1
မဿဲ 8:26
TPV-RV (Thamma Pitakadaw)
TPV-RV
ထိုအခါ ကိုယ်တော်က သူတို့အား “ယုံကြည်ခြင်းအားနည်းကြသောသူတို့၊ အဘယ်ကြောင့် ဤမျှကြောက်လန့်နေကြသနည်း” ဟုမိန့်တော်မူပြီးလျှင် ကိုယ်တော်သည် ထ၍ လေနှင့်လှိုင်းများကို ရပ်တန့်ရန် အမိန့်ပေးလေရာ လေနှင့်လှိုင်းများသည် ချက်ချင်းပင် ငြိမ်သက်သွားကြလေ၏။
Comparer
Explorer မဿဲ 8:26
2
မဿဲ 8:8
ထိုတပ်မှူးက “အရှင်၊ အရှင်ကိုယ်တော်တိုင် အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ဝင်ရောက်ကုသပေးရန် ကျွန်ုပ်နှင့်မထိုက်တန်ပါ။ အရှင်က အမိန့်ကိုသာ ပေးလိုက်လျှင် ကျွန်ုပ်၏အစေခံသည် ပြန်လည်ကျန်းမာလာမည်ဖြစ်၏။
Explorer မဿဲ 8:8
3
မဿဲ 8:10
ကိုယ်တော်သည် ထိုစကားကို ကြားသောအခါ အံ့ဩတော်မူ၍ နောက်တော်သို့လိုက်ပါလာသောသူများအား “သင်တို့အား ငါအမှန်ဆိုသည်ကား ဤမျှလောက်ယုံကြည်ခြင်းကြီးမားသူကို အစ္စရေးလူမျိုးတို့၌ ငါမတွေ့ဖူးပေ။
Explorer မဿဲ 8:10
4
မဿဲ 8:13
ထို့နောက် ရောမတပ်မှူးအား “သွားလော့၊ သင်၏ယုံကြည်မှုသည် သင့်အစေခံအား ကျန်းမာစေခဲ့ပြီ” ဟုမိန့်တော်မူလိုက်ချိန်တွင် ချက်ချင်းပင် တပ်မှူး၏အစေခံသည် ရောဂါပျောက်ကင်းသွားလေ၏။
Explorer မဿဲ 8:13
5
မဿဲ 8:27
ထိုအခါ တပည့်တော်များသည် အလွန်အံ့ဩလျက် “ဤသူသည် မည်သို့သောသူနည်း။ လေနှင့်လှိုင်းတံပိုးများပင်လျှင် သူ၏အမိန့်ကို နာခံကြရပါသည်တကား” ဟုပြောဆိုကြလေ၏။
Explorer မဿဲ 8:27
Accueil
Bible
Plans
Vidéos