Logo de YouVersion
Icono de búsqueda

Luke 24

24
1တနင်္ဂနွေနေ့ စောစောမှာ အမျိုးသမီးဒေ အမွှေးနံ့သာရည်ဒေဝို ယူဆွန်ဘီး ကိုယ်တော်ရဲ့ သန်းခလိုင်းဂူဆီ သွားရွတ်လေရယ်။ 2သူနို့က ဂူအပေါဝမှ ကလာ့(လ်)တုံးဂီးဝို သန်းခလိုင်းဂူအပေါ့ဝမှ ဖယ်ရှားထားကျော့ အဝေးတနေရာဆီ ရွတ်နေတာဝို တွေ့ရသဖြင့် ဂူထဲတိုးဝမ်သွားကေရယ်။ 3အပေမယ့် သူနို့က ကိုယ်တော်ယေရှုရဲ့ ရုပ်အလွန်းဝို မတွေ့ရတော့ပေ။ 4သူနို့က ဟဲမျိုးဖြစ်တာဝို စဉ်းစားရိမရနိုင်ဖြစ်နေကေရယ်။ ချက်ချင်းဘဲ ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ထားဘီး ကိုယ်ရွန် ကိုယ်ဝါ တော့ပနေတဲ့ လူနှစ်ဦးက သူနို့ဘေးမှာ လာရပ်နေရယ်။ 5အမျိုးသမီးဒေက ထိတ်လန့်တုန်လှုပ်သွားကေဘီး မြေကီးပေါ်မှာ ဒူးထော့ ဦးညွှတ်ကေလေရယ်။ အပေမယ့် အဲလူနှယွတ်က " သေသူဒေသာ ထားတဲ့ သန်းခလိုင်းမှာ ဟဲကျော့ အသတ်ရှင်တဲ့သူဝို လာရှာကေနူး။ 6ကိုယ်တော် ဒီနေရာမှာ မရှိတော့ပါ၊ သူက သေရာမှ ရှင်ပြန်ထမြော့သွားပါဘီ၊ သူက နန်နို့ဝို ဂါလိလဲမှာရှိနေခါက ပြောခဲ့တာဝို သတိရကေပါ။ 7'လူ့သားတော်'ဝို ဒုစရိုက် အပြစ်သားဒေ လတ်ထဲဆီ အပ်နှံကေလိမ့်မယ်၊ သူနို့က " လူ့သားတော်"ဝို လက်ဝါးကပ်တိုင်မှာ တန်ဘီးသတ်ကေလိမ့်မယ်။ အပေမယ့် သူက သုံးရက်မြော့နေ့မှာ ရှင်ပြန်ထမြော့လိမ့်မယ်" လို့ မိန့်တော်မူခဲ့ရယ်။ 8အဲအခါ သူနို့က ကိုယ်တော်မိန့်တော်မူခဲ့တာဒေဝို မှတ်မိသွားကေရယ်။ 9မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်ရဲ့ မိခင်ဖြစ်သူ မာရိန အခြားမိန်းမ အချို့ဒေက ဂူသန်းခလိုင်းဆီ သွားရွတ် ကေ့ရှုသူဒေဖြစ်ရယ်။ 10သူနို့က တပည့်တော် ဆယ့်တစ်ဦးဆီနားသွားရွတ်ဘီး အဖြစ်အပျက်အလုံးစုံဝို ပြောပြကေလေရယ်။ 11တပည့်တော်ဒေက အဲအမျိုးသမီးဒေ ပြောကြားတဲ့ ဂါးဒေက ယုတ္တိမရှိတဲ့ကျော့ မယုံကြည်ကေဝူး။ 12အပေမယ့် ပေတရုက ဂူသန်းခလိုင်းဆီ ပြေးသွားဘီး ငုံ့ကြည့်လေရယ်။ ပိတ်စဒေဘဲ့ရှိဘီး အခြားဘာမှ မရှိတော့ဘေ။ အဲအဖြစ်အပျက်ဝို အံ့ဩရင်း အီဆီပြန်လေရယ်။ 13အဲနေ့မှာဘဲ တပည့်တော်နှစ်ဦးက ယေရုရှလင်မှ ခုနစ်မိုင်ခန့် ဝေးတဲ့ဧမောက်ကျေးဝွါဆီ သွားကေရယ်။ 14သူနို့က ကိုယ်တော်ယေရှု ဖြစ်ပျက်ခဲ့တဲ့ကျွန်းရာဒေဝို ဆွေးနွေးဘီး သွားနေကေလေရယ်။ 15အဲလို တဦးနတဦး အပြန်အလှန် ဆွေးနွေးရိ သွားနေခါ ကိုယ်တော်က သူနို့နအတူ လမ်းရှော့ဘီး ကြွတော်မူရယ်။ 16တပည့်တော်ဒေက ကိုယ်တော်ဝို မမှတ်မိကေဝူး။ 17ကိုယ်တော်က " နန်နို့ လမ်းသွားရင်း ဘာဒေပြောနေကေတာလဲ"လို့မေးရာ သူနို့က မတ်တပ်ရပ်လိုက်ကေဘီး ဝမ်းနည်းစွာန ကိုယ့်တော့်ဝို ကေ့လိုက်ကေလေရယ်။ 18'ကလောဖ'က ကိုယ်တော့်ဝို " ကျန်ခဲ့တဲ့ရက်အနည်းငယ်က ယေရုရှလင်မှည ဘာဒေ ဖြစ်သွားသလဲဆိုတာဝို မသိတာက နန်တယွတ်ဘဲရှိရယ်" လို့ပြောလိုက်ရယ်။ 19" ဘာဒေဖြစ်ပျက်ခဲ့လို့လဲ" လို့ ကိုယ်တော်က ပြန်မေးလိုက်လေရယ်။ အဲသူက " နာဇရက်ဗြို့က ကိုယ်တော်ယေရှုရဲ့ အဖြစ်အပျက်ဒေဝို ဆိုလိုခြင်းဖြစ်ရယ်၊ သူက ဖရားရှင်န လူအပွန်းဒေဝို ကျေနပ်နှစ်သက် အားရစေတော်မူနဲ့ သူဖြစ်ရယ်။ ကိုယ်တော်ယေရှု ပြုတော်မူတဲ့ အံ့ဩဖွယ် အရာဒေန နှုတ်တော်မှ ထွက်လာတဲ့ နှုတ်ကပါတ်တော်ဒေကို ကေ့ဘီး ဘုန်းတန်ခိုးတော်အပွန်းန ပြည့်စုံတဲ့ ပညာရှိသူတော်ကွန်းဆိုတာ သိနိုင်ရယ်။ 20ဘာသာရေး ခွန်းဆွန်ဒေန ကျွန်ုပ်လေရဲ့ ခွန်းဆွန်ဒေက သူ့ဝို ဖမ်းရိ လတ်ဝါးကပ်တိုင် တန်ဘီး သတ်လိုက်ကေရယ်။ 21အဲကိုယ်တော်က ကျွန်ုပ်လေ ဣသရေလလူမျိုးအပွန်းဝို လွတ်မြော့စေတော်မူမယ့် အရှင်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကေရယ်။ အပေမယ့် ဒီအဖြစ်အပျက်ဒေ အားလုံးက လွန်ခဲ့တဲ့ သုံးရက်က ဖြစ်ပျက်ခဲ့ဘီးဖြစ်ရယ်။ 22ကျနော်တို့ အဖွဲ့ထဲမှ အမျိုးသမီးအချို့က ကျွန်ုပ်လေဝို အံ့ဩစရာဒေ ပြောပြခဲ့ပါရယ်၊ သူနို့က နံနက်စောစော သန်းခလိုင်းဂူဆီ သွားခဲ့ရာ 23သူနို့က ကိုယ်တော်ရဲ့ အလွန်းတော်ဝို မတွေ့ခဲ့ကေပါ။ ဖရားရှင်ရဲ့ နတ်စေတမာန်ဒေက ကိုယ်တော်ယေရှုက အသတ်ပြန်လည် ရှင်ပြန်ထမြော့သွားဘီလို့ ပြောပြတဲ့ အကျွန်းဝို သူနို့ ပြန်လာတဲ့အခါမှာ ကျွန်ုပ်လေဝို ပြန်လည်ပြောပြကေရယ်။ 24ကျွန်ုပ်လေထဲက လူတချို့ သန်းခလိုင်းဂူဝို သွားကေ့တဲ့အခါမှာလည်း အဲအမျိုးသမီးဒေပြောသလိုမျိုး ဖြစ်နေဘီး သူနို့လည်း ကိုယ်တော်ယေရှု အလွန်းတော်ဝို မတွေ့ခဲ့ကေပါ" လို့ပြောပြကေလေရယ်။ 25အဲနော့ ကိုယ်တော်က တပည့်တော်နှစ်ဦးဝို " နန်နို့ ဟဲကျော့နားမလည်နိုင်ကေနူး။ ပညာရှိ သူတော်ကွန်းဒေရဲ့ မိန့်မှာချက်ဒေဝို ယုံကြည်ဝို့ ဟဲမျိုးအသွက်ကျော့ နှော့နှေးနေကေနူး။ 26'မေရှိယ'က သူရဲ့ဘုန်းတန်ခိုးတော်ဒေဝို မရခင် ဒုက္ခဝေဒနာဝို ခံစားရမယ်ဆိုတာ မသိကေဝူးလား" လို့ပြောဘီး 27ကျမ်းထဲပါရှိသမျှ အကျွန်းအရာ အားလုံးန မောရှေ ပညတ်ကျမ်းမှာ သူ့အကျွန်းဝို ဖော်ပြခဲ့သမျှဒေရဲ့ ကျမ်းစာအနက် အဓိပ္ပါယ်ဝို ရှင်းရှင်းလင်းလင်း ဖော်ပြတော်မူရယ်။ 28သူနို့နှစ်ဦး ဝွါအနီးဆီ ရွတ်လာတဲ့အခါမှာ ကိုယ်တော်က အဝေးဆီ ဆက်လက်ထွခွာမယ့် ပုံစံမျိုးဝို ဗျင်ရသဖြင့် 29သူနို့က ကိုယ်တော်ဝို " နေဝမ်မိုးချုပ်ဘီး အလွန်နော့ကလာ့(လ်) နေဘီဖြစ်ရိ ကျွန်ုပ်လေနတူတူ တည်းခိုပါ" လို့ ကိုယ်တော်ဝို ဖိခေါ်လေရယ်။ အဲကျော့ ကိုယ်တော်က သူနို့နအတူ အီထဲဆီ တည်းခိုဝို့အတွက် ဝမ်ရွတ်သွားလေရယ်။ 30စားသော့ဝိုင်းမှာ ထိုင်ဘီးတဲ့အခါ ကိုယ်တော်က ပါမုဝို ကိုင်ဘီး ဖရားဂုဏ်တော်ဝို ချီးမွမ်းပါရယ်၊ ပါမုဝို ဖဲ့ဘီး အဲသူဒေဝို ပေးလိုက်ရယ်။ 31အဲအခါ ချက်ချင်းဘဲ ကိုယ်တော်ဖြစ်ကျွန်း သူနို့သိသွားကေရယ်။ အဲနော့ ကိုယ်တော်ပျော့ကွယ်သွားတော့ရယ်။ 32"ကိုယ်တော် ကျွန်ုပ်လေဝို လမ်းခရီးမှာ ကျမ်းစာဒေအကျွန်း ပြောနေဒူးက ကျွန်ုပ်လေရဲ့ စိနှလုံးထဲမှာ ရင်းရင်းနှီးနှီး သိနေတယ်လို့ ခံစားနေရတယ် မဟုတ်လား" လို့ အချင်းချင်း ပြောဆိုကေဘီး 33သူနို့နှစ်ဦးက ချက်ချင်းဘဲ ယေရုရှလင်ဝို ပြန်သွားကေလေရယ်။ တပည့်တော် ဆယ့်တစ်ယွတ်ဒေက အခြားသူဒေန အတူ စုဝေးရင်း ရှိနေတာဝို တွေ့ရလေရယ်။ 34စုဝေးရင်းရှိတဲ့ တပည့်တော်ဒေက ကိုယ်တော်ယေရှု သေခြင်းမှ အမှန်ဘဲ ရှင်ပြန်ထမြော့တော်မူဘီး ပေတရုဝို ဖူးမြော်ခွက်ပေးခဲ့ကျွန်းဝို သိကေရလေရယ်။ 35ဧမောက်မှ တပည့်တော်ဒေက လမ်းမှာ သူနို့ကြုံခဲ့သမျှန ပါမုဝို ဖဲ့လိုက်တဲ့အခါမှာ ကိုယ်တော်ယေရှု ဖြစ်နေကျွန်း သိလိုက်ရပုံဒေဝို ပြောပြကေလေရယ်။ 36တပည့်တော်ဒေက အဲအကျွန်းအရာ အဖြစ်ပျက်ဒေဝို ပြောပြနေတဲ့အခါ ကိုယ်တော်က သူနို့ရဲ့ အလယ်မှာ ကိုယ်ထင်ပြတော်မူဘီး သူနို့ဝို နှုတ်ခွန်းဆက်သလိုက်လေရယ်။ 37တပည့်တော်ဒေက သရဲခြော့တယ်လို့ထင်ဘီး ကြော့လန့်သွားကေရယ်။ 38အပေမယ့် ကိုယ်တော်က " နန်နို့ ဟဲ့ကျော့ ကြော့နေကေနူး။ ဟဲကျော့ ယုံမှားသံသယ ဝမ်နေရနူး။ 39ငါရဲ့ လတ်ဒေ၊ ခေဒေါ့ဒေဝို ကေ့လိုက်ပါ။ ငါ့ဝိုတို့ထိကေ့လိုက်ပါ။ ငါ့မှာ အသားဒေ အရိုးဒေရှိပါတယ်' လို့မိန့်တော်မူလိုက်လေရယ်။ 40အဲလိုပြောဆိုဘီး သူရဲ့ လတ်န ခေဒေါ့ဒေဝို ပြလိုက်လေရယ်။ 41တပည့်တော်ဒေလည်း အရမ်းဝမ်းမြော့ဝမ်းသာဘီး မယုံကြည်နိုင်လော့အွန် အံ့ဩသွားကေလေရယ်။ ကိုယ်တော်က သူနို့ဝို " စားစရာရှိသလား" လို့မေးတော်မူလေရယ်။ 42သူနို့က ငါးကင်ဝိုပေးလိုက်ရာ 43ကိုယ်တော်က သူနို့ရှေ့မှာဘဲ စားလိုက်လေရယ်။ 44ကိုယ်တော်က 'မောရှေပညတ်န ပရောဖက်ဒေရဲ့ စာအုပ်ဒေ၊ ဆာလံကျမ်းဒေမှာ ကိုယ်တော်ရဲ့အကျွန်း ဖော်ပြထားတဲ့အတိုင်း အမှန်ဖြစ်လာလိမ့်မယ်။ လို့ နန်နို့ဝို ပြောပြခဲ့တဲ့ အကျွန်းဒေမှာ အခုအဖြစ်ပျက်ဒေဘဲဖြစ်ရယ်။ 45အဲနော့ ကျမ်းစာတော်ဝို နားလည်ဝို့အသွက် တပည့်တော်ဒေဝို သွန်သင် လမ်းပြပေးတော် မူလေရယ်။ 46ကျမ်းဒေမှာ " မေရှိယ"က ဆင်းရဲဒုက္ခဒေဝို ခံစားရဘီး သုံးရက်မြော့တဲ့နေ့မှာ သေခြင်းမှ ရှင်ပြန်ထမြော့တော်မူလိမ့်မယ်။ 47တပည့်တော်ဒေက နိုင်ငံတိုင်းမှ လူဒေဝို ခွက်လွှတ်ခြင်းခံရဝို့အသွက် ကိုယ်တော်ယေရှုရဲ့ နာမတော်န ဖရားဝို ဆည်းကပ်ကေဝို့ ဟောကြားမယ် ဖြစ်ရယ်။ 48အဲကျော့ နန်နိုက ယေရုရှလင်မှ အစပြုရိ ဒီအဖြစ်ပျက် အလုံးစုံဝို ဟောပြောကေရမယ် ဖြစ်ရယ်။ 49အဖဖရားရှင် ကတိတော် ပေးထားတဲ့အတိုင်း ဖရားရဲ့ ဉာဏ်အလင်းတော်က နန့်နိုဆီနား သက်ရွတ်စေမယ်။ အပေမယ့် နန်နို့ရဲ့ နိဗ္ဗာန်ရွှေဗြို့တော်မှ တန်ခိုးပါဝါ ပေးအပ်တဲ့အခီထိ ဒီဗြို့တော်မှာ စော့နေကေပါ" လို့မိန့်တော်မူလေရယ်။ 50ကိုယ်တော်က တပည့်တော်ဒေဝို ခေါ်ဘီး "ဗေသနိ" ဗြို့ပြန်တနေရာဆီ ကြွလှမ်းတော်မူလာလေရယ်။ အဲနေရာဆီ ရွတ်တဲ့အခါ တပည့်တော်အားလုံးအသွက် လတ်တော်ဝို မြှော့ဘီး ကွန်းချီးပေးတော်မူရယ်။ 51အဲလိုပြုလုပ်ဘီး နိဗ္ဗာန်ရွှေဗြို့တော်ဆီ ကြွမြန်းတော်မူလေရယ်။ တပည့်တော်ဒေက ကိုယ်တော်ဝို ရှိခိုးကန်တော့ကေဘီးရင် အရမ်းပျော်ရွှင်စွာန ယေရုရှလင်ဆီ ပြန်သွားကေလေရယ်။ သူနို့က ဗိမာန်တော်ဆီ လာရွတ်ဘီး ဖရားဂုဏ်ကျေးဇူးတော်ဝို အမြဲမပြတ် ချီးမွမ်းကေလေရယ်။ 52တပည့်ဒေက ကိုယ်တော်ဝို ရိုသေစွာန ရှိခိုးဘီး ရွှင်လန်းဝမ်းမြော့စွာန ယေရုရှလင်ဆီ ပြန်ကေလေရယ်။ 53ယေရုရှလင်ဗြို့ဆီရွတ်တဲ့အခါ ဗိမာန်တောမှာ အမြဲမပြတ် ဖရားရှင်ရဲ့ ဂုဏ်တော်အပွန်းဝို ချီးမွမ်းရင်း နေကေလေရယ်။

Actualmente seleccionado:

Luke 24: ttpv-rv

Destacar

Compartir

Copiar

None

¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión