ခရစ္စမတ်တစ်လျှောက် အံ့ဩဖွယ်ရာ ဆုပတ္ထနာနမူနာ

ဆုတောင်းပတ္ထနာပြုကြပါစို့
အို အဘ၊ ကိုယ်တော်၏ သားတော်ကို စေ့စေ့ကြည့်ရှုလျက် အလွန်အံ့ဩမိပါ၏။
ဤကမ္ဘာမရှိမတည်မီ သားတော်သည် ဘုရားဖြစ်ပြီး ကိုယ်တော်နှင့်အတူ ဘုန်းတော်အနန္တ၌ ကျိန်းဝပ်တော်မူ၏။ သို့သော်၊ ယေရှုခရစ်သည် အပြစ်ရှိသောကျွန်ုပ်တို့ကို ကယ်တင်ခြင်းငှာ၊ လူဇာတိနှင့် လောကဓံဒုက္ခကို ခံယူ၍ ဤသင်္ခါရလောကသို့ ကြွလာတော်မူ၏။
ကျွန်ုပ်တို့၏ ညာဏ်သည် ခရစ်တော်၏ မဟာမေတ္တာတော်ကို မမီနိုင်သော်လည်း ၎င်းမေတ္တာတော်ကို ရှာဖွေလျက် ပိုမိုသိကျွမ်းစေခြင်းငှာ အလိုရှိ၏။ ၎င်းမေတ္တာတော်ကို ထောက်လျက် မချီးမွမ်းဘဲ မနေနိုင်ကြပေ။
အိုအဖ၊ ကိုယ်တော်၏ သားတော်မြတ်ကို ချစ်မြတ်နိုးပါသည်။ ဤခရစ္စမတ်ကာလမှာ၊ ကျွန်ုပ်တို့၏ သားတော်၌ရှိ ဝမ်းမြောက်ခြင်းကို သာ၍တိုးပွားစေတော်မူပါ။
ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ခရစ္စမတ်ဇာတ်တော်သည် အလွန်အံ့ဩဖွယ် ဇာတ်တော်တစ်ခု ဖြစ်ပါသည်။ သို့သော်၊ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့သည် အသေးစိတ်အချက်အလက်များကို ထပ်သလဲလဲ ကြားသောကြောင့် ခရစ္စမတ်ဇာတ်တော်၏ သက်ရောက်မှုကို အနည်းငယ် လျော့သွားနိုင်သလိုပဲ။ ဤအစီစဉ်သည် အတိတ်သမိုင်း၏ အရေးကြီးဆုံးအမှုတည်းဟူသော ဘုရားသခင်၏ လူဇာတိခံတော်မူခြင်းကို ပိုမိုအလေးထားစေရန် ကူညီပေးပါလိမ့်မည်။ ဤအစီစဉ်ရှိ ဆုတောင်းချက်တစ်ခုစီကို မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလုမြို့ (Saint Paul) ရှိ စီတီအသင်းတော် (Cities Church) မှ သင်းအုပ်ဆရာ၊ desiringGod.org မှ အမှုဆောင်ခေါင်းဆောင်ကြီး ဆရာဒေးဗစ်မဿဲ (David Mathis) မှ ရေးသားထားပါသည်။
More
ဆက်စပ်နေသောအစီအစဉ်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ထာဝရပရဟိတ

BibleProject | ရှင်ပေါလု၏စာစောင်များ

BibleProject | ရှင်ယောဟန်၏စာစောင်များ

အသိနဲ့သတိရဲ့အလွန်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်
