YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 12

12
1ငါ​နေ၍ မ​ပျော်​နိုင်​ဟု​ဆို​ရ​သော ကာ​လ​သည်​မ​နီး၊ ဆိုး​သော​ကာ​လ​မ​ရောက်​မီ၊ ယ​ခု​အ​သက်​ပျို​စဉ်​အ​ခါ​ပင်၊ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို အောက်​မေ့​လော့။ 2နေ​နှင့် အ​လင်း၊ လ​နှင့် ကြယ်​တို့​သည် ကွယ်၍​မိုး​ရွာ​ပြီး​မှ၊ အ​ထပ်​ထပ်​ရွာ​တတ်​သော​ကာ​လ​မ​ရောက်​မီ အောက်​မေ့​လော့။ 3ထို​ကာ​လ၌ အိမ်​စောင့်​တို့​သည် တုန်​လှုပ်၍၊ ခိုင်​ခံ့​သော​သူ​တို့​သည် အား​လျော့​ကြ​လိမ့်​မည်။ ဆန်​ကြိတ်​သော​သူ​တို့​သည် နည်း​သော​ကြောင့် ရပ်​ကြ​လိမ့်​မည်။ ပြတင်း​ပေါက်​ဖြင့် ကြည့်​သော​သူ​တို့​သည် အ​လင်း​ကွယ်​ကြ​လိမ့်​မည်။ 4ကြိတ်​သံ​လျော့​သော​အ​ခါ၊ လမ်း​နား​မှာ တံ​ခါး​ရွက်​တို့​သည် စေ့​လျက်​ရှိ​လိမ့်​မည်။ ငှက်​သံ​ကို ကြား​သော​အ​ခါ၊ စော​စော​ထ​လိမ့်​မည်။ သီ​ချင်း​သည်​မ​အ​ပေါင်း​တို့​သည် အ​သံ​သေး​ကြ​လိမ့်​မည်။ 5ထို​ကာ​လ၌ မြင့်​သော​အ​ရာ​တို့​ကို ကြောက်​ကြ​လိမ့်​မည်။ လမ်း၌​ဘေး​တွေ့​မည်​ဟု ထင်​ကြ​လိမ့်​မည်။ ဗာ​တံ​ပင်​ပွင့်​လိမ့်​မည်။ ကျိုင်း​ကောင်​သည် မိ​မိ၌ မိ​မိ​လေး​လိမ့်​မည်။ အ​လို​ဆ​န္ဒ​လျော့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ထာ​ဝ​ရ​နေ​ရာ​သို့ သွား​ဆဲ​ရှိ၍၊ ငို​ခြင်း​သည်​တို့​သည် လမ်း​တို့၌ လှည့်​လည်​ကြ၏။ 6ငွေ​ကြိုး​ပြုတ်​ခြင်း၊ ရွှေ​ဖ​လား​ကွဲ​ခြင်း၊ စမ်း​ရေ​တွင်း၌ ရေ​ပုံး​ပေါက်​ခြင်း၊ ရေ​ကျင်း​နား​မှာ စက်​ကျိုး​ခြင်း အ​ခြင်း​အ​ရာ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။ 7ထို​ကာ​လ၌ မြေ​မှုန့်​သည်​နေ​ရင်း​မြေ​သို့​လည်း​ကောင်း၊ ဝိ​ညာဉ်​သည် အ​ရင်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့​လည်း​ကောင်း ပြန်​သွား​ရ​လိမ့်​မည်။
လူ​သား​တို့၏​တာ၀​န
8အ​န​တ္တ​သက်​သက်၊ အ​လုံး​စုံ​တို့​သည်​အ​န​တ္တ​ဖြစ်​ကြ​သည်​ဟု ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​ဟော၏။ 9ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည် ပ​ညာ​ရှိ​သည်​အ​တိုင်း၊ ပ​ရိ​သတ်​တို့​အား ပ​ညာ​အ​တတ်​ကို သွန်​သင်​လေ့​ရှိ၏။ လုံ့​လ​ဝိ​ရိ​ယ​ပြု​လျက် များ​စွာ​သော​သု​တ္တံ​စ​ကား​တို့​ကို ရှာ​ဖွေ၍​စီ​ရင်၏။ 10ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည် နား​ထောင်​ဖွယ်​သော​စ​ကား​ကို ရှာ၍၊ ရေး​ထား​ချက်​စ​ကား​သည် ဖြောင့်​မတ်​သော​စ​ကား၊ သ​မ္မာ​စ​ကား​ဖြစ်၏။ 11ပ​ညာ​ရှိ​သော​သူ၏​စ​ကား​သည် တုတ်​ချွန်​နှင့်​လည်း​ကောင်း၊ တစ်​ပါး​တည်း​သော သိုး​ထိန်း​ကြီး အပ်​ပေး​တော်​မူ၍၊ ပ​ရိ​သတ်​အုပ်​တို့ ရိုက်​ထား​သော သံ​ချွန်​နှင့်​လည်း​ကောင်း တူ၏။ 12တစ်​ဖန်​တုံ၊ ငါ့​သား၊ ထို​သို့​သော​စ​ကား​အား​ဖြင့် ဆုံး​မ​ခြင်း​ကို ခံ​လော့။ စာ​များ​ကို​စီ​ရင်၍ မ​ကုန်​နိုင်။ စာ​ကို ကြိုး​စား၍ ကြည့်​ရှု​ခြင်း​အ​မှု​သည်၊ ကိုယ်​ကို နှောင့်​ယှက်​သော​အ​မှု​ဖြစ်၏။
13အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍၊ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လော့။ ဤ​ရွေ့​ကား၊ လူ​နှင့်​ဆိုင်​သော အ​မှု​အ​ရာ​အ​လုံး​အ​စုံ​တို့​ကို ချုပ်​ခြာ​သ​တည်း။ 14အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော ဝှက်​ထား​ခြင်း​မှ​စ၍၊ အ​လုံး​စုံ​သော​အ​မှု၊ ကောင်း​မ​ကောင်း​ရှိ​သ​မျှ​တို့​ကို စစ်​ကြော၍၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​လ​တ္တံ့​သ​တည်း။
ရှော​လ​မုန်​မင်း​ကြီး စီ​ရင်​ရေး​ထား​သော ဒေ​သ​နာ​ကျမ်း​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။