ခရစ္စမတ်တစ်လျှောက် အံ့ဩဖွယ်ရာ ဆုပတ္ထနာနမူနာ

ဆုတောင်းပတ္ထနာပြုကြပါစို့
ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့ အဘ၊ အကျွန်ုပ်တို့သည် ခရစ်တော်ကို မသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ကတိတော်ပါသော ပဋိညာဉ်တရားတို့နှင့် မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကို အောက်မေ့ကြပါသည်။
သို့သော်၊ အထက်က ဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။
ခရစ္စမတ်သည် ကျွန်ုပ်တို့၏ ထိုက်တန်မှုအကြောင်း မဟုတ်ဘဲ ကိုယ်တော်၏ မဟာကျေးဇူးတော်ကို ချီးမွမ်းခြင်းအတွက်သာ ဖြစ်ပါ၏။ ခရစ္စမတ်တွင်၊ အရှင်ယေရှုရားသည် ကျွန်ုပ်တို့၏အပြစ်မှ ကယ်နုတ်ကျေးဇူးတော်ကို ပြုတော်မူသောကြောင့် အကျွန်ုပ်တို့သည် ကိုယ်တော်ကို ရုသေလေးမြတ်စွာ ဝတ်ပြုကိုးကွယ်ကြပါ၏။
ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှာ ကိုယ်တော်လာသည်မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ကိုယ်တော်ကြွလာတော်မူ၏။ အကျွန်ုပ်တို့၏ အပြစ်နှင့် အားနည်းခြင်းများကို ဝန်ခံလျက် သားတော်ကို ဝမ်းသာဝမ်းမြောက်စွာ ရှိခိုးပါ၏။
ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
ဤအစီအစဉ်အကြောင်း

ခရစ္စမတ်ဇာတ်တော်သည် အလွန်အံ့ဩဖွယ် ဇာတ်တော်တစ်ခု ဖြစ်ပါသည်။ သို့သော်၊ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့သည် အသေးစိတ်အချက်အလက်များကို ထပ်သလဲလဲ ကြားသောကြောင့် ခရစ္စမတ်ဇာတ်တော်၏ သက်ရောက်မှုကို အနည်းငယ် လျော့သွားနိုင်သလိုပဲ။ ဤအစီစဉ်သည် အတိတ်သမိုင်း၏ အရေးကြီးဆုံးအမှုတည်းဟူသော ဘုရားသခင်၏ လူဇာတိခံတော်မူခြင်းကို ပိုမိုအလေးထားစေရန် ကူညီပေးပါလိမ့်မည်။ ဤအစီစဉ်ရှိ ဆုတောင်းချက်တစ်ခုစီကို မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလုမြို့ (Saint Paul) ရှိ စီတီအသင်းတော် (Cities Church) မှ သင်းအုပ်ဆရာ၊ desiringGod.org မှ အမှုဆောင်ခေါင်းဆောင်ကြီး ဆရာဒေးဗစ်မဿဲ (David Mathis) မှ ရေးသားထားပါသည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်
