YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 5

5
1ဤသို့ဖြင့် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​အဖို့ လုပ်ဆောင်စရာ​အလုံးစုံ​တို့​ကို လုပ်ဆောင်​ပြီးစီး​လေ​၏​။ ခမည်းတော်​ဒါဝိဒ်​မင်းကြီး ဆက်ကပ်လှူဒါန်း​ထား​သော ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​ရှိသမျှ​တို့​ကို ရှောလမုန်​မင်းကြီး​ယူဆောင်​လာ​ပြီး ဘုရားသခင်​၏​အိမ်​တော်​ရှိ​ဘဏ္ဍာတိုက်​ထဲတွင် ထားရှိ​လေ​၏​။
ဗိမာန်တော်ဆက်ကပ်ခြင်းအတွက် ပြင်ဆင်ခြင်း
2ထို့နောက်တွင် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ဒါဝိဒ်​မြို့ ခေါ်​ဇိအုန်​မြို့​သို့ ယူဆောင်​လာ​ရန် ရှောလမုန်​မင်းကြီး​သည် အစ္စရေး​သက်ကြီးဝါကြီး​များ​၊ အစ္စရေး​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​များ​ဖြစ်​သော အမျိုးအနွယ်​တို့​၏​အကြီးအမှူး​အပေါင်း​တို့​အား ဂျေရုဆလင်​မြို့​သို့ လာရောက်​စုရုံး​စေ​၏​။ 3ထို့ကြောင့် သတ္တမ​လ ပွဲတော်​ကျင်းပ​ချိန်​တွင် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ရှင်ဘုရင်​ထံ စုရုံး​ရောက်ရှိ​လာ​ကြ​၏​။
4အစ္စရေး​သက်ကြီးဝါကြီး​အားလုံး ရောက်လာ​သောအခါ လေဝိ​အမျိုး​တို့​သည် သေတ္တာ​တော်​ကို ပင့်ဆောင်​ကြ​၏​။ 5သူ​တို့​သည် သေတ္တာ​တော်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​နှင့် တဲ​တော်​အတွင်း​ရှိ သန့်ရှင်း​သော​အသုံးအဆောင်​အားလုံး​ကို သယ်ဆောင်​လာ​ကြ​၏​။ ဤ​အရာ​တို့​ကို ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​များ​သည် သယ်ဆောင်​လာ​ကြ​၏​။ 6ရှောလမုန်​မင်းကြီး​နှင့် သူ့​ထံသို့​စုဝေး​ရောက်ရှိ​လာ​သော​အစ္စရေး​လူထု​အပေါင်း​တို့​သည် သေတ္တာ​တော်​ရှေ့​တွင် မ​ရေ​မ​တွက်​နိုင်​အောင်​များပြား​လှ​သော သိုး​နွား​တို့​ကို ပူဇော်​ကြ​၏​။ 7ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ပြီး အိမ်​တော်​အတွင်းခန်း အသန့်ရှင်းဆုံးဌာန​တော်​ရှိ ခေရုဗိမ်#5:7 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တို့​၏​အတောင်​တော်​အောက်​တွင် နေရာချ​ထား​၏​။ 8ခေရုဗိမ်#5:8 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တို့​၏​အတောင်​များ​သည် သေတ္တာ​တော်​နေရာ​အထက်​တွင် ဖြန့်ထား​လျက်​ရှိ​သဖြင့် ထို​ခေရုဗိမ်​တို့​၏​အတောင်​များ​သည် သေတ္တာ​တော်​နှင့် ထမ်းပိုး​တော်​တို့​အပေါ် အုပ်မိုး​ထား​၏​။ 9သေတ္တာ​တော်​ထမ်းပိုး​တို့​သည် ရှည်​လွန်း​သဖြင့် ထမ်းပိုး​အစွန်းပိုင်း​ကို အပြင်​မှ​မ​မြင်​ရ​သော်လည်း သန့်ရှင်းရာဌာန​မှ လှမ်းမြင်​ရ​၏​။ ယနေ့​ထိတိုင် ထမ်းပိုး​များ ထို​နေရာ​တွင် ရှိ​နေ​၏​။ 10သေတ္တာ​တော်​ထဲတွင် ကျောက်ပြား​နှစ်​ချပ်​မှလွဲ၍ မည်သည့်​အရာ​မျှ​မ​ရှိ​။ ထို​ကျောက်ပြား​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး ဟောရပ်​အရပ်​၌ ထာဝရဘုရား​နှင့်​ပဋိညာဉ်ဖွဲ့​ခဲ့​ကြ​စဉ် မောရှေ​ထည့်သွင်း​ထား​သော​ကျောက်ပြား​များ ဖြစ်​ကြ​၏​။
11ယဇ်ပုရောဟိတ်​အားလုံး​သည် မိမိ​တို့​အလှည့်ကျ​သည်​ကို​မ​စောင့်​ဘဲ မိမိတို့ကိုယ်ကို သန့်ရှင်း​ခြင်း​ဝတ်​ပြု​ပြီး​ဖြစ်​၏​။ ယဇ်ပုရောဟိတ်​တို့​သည် သန့်ရှင်းရာဌာန​မှ ထွက်လာ​ကြ​သောအခါ 12အာသပ်​၊ ဟေမန်​၊ ယေဒုသုန်​နှင့် သူ​တို့​၏​သားမြေး​များ​၊ ညီအစ်ကို​များ​ပါဝင်​သော လေဝိ​အမျိုး​သီချင်းသည်​အပေါင်း​တို့​သည် ပိတ်ချောထည်​ကို ဝတ်ဆင်​လျက် လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက်​များ​ကိုင်ဆောင်​လျက် ယဇ်ပလ္လင်​အရှေ့ဘက်​တွင် ရပ်​နေ​ကြ​၏​။ တံပိုးခရာမှုတ်​ရ​သော​ယဇ်ပုရောဟိတ် အပါး​တစ်ရာ့​နှစ်ဆယ်​တို့​လည်း သူ​တို့​နှင့်အတူ ရပ်​နေ​ကြ​၏​။ 13တံပိုးမှုတ်​သူ​များ​နှင့် သီချင်းဆို​သူ​များ​သည် စည်းဝါးညီညီ​တစ်သံတည်း​ဖြင့် ထာဝရဘုရား​ထံ ဂုဏ်တော်​ချီးမွမ်း​သီဆို​ကြ​၏​။ တံပိုးသံ​၊ လင်းကွင်းသံ စသော​တူရိယာသံ​များ​နှင့်တကွ ထာဝရဘုရား​ထံ “​ကိုယ်တော်​ကောင်းမြတ်​တော်မူ​၏​။ မေတ္တာကရုဏာ​တော် အစဉ်အမြဲ​တည်​၏​”​ဟု အသံ​ကို​လွှင့်​၍ ချီးမွမ်းသီဆို​ကြ​သောအခါ ထာဝရဘုရား​၏​အိမ်​တော်​တစ်ခုလုံး မိုးတိမ်​များ​ဖုံးလွှမ်း​သွား​လေ​၏​။ 14ထို​မိုးတိမ်​များ​ကြောင့် ယဇ်ပုရောဟိတ်​တို့​သည် အမှု​တော်​ဆောင်​၍​ပင် မ​ရ​ကြ​တော့​ပေ​။ ဤသို့ဖြင့် ထာဝရဘုရား​၏​ဘုန်း​တော်​သည် ဘုရားသခင်​၏​အိမ်​တော်​ကို ဖုံးလွှမ်း​လျက်​ရှိ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။