ခရစ္စမတ်တစ်လျှောက် အံ့ဩဖွယ်ရာ ဆုပတ္ထနာနမူနာ

ဆုတောင်းပတ္ထနာပြုကြပါစို့
ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့ အဘ၊ ပျော်ရွှင်စရာကောင်းသော ခရစ္စမတ်ပွဲတော်အတွက် ကျေးဇူးတင်ပါ၏။
ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူခြင်းသည် အလွန်တရာ ပျော်ရွှင်ဖွယ်ရာ သမ္မာတရား ဖြစ်ပါ၏။ ယေရှုခရစ်သည် အကျွန်ုပ်တို့၏ အကြီးမားဆုံး ဝမ်မြောက်ဖွယ်ရာ ဖြစ်ပါ၏။
ဤလက်ရှိဘဝ၌ ကျွန်ုပ်တို့ကြုံတွေ့နေရသော စုံစမ်းနှောင့်ယှက်မှုများနှင့် ဆင်းရဲဒုက္ခများကို ခံနိုင်ရည်ရှိနိုင်မည်အကြောင့် ခရစ်တော်၌ ကြီးမားလေးနက်လှသော ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့အား ပေးသနာတော်မူပါ။
ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ခရစ္စမတ်ဇာတ်တော်သည် အလွန်အံ့ဩဖွယ် ဇာတ်တော်တစ်ခု ဖြစ်ပါသည်။ သို့သော်၊ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့သည် အသေးစိတ်အချက်အလက်များကို ထပ်သလဲလဲ ကြားသောကြောင့် ခရစ္စမတ်ဇာတ်တော်၏ သက်ရောက်မှုကို အနည်းငယ် လျော့သွားနိုင်သလိုပဲ။ ဤအစီစဉ်သည် အတိတ်သမိုင်း၏ အရေးကြီးဆုံးအမှုတည်းဟူသော ဘုရားသခင်၏ လူဇာတိခံတော်မူခြင်းကို ပိုမိုအလေးထားစေရန် ကူညီပေးပါလိမ့်မည်။ ဤအစီစဉ်ရှိ ဆုတောင်းချက်တစ်ခုစီကို မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလုမြို့ (Saint Paul) ရှိ စီတီအသင်းတော် (Cities Church) မှ သင်းအုပ်ဆရာ၊ desiringGod.org မှ အမှုဆောင်ခေါင်းဆောင်ကြီး ဆရာဒေးဗစ်မဿဲ (David Mathis) မှ ရေးသားထားပါသည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်
