YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 10

10
ခ​ရစ်​တော်၏​တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း
1တစ်​နည်း​ကား၊ ပ​ညတ်​တ​ရား​သည် နောက်​ဖြစ်​လ​တ္တံ့​သော မင်္ဂ​လာ​အ​ကျိုး​တို့၏ သေ​ချာ​သော ပုံ​သ​ဏ္ဌာန်​ကို​မ​ပြ၊ အ​ရိပ်​ကို​သာ​ပြ​သည်​ဖြစ်၍၊ နှစ်​စဉ်​မ​ပြတ် ပူ​ဇော်​သော​ယဇ်​အား​ဖြင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​တို့​ကို စုံ​လင်​ခြင်း​အ​ဖြစ်၌ မ​တည်​စေ​နိုင်​ရာ။- 2တည်​စေ​နိုင်​လျှင်၊ ဝတ်​ပြု​သော​သူ​တို့​သည် တစ်​ခါ​တည်း​နှင့် စင်​ကြယ်​ခြင်း​သို့ ရောက်​ပြီး​မှ၊ နောက်​တစ်​ဖန် သံ​ဝေ​ဂ​တ​ရား​ရ​စ​ရာ​အ​ကြောင်း အ​လျှင်း​မ​ရှိ​သည်​ဖြစ်​သော​ကြောင့်၊ ထို​ယဇ်​တို့​ကို တစ်​ခါ​တည်း​သာ​ပူ​ဇော်၍၊ နောက်​တစ်​ဖန် မ​ပူ​ဇော်​ဘဲ​နေ​ရ​ကြ​မည် မ​ဟုတ်​လော။- 3ယ​ခု​မူ​ကား ယဇ်​ပူ​ဇော်​သည်​တွင် အ​ပြစ်​များ​ကို နှစ်​တိုင်း အောက်​မေ့​ခြင်း​ရှိ၏။- 4အ​ကြောင်း​မူ​ကား၊ နွား၊ ဆိတ်၏​အ​သွေး​သည် အ​ပြစ်​ကို မ​ပယ်​နိုင်​ရာ။
5ထို​ကြောင့်၊ ခ​ရစ်​တော်​သည် ဤ​လော​က​သို့ ကြွ​လာ​သော​အ​ခါ၊ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​ကို အ​လို​တော်​မ​ရှိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​အ​ဖို့ ကိုယ်​ခ​န္ဓာ​ကို ပြင်​ဆင်​တော်​မူ​ပြီ။- 6မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ ယဇ်​များ​ကို အား​ရ​နှစ်​သက်​တော်​မ​မူ​သော​အ​ခါ၊ ကျမ်း​စာ​လိပ်၌ အ​ကျွန်ုပ်​ကို အ​မှတ်​ပြု၍ ရေး​ထား​သည်​နှင့်​အ​ညီ၊- 7အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​အ​လို​ကို ဆောင်​အံ့​သော​ငှာ သွား​ပါ​မည်​ဟု အ​ကျွန်ုပ်​ဝန်​ခံ​ပါ​သည်​ဟု လျှောက်​ဆို၏။- 8ပ​ညတ်​တ​ရား​အ​တိုင်း ပြု​ရ​သော​ဝတ်​ကို ရည်​ဆောင်​လျက် ခ​ရစ်​တော်​က၊ မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​တို့​ကို ကိုယ်​တော်​သည် အ​လို​တော်​မ​ရှိ၊ အား​ရ​နှစ်​သက်​တော်​မ​မူ​ဟု အ​ထက်​က ဆို​နှင့်​ပြီး​မှ၊- 9တစ်​ဖန်​တုံ၊ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​အ​လို​ကို ဆောင်​အံ့​သော​ငှာ သွား​ပါ​မည်​ဟု ဆို​သည်​တွင်၊ ဒု​တိ​ယ​ဝတ်​ကို တည်​စေ​ခြင်း​ငှာ ပ​ထ​မ​ဝတ်​ကို ပယ်၏။- 10ထို​အ​လို​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်၏ ကိုယ်​တော်​ကို တစ်​ခါ​တည်း ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​တို့​သည် စင်​ကြယ်​ခြင်း​သို့ ရောက်​ကြ၏။
11ယဇ်​ပု​ရော​ဟိတ် မည်​သည်​ကား၊ နေ့​တိုင်း​ဝတ်​ပြု​လျက်၊ အ​ပြစ်​ကို မ​ဖြေ​နိုင်​သော​ယဇ်​ကို အ​ထပ်​ထပ် အ​ဖန်​ဖန် ပူ​ဇော်​လျက်​ရပ်​နေ​ရ၏။- 12ထို​သ​ခင်​မူ​ကား၊ အ​ပြစ်​ကို​ဖြေ​ခြင်း​ငှာ ယဇ်​တစ်​ခု​တည်း​ကို ပူ​ဇော်​ပြီး​မှ​စ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ အ​စဉ်​အ​မြဲ​ထိုင်၍၊- 13မိ​မိ​ရန်​သူ​တို့​ကို မိ​မိ​ခြေ​တင်​ရာ မ​ချ​မ​ထား​မီ​တိုင်​အောင် မျှော်​လ​င့်​လျက် နေ​တော်​မူ၏။- 14အ​ကြောင်း​မူ​ကား၊ စင်​ကြယ်​သော​သူ​တို့​သည် ထာ​ဝ​ရ​စုံ​လင်​ခြင်း​အကျိုးကိုရစေခြင်းငှာ၊ တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း​အား​ဖြင့် ပြု​တော်​မူ၏။- 15ထို​သို့​နှင့်​အ​ညီ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ငါ​တို့​အား သက်​သေ​ပေး​တော်​မူ​သည်​မှာ၊- 16နောင်​ကာ​လ​အ​ခါ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​နှ​လုံး​ထဲ​မှာ ပေး​သွင်း​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်၏ အ​ပေါ်​မှာ ရေး​ထား​မည်​ဟု အ​ထက်​က​မိန့်​တော်​မူ​ပြီး​မှ၊-#ယေ၊ ၃၁း၃၃။ 17တစ်​ဖန်​တုံ၊ သူ​တို့​ပြစ်​မှား​ခြင်း၊ လွန်​ကျူး​ခြင်း အ​မျိုး​မျိုး​ကို ငါ​မ​အောက်​မေ့​ဘဲ နေ​မည်​ဟု လာ​သ​တည်း။-#ယေ၊ ၃၁း၃၄။ 18ထို​အ​ပြစ်​တို့​ကို လွှတ်​ပြီး​လျှင် နောက်​တစ်​ဖန် အ​ပြစ်​ဖြေ​သော ပူ​ဇော်​သ​ကာ​ကို ပြု​စေ​ရာ​အ​ကြောင်း​မ​ရှိ။
အ​ထံ​တော်​သို့​တိုး၀င်​ချဉ်း​ကပ်
19-20ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ယေ​ရှု၏ ကိုယ်​ခ​န္ဓာ​တော်​တည်း​ဟူ​သော ကု​လား​ကာ​အား​ဖြင့် ထို​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​သက်​လမ်း​သစ်​တွင်၊- 21ငါ​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့၊ အ​သွေး​တော်​ကို အ​မှီ​ပြု၍ အ​ဆီး​အ​တား​မ​ရှိ၊ ဝင်​ရ​သော​အ​ခွင့် ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို အုပ်​စိုး​သော ယဇ်​ပု​ရော​ဟိတ်​မင်း ရှိ​သ​ဖြင့်​လည်း​ကောင်း၊- 22ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။- 23မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ကို ဝန်​ခံ၍ မ​တိမ်း​ယိမ်း​မ​ရွေ့​လျော့​ဘဲ တည်​ကြည်​ကြ​ကုန်​အံ့။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။- 24ထို​မှ​တစ်​ပါး မေ​တ္တာ​စိတ်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တိုက်​တွန်း နှိုး​ဆော်​ရ​သော​အ​ခွင့်​ကို ရှာ၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ထောက်​စာ​ကြည့်​ရှု​ကြ​ကုန်​အံ့။- 25လူ​အ​ချို့​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ရှောင်​မ​လွှဲ​ကြ​နှင့်။ အ​ချင်း​ချင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ကာ​လ​အ​ချိန် ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ သာ၍ ကြိုး​စား​ကြ​လော့။
26အ​ကြောင်း​မူ​ကား၊ သ​မ္မာ​တ​ရား​ကို သိ​ပြီး​မှ ကိုယ်​အ​လို​သို့​လိုက်၍ ပြစ်​မှား​ပြန်​လျှင်၊ နောက်​တစ်​ဖန် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ရာ​အ​ခွင့် မ​ရှိ​ဘဲ၊- 27ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်​ဟု ကြောက်​မက်​ဖွယ်​သော မျှော်​လ​င့်​ရ​သော​အ​ကြောင်း၊ ငြင်း​ဆန်​သော သူ​တို့​ကို ဖျက်​ဆီး​ဖို့​ရာ အ​မျက်​တော် မီး​လောင်​ခြင်း​ကို ခံ​ရ​သော​အ​ကြောင်း​ရှိ၏။- 28မော​ရှေ၏​တ​ရား​ကို ပယ်​သော​သူ​မည်​သည်​ကား၊ သက်​သေ​ခံ နှစ်​ဦး​သုံး​ဦး​ရှိ​လျှင်၊ သ​နား​ခြင်း​ကို မ​ခံ​ရ​ဘဲ သေ​ရ၏။- 29ထို​မျှ​မ​က၊ ဘု​ရား​သ​ခင်၏ သား​တော်​ကို ခြေ​ဖြင့်​ကျော်​နင်း​လျက်၊ မိ​မိ​ကို​စင်​ကြယ်​စေ​သော ပ​ဋိ​ညာဉ်​တ​ရား၏ သွေး​ကို အ​ပြစ်​တင်​လျက်၊ ဆု​ကျေး​ဇူး​ကို​ပေး​သော ဝိ​ညာဉ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​လျက်​ရှိ​သော​သူ​သည်၊ အ​ဘယ်​မျှ​လောက် ကြီး​စွာ​သော​ဒဏ်​ဖြင့် ခံ​ထိုက်​သည်​ကို သင်​တို့ ထင်​ကြ​သ​နည်း။- 30ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အ​ဖို့ တ​ရား​စီ​ရင်​မည်​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ​သော​သူ​ကို ငါ​တို့​သည် အ​မှန်​သိ​ကြ၏။-#တ​ရား၊ ၃၂း၃၅၊ ၃၆၊ ဆာ၊ ၁၃၅း၁၄။ 31အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​လက်​တော်​သို့ ကျ​ရောက်​ခြင်း​အ​မှု​သည် ကြောက်​မက်​ဖွယ်​သော​အ​မှု ဖြစ်​သ​တည်း။
32-33သင်​တို့​သည် အ​လင်း​သို့​ရောက်​ပြီး​သည်​နောက်၊ လူ​များ​ရှေ့​မှာ ကဲ့​ရဲ့​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သို့​ခံ​ရ​သော​သူ​တို့​နှင့် ဆက်​ဆံ​သော အ​ပေါင်း​အ​ဖော် ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​များ​ကို ဆိုင်​ပြိုင်​တိုက်​လှန်​ခြင်း​နှင့် တွေ့​ကြုံ​သော အ​ထက်​ကာ​လ​အ​ချိန်​ကို အောက်​မေ့​ကြ​လော့။- 34ထို​အ​ခါ သင်​တို့​သည် အ​ကျဉ်း​ခံ​ရ​သော သူ​တို့​အ​တွက်​ကြောင့် ကြင်​နာ​သော​စိတ် ရှိ​ရ​သည်​သာ​မ​က၊ ကိုယ်​ပ​စ္စည်း​ဥ​စ္စာ​များ​ကို သူ​တစ်​ပါး​လု​ယူ​ဖျက်​ဆီး​သော်​လည်း၊ ကိုယ်​သုံး​စ​ရာ​ဖို့ ကောင်း​ကင်​ဘုံ၌ သာ၍​မြတ်​သော အ​မြဲ​တည်​သော ဘ​ဏ္ဍာ​ရှိ​သည်​ကို​သိ၍၊ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝန်​ခံ​ကြ၏။- 35ထို​ကြောင့်၊ ကြီး​စွာ​သော​အ​ကျိုး​နှင့်​ယှဉ်​သော သင်​တို့၏ ရဲ​ရင့်​ခြင်း​စိတ်​ကို မ​စွန့်​ကြ​နှင့်။- 36ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို ဆောင်​ပြီး​မှ၊ က​တိ​တော်​အ​တိုင်း အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း သည်း​ခံ​ခြင်း​စိတ်​ရှိ​ရ​မည်။- 37အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ကြွ​လာ​လ​တ္တံ့​သော​သူ​သည် မ​ဆိုင်း​မ​လင့်​ဘဲ၊ မ​ကြာ​မ​မြင့်​မီ ရောက်​တော်​မူ​လိမ့်​မည်။- 38ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။ သို့​သော်​လည်း၊ ရွေ့​လျော့​လျှင်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် ထို​သူ​ကို အား​ရ​နှစ်​သက်​ခြင်း​မ​ရှိ​ဟု ဘု​ရား​သ​ခင် အ​မိန့်​တော်​ရှိ၏။- 39ငါ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့​ရောက်​အံ့​သော​ငှာ ရွေ့​လျော့​သော​သူ မ​ဟုတ်။ စိတ်​ဝိ​ညာဉ်​သည် ကယ်​တင်​ခြင်း​သို့​ရောက်​အံ့​သော​ငှာ ယုံ​ကြည်​သော​သူ ဖြစ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဟေဗြဲ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။