှော်​လ​င့်​လျက်​နေ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ အ​ပြစ်​နှင့်​မ​ဆိုင်​ဘဲ ပေါ်​ထွန်း​တော်​မူ​လ​တ္တံ့။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။