YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 11

11
ပ​ညာ​ရှိ​ပြု​သော​အ​မှု
1သင်၏​အ​စာ​ကို ရေ​ပေါ်​မှာ​ပစ်​ချ​လော့။ ကာ​လ​ကြာ​မြင့်​မှ တစ်​ဖန်​တွေ့​လေ​ဦး​မည်။ 2လူ​ခု​နစ်​ယောက်​မ​က၊ ရှစ်​ယောက်​တို့​အား ဝေ​မျှ​လော့။ မြေ​ပေါ်​မှာ အ​ဘယ်​အ​မှု​ရောက်​မည်​ကို သင်​မ​သိ။ 3မိုး​တိမ်​တို့​သည် မိုး​ရေ​နှင့်​ပြည့်​သော​အ​ခါ မြေ​ပေါ်​မှာ​ရွာ​တတ်၏။ သစ်​ပင်​သည် တောင်​ဘက်​သို့ လဲ​သည်​ဖြစ်​စေ၊ မြောက်​ဘက်​သို့ လဲ​သည်​ဖြစ်​စေ၊ လဲ​သော​အ​ရပ်၌ နေ​ရာ​ကျ၏။ 4လေ​ကို မှတ်​တတ်​သော​သူ​သည် မျိုး​စေ့​ကို​မ​ကြဲ။ မိုး​တိမ်​တို့​ကို ပ​မာ​ဏ​ပြု​တတ်​သော သူ​သည်​လည်း စ​ပါး​ကို​မ​ရိပ်​ရာ။ 5နာမ်​ဝိ​ညာဉ်​သွား​ရာ လမ်း​ကို​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​သော မိန်း​မ​ဝမ်း၌ အ​ရိုး​တို့​သည် အ​ဘယ်​သို့ တိုး​ပွား​သည်​ကို​လည်း​ကောင်း မ​သိ​နိုင်​သ​ကဲ့​သို့၊ အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်၏​အ​မှု​တော်​တို့​ကို မ​သိ​နိုင်။ 6နံ​နက်​အ​ချိန်၌ မျိုး​စေ့​ကို​ကြဲ​လော့။ ညဉ့်​ဦး​အ​ချိန်၌​လည်း မ​ကြဲ​ဘဲ​မ​နေ​နှင့်။ အ​ကြောင်း​မူ​ကား၊ အ​ဘယ်​အ​ရာ​သည် အ​ကျိုး​ရှိ​မည်​ကို​လည်း​ကောင်း၊ နှစ်​ပါး​စ​လုံး​တို့​သည် အ​ညီ​အ​မျှ​အ​ကျိုး​ရှိ​မည်​ကို​လည်း​ကောင်း မ​သိ​နိုင်။
ပျို​ရွယ်​သူ​အ​တွက်​အ​ကြံ​ဉာဏ်
7အ​ကယ်​စင်​စစ် အ​လင်း​သည် ချို၏။ နေ​ရောင်​ခြည်​ကို​မြင်၍ ပျော်​ပါး​စ​ရာ​ရှိ၏။ 8သို့​ရာ​တွင်၊ လူ​သည် အ​သက်​တာ​ရှည်၍ အ​စဉ်​ရွှင်​လန်း​သော်​လည်း၊ မှောင်​မိုက်​ကာ​လ​ကို အောက်​မေ့​ပါ​စေ။ ထို​ကာ​လ ကြာ​မြင့်​လိမ့်​မည်။ ဖြစ်​လ​တ္တံ့​သ​မျှ​တို့​သည် အ​န​တ္တ​သက်​သက်​ဖြစ်​ကြ၏။ 9အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။ 10သို့​ဖြစ်၍၊ စိတ်​ညှိုး​ငယ်​ခြင်း​အ​ကြောင်း​နှင့်၊ ကိုယ်​ဆင်း​ရဲ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား​လော့။ အ​သက်​ငယ်​ခြင်း​အ​ရာ​နှင့် အ​ရွယ်​ပျို​ခြင်း​အ​ရာ​သည် အ​န​တ္တ​ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။