23
1ဘာသာရေးခွန်းဆွန်ဒေက ကိုယ်တော်ယေရှုဝို ပိလတ်ဘုရင်ခံဆီနား ပို့ဆွန်ကေရယ်။ 2ဒီလူက လူထုဝို အခွန်တော် မပေးဝို့အသွက် ဆူပူအွန် လှုံဆော်ရယ် ။ အဲကျော့ သူ့ဝို ဖမ်းခေါ်ခဲ့ခြင်းဖြစ်ရယ်။ အဲအပြင် ဒီလူက သူ့ကိုယ်သူ ကျွန်ုပ်လေရဲ့ ဘုရင် မေရှိယဆိုကာ ပြောနေပါရယ်။ လို့ ဘာသာရေးခွန်းဆွန်ကီးဒေက ပိလတ်ဘရင်ခံဝို တိုင်ကြားကေရယ်။ 3ပိလတ်ဘုရင်ခံက ကိုယ်တော်ယေရှုဝို" နန်က ယုဒလူမျိုးဒေရဲ့ ဘုရင်ဟုတ်ဘဲလား" လို့မေးလေရယ်။ " နန်ပြောတဲ့ဂါးက နန့်ရဲ့ဂါးဘဲဖြစ်ရယ်" လို့ ကိုယ်တော်က ပြန်ဖြေလိုက်ရယ်။ 4ပိလတ်က ပုရောဟိတ်ဒေန လူထုဖက်ဆီ လှည့်ဘီး သူ့မှာအပြစ်မရှိဝူးလို့ ကျွန်ုပ်ဗျင်ရယ်" လို့ပြောလိုက်ရယ်။ 5သူနို့အားလုံးက " ဒီလူက ဂါလိလဲအရပ်မှ ဒီအရပ်ထိ ယုဒပြည်တခွံလုံး ဟောပြောဘီး ပြည်သူလူထုဝို ရုန်းရင်းဆန်ခတ် ဖြစ်အွန် လှုံ့ဆော်သူ ဖြစ်ပါရယ်။" လို့ ဆက်လက်ဘီး ပြောဆိုကေလေရယ်။ 6အဲလိုမျိုးပြောနေတာဝို ပိလတ်ဘုရင်ခံ ကြားတဲ့အခါ " ဒီလူက ဂါလိလဲဒေသက လာတာလား"လို့ မေးလေရယ်။ 7ဂါလိလဲက ဘုရင် ဟေရုဒ်ရဲ့ လက်အော့ခံ နယ်မြေဖြစ်ရယ်။ အဲကျော့ ကိုယ်တော်ဝို ဘုရင် ဟေရုဒ်ရှိတဲ့ ယေရုရှလင်ဗြို့တော်ဆီ ပို့လိုက်လေရယ်။ 8သူက ကိုယ်တော်ယေရှုရဲ့ အကျွန်းဝို ကြားခဲ့ဘီး သူရဲ့ အံ့ဩဖွယ်ရာဒေဝို ဗျင်တွေ့လို့ ဖြစ်ရယ်။ ဘုရင် ဟေရုဒ်က ကိုယ်တော်ယေရှုဝို တွေ့ဗျင်လိုတာက ကြာမြင့်နေဘီ ဖြစ်တဲ့ကျော့ ကိုယ်တော်ဝို တွေ့ဗျင်ရတဲ့အခါ အရမ်းဝမ်းမြော့သွားခဲ့ရယ်။ 9ဟေရုဒ်မင်းက ကိုယ်တော်ဝို မေးခွန်း မြော့မြားဒေမေးသော်လည်း ကိုယ်တော်က မဖြေခဲ့ပေ။ 10အဲနော့ ဘာသာရေးခွန်းဆွန်ကီးဒေန မောရှောကျမ်းတတ်ပုဂ္ဂိုလ်ဒေန မတ်တပ်ရပ်ရင်း ကိုယ်တော်ဝို အမျိုးမျိုးဘဲ စွပ်စွဲချက်ဒေန ပြင်းထန်စွာ စွပ်စွဲကေလေရယ်။ 11ဟေရုဒ်ဘုရင်န သူရဲ့ ရဲမက်ဒေက ကိုယ်တော်ဝို လှောင်ပြွန်ကာ ပျက်ရယ်ပြုကေရယ်။ သူနို့က ကိုယ်တော်ဝို တင့်တယ်လှပတဲ့ ဝတ်ရုံတခုဝို ဝတ်ဆင်စေဘီး ပိလတ်ဘုရင်ခံဆီနား ပို့လိုက်ကေရယ်။ 12အဲနေ့မှာဘဲ့ ဟေရုဒ်ဘုရင်န ပိလတ်ဘုရင်ခံဒေက ရန်ဖက်ဒေ ဖြစ်ပေမယ့် မိဆွေဒေအဖြစ်ဝို ရွတ်ရှိသွားကေရယ်။ 13ပိလတ်ဘုရင်ခံက ယုဒဘာသာရေးခွန်းဆွန်ဂီးဒေ ၊ ယုဒအမျိုးသားခွန်းဆွန်ဒေန လူထုဝို ခေါ်လိုက်လေရယ်။ 14အဲနော့ ပိလတ်ဘုရင်ခံက " ဒီလူက ဆူပူမှုဖြစ်အွန် လှုံ့ဆော်သူလို့ ပြောဆိုဘီး နန်နို့ ငါ့ဆီနား ခေါ်ဆွန်တလာကေရယ်။ အပေမယ့် နန်နို့ရဲ့ အရှေ့မှာဘဲ သူ့ဝို စစ်မေးခဲ့ပြီဘီ။ နန်နို့ပြောသလိုမျိုး အပြစ်ဒေကျူးလွန်ထားတာဝို မတွေ့ရပေ။ 15ဟေရုဒ်ဘုရင်ကလည်း သူ့ဝို အပြစ်ရှာရိ မတွေ့တဲ့ကျော့ သူ့ဝို ငါဆီနားပြန်ဘီးပို့လေရယ်။ ဒီလူကလည်း သေဒဏ်ပေးလော့တဲ့ အပြစ်ဝို ကျူးလွန်ထားခြင်းမရှိဝူး။ 16အဲကျော့ သူ့ဝို 17ကလီဒဏ်ပေးဘီး လွှတ်လိုက်မယ်" 18အပေမယ့် လူထုအားလုံးက " ဒီလူဝို သတ်ဘီး 'ဗာရဗ္ဗ'ဝို လွှတ်ပေးပါ" လို့ အော်ဟစ် တောင်းဆိုကေရယ်။ 19လူသတ်မှုဒေန ရာဇဝတ်မှုဒေ ကျူးလွန်သူ'ဗာရဗ္ဗ'က အခုအခါ အကျဉ်းထွံထဲမှာ အပြစ်ဒဏ်ကလာ့(လ်) ခံနေရယ်။ 20ပိလတ်ဘုရင်ခံက ကိုယ်တော်ယေရှုဝို လွှတ်ပေးလိုတဲ့ကျော့ လူထုဝို နော့တကြိမ် ထပ်မေးပြန်ရယ်။ 21အပေမယ့် လူထုက "သူ့ဝို လက်ဝါးကပ်တိုင်မှာ တင်ဘီးသတ်ပါ" ဆိုက ဆက်လက်ဘီး တွန်းဆိုနေကေလေရယ်။ 22အဲအခါ ပိလတ်ဘုရင်ခံက " သူက ဟဲလိုမျိုး ပြစ်မှုမျိုးဝို ကျူးလွန်ခဲ့မိလို့လဲ" လို့ တတိယအကြိမ် ထပ်မံမေးမြန်းလေရယ်။ "သူ့မှာ သေဒဏ်ပေးလော့တဲ့ အပြစ်ရှာလို့မရပါ။ ကျွန်ုပ် သူ့ဝို ကလီဒဏ်ရိုက်ဘီး လွှတ်လိုက်မယ်။" လို့ပြောလိုက်လေရယ်။ 23လူထုပရိသတ်ဒေကလည်း ကိုယ်တော်ယေရှုဝို သေဒဏ်ပေးဝို့အသွက်ဘဲ ကျယ်လွန်စွာ အော်ဟစ်နေကေလေရယ်။ 24နော့ဆုံးမှာ ပိလတ်ဘုရင်ခံကလည်း လတ်လျှော့လိုက်ရဘီး 25သူက ရာဇဝတ်သား 'ဗာရဗ္ဗ'ဝို လွှတ်ပေးလိုက်ရတယ်။ ဟဲကျော့ဆို လူထုပရိသတ်က အဲသူဝို လွှတ်စေလိုဘီး ဖြစ်ရယ်။ ပိလတ် ဘုရင်ခံက ကိုယ်တော်ယေရှုက သေဒဏ်ပေးစေချင်သူ ခွန်းဆွန်ဒေရဲ့ သဘောဆန္ဒအတိုင်း ဆွန်ဝွက်စေဝို့ လွှဲအပ်လိုက်လေရယ်။ 26ကိုယ်တော်ဝို ခေါ်ဆွန်သွားခါ ရဲမက်အချို့က ကုရေနေအရပ်မှ ရှိမုန်ဆိုသူဝို လက်ဝါးကပ်တိုင်ဝို ထမ်းဝို့ အတင်းစေခိုင်းလေရယ်။ သူက လယ်ထဲမှ ပြန်လာခြင်းဖြစ်ရယ်။ အပေမယ့် လက်ဝါးကပ်တိုင်ဝို ထမ်းစေဘီး ကိုယ်တော်နော့မှ လိုက်စေရယ်။ 27လူထုကလည်း နော့မှလိုက်လာလေရယ်။ အမျိုးသမီးဒေက ကိုယ်တော်အသွက် ငိုကြွေးကေရယ်။ 28ကိုယ်တော်က အမျိုးသမီးဒေဝို " ယေရုရှလင်သူဒေ ၊ ကိုယ်တော်အသွက် မငိုပါန။ နန်နို့အသွက်န နန်နို့ရဲ့ ခလေးဒေ အသွက်ဘဲ ငိုကြွေးကေပါ။ 29တနေ့တခီမှာ " သားသမီးမရတဲ့ အမျိုးသမီးဒေဝို အရမ်းဘဲ ကံကွန်းကေရယ်လို့ ပြောကေစေမယ်။ 30အဲကာလမှာ လူဒေက သူနို့အပေါ်ဆီ တောင်ဒေပြိုကလာ့(လ်)ပါစေ၊ တောင်ကူးဒေလည်း သူနို့ဝို ဖုံးကွယ်ပါစေလို့ ဆိုကေပါလိမ့်မယ်။ 31သစ်ပန်ဒေ စိမ်းလန်းနေတဲ့ အခီမှာတောင် ဒီလိုမျိုး ဖြစ်နေရင် သစ်ပန်ဒေ ခြော့သွေ့နေတဲ့ခီမှာ ဟဲလိုမျိုးဖြစ်လာမယ်ဆိုတာဝို တွေးကေ့ကေပါ။ " လို့ မိန့်တော်မူလိုက်လေရယ်။ 32အခြား ရာဇဝတ်သား နှယွတ်ဝို ကိုယ်တော်နအတူ သေဒဏ်ပေးဝို့ ခေါ်လာခဲ့လေရယ်။ 33ဦးခေါင်းခွံနော်မယ်ရှိ တောင်ကူးပေါ်ဆီ ရွတ်ရင် ကိုယ့်တော့်ဝိုကားစင်ပေါ်တင်ဘီး သံန ရိုက်လိုက်ကေရယ်။ ကိုယ်တော်ရဲ့ တဖက်တချက်ဆီမှာ ရာဇဝတ်သားနှယွတ်ဝိုလည်း ကားစင်တင်ဘီး သံနရိုက်လိုက်ကေရယ်။ 34"အဖဖရား ဒီလူဒေဝို ခွက်လွှတ်ပေးတော်မူပါ။ သူနို့က သူနို့ကိုယ်သူနို့ ရာဒေလုပ်နေတယ်ဆိုတာဝို မသိကေပါဝူး" လို့ ကိုယ်တော်ဆုတွန်း လိုက်လေရယ်။ 35အစော့ရဲမက်ဒေက ကိုယ်တော်ရဲ့ ဝတ်ရုံတော်ဝို အလောင်းအစားလုပ်ဘီး ခွဲဝေယူကေရယ်။ ခွန်းဆွန်ဒေက " ဒီလူက တပါးသူဒေဝို ကယ်တင်ခဲ့ဘီး ဖရားရှင် ရွေးချယ်တော်မူတဲ့ 'မေရှိယ'ဖြစ်ရင် သူ့ကိုယ်သူ ကယ်တင်ပါလိမ့်မယ် "လို့ ပြောကေလေရယ်။ 36ရဲမက်ဒေက ကိုယ်တော်ဝို လှောင်ပြွန်ကေဘီး ဝိုင်ပုလင်းဝို ယူလာကေရယ်။ 37"နန်က ယုဒလူမျိုးဒေရဲ့ ဘုရင်မှန်ရင် ကိုယ့်ကိုကိုယ် ကယ်တင်ပါ" လို့ပြောကေရယ်။ 38'ယုဒဘုရင်' လို့ နော်မယ်ရေးထိုးထားတဲ့ ဆိုင်းဘုတ်ကို ကိုယ်တော်ရဲ့ ခေါင်းပေါ်မှာ ခိထားလေရယ်။ 39အနီးက ရာဇဝတ်သားတယွတ်က "နန်က 'မေရှိယ'ဆိုရင် ကိုယ့်ကိုကိုယ် ကယ်လိုက်စမ်းပါ။ ကျွန်ုပ်ဝိုလည်း ကယ်ပါ" လို့ ကဲ့ရဲ့ဘီးပြောရယ်။ 40နော့ရာဇဝတ်သား တယွတ်က အဲသူဝို " နန်က ဒီလူလိုဘဲ ပြစ်ဒဏ်စီရင်ခံရသူ ဖြစ်နေပေမယ့် ဖရားရှင်ဝို မကြော့ရိလား" လို့ မေးလိုက်လေရယ်။ 41"ကျွန်ုပ်လေမှာ အပြစ်လုပ်မိရိ အပြစ်ဒဏ်ခံရခြင်းက ထိုက်တန်ရယ်။ အပေမယ့် ဒီအရှက်က ဟဲမျိုးအပြစ်မှ ကျူးလွန်ခဲ့ခြင်းမရှိခဲ့ပါ" လို့ အဲရာဇဝတ်သားဝို ပြောလိုက်လေရယ်။ 42အဲနော့ သူကဆက်ဘီး" နန် ဘုန်းတန်ခိုးန အုပ်စိုးတဲ့အခါ ကျွန်ုပ်ဝို သတိရပါ" လို့ ရွှတ်တံလေရယ်။ 43အဲအခါ ကိုယ်တော်ယေရှုက " အခုဘဲ့ ငါနအတူ 'ပရဒိသု'ဘုံဆီ နန်ရွတ်ရှိလိမ့်မယ်" လို့ ကတိပေးတော် မူလေရယ်။ 44နေမွန်းတည့်ခီ ဝန်းကျင်မှစဘီး ညနေစွန်းတဲ့ထိ မိုးကွန်းကင်တခုလုံး မဲမှောင်နေရယ်။ 45နေမင်းဂီးရဲ့ နေရွန်ခြည်က ဖြာမထွဘဲ ဖြစ်နေရယ်။ ဗိမာန်တော်မှာရှိတဲ့ ကန့်လန့်ကာဂီးက နှခြမ်းကွဲသွားလေရယ်။ 46"အဖဖရား လတ်ထဲဆီ သားတော် အပ်နှံပါရယ်"ဆိုကာ ကိုယ်တော်ရဲ့ အသံက ကျယ်ကျယ်လောင်လောင် ထွက်လာလေရယ်။ 47ဒီအသံ ရပ်သွားတာန ချက်ချင်း ကိုယ်တော်က အသတ်ဝို စွန်ါတော်မူလေရယ်။ ဒီအဖြစ်ဝို ဗျင်ရတဲ့ ရောမအရာရှိဒေက ဘုရားဂုဏ်တော်ပွန်းဝို ချီးမွမ်းလေရယ်။ ကိုယ်တော်ယေရှုက သူတော်ကွန်း အမှန်ဘဲ့ ဖြစ်ရယ်လို့ဆိုလေရယ်။ 48လူထုပရိသတ်ဂီးက အဲဒုက္ခဝေဒနာခံစားရတဲ့ အနိဌာရုံ (မကွန်းတဲ့မြင်ကွင်း/ ဝမ်းနည်းကြေကွဲဖွယ်) မြင်ကွင်းကီးဝို ကေ့ရှုဝို့ စုဝေးရွတ်ရှိနေကေရယ်။ အဲနော့ သူနို့က ကိုယ်တော်ရဲ့ အဖြစ်ဝိုဗျင်ရဘီး ရင်ကွဲလုမတတ် ဝမ်းနည်းပူဆွေးစွေန သူနို့ရဲ့ အီဆီ ပြန်ကေလေရယ်။ 49အားလုံးသော ကိုယ်တော်ယေရှုရဲ့ မိဆွေအပွန်းန ဆွေမျိုးသားချင်းဒေ၊ ဂါလိလဲမှ လိုက်ပါလာကေတဲ့ အမျိုးသမီးဒေက အဝေးတနေရာမှာ ရပ်ဘီးကေ့ရှုနေကေလေရယ်။ 50ယုဒပြည် အရိမဿဲအရပ်မှ ယောသပ်ဆိုသူက လူရိုးလူကွန်းတဦးဖြစ်ဘီး ယုဒဘာသာရေးအဖွဲ့ရဲ့ အဖွဲ့ဝမ်တဦးလည်းဖြစ်လေရယ်။ 51အဲ့အပြင် ဒီကမ္ဘာဆီ ဖရားသာသနာရောက်လာဝို့ အရမ်းလိုလားနေသူလည်း ဖြစ်ရယ်။ ကိုယ်တော်ဝို သေဒဏ်ခလာ့(လ်)မှတ် အခါက သူက သဘောမတူခဲ့ဝူး။ 52သူက ကိုယ်တော်ရဲ့ အလွန်းဝို သင်္ဂြိုလ်ဝို့ ပိလတ်ဘုရင်ခံဆီမှာ တွန်းခံလေရယ်။ 53ကိုယ်တော်ဝို လက်ဝါးကပ်တိုင်မှ အော့ဆီခလာ့(လ်))ဘီး ကွန်းမွန်တဲ့ ပိတ်စန ပတ်လေရယ်။ ကလာ့(လ်)တုံးဂီး တတုံးဝိုထွင်းခါးတဲ့ သန်းခလိုင်းဂူအသစ်ထဲမှာ အလွန်းဝို ကွန်းကွန်း သင်္ဂြုလ်လေရယ်။ 54အဲနေ့က သောကြာနေ့ဖြစ်ဘီး ဥပုသ်နေ့န နီးကပ်တဲ့ အခီဖြစ်ရယ်။ 55ဂါလိလဲမှ ကိုယ်တော်နအတူ လိုက်လာခဲ့တဲ့ အမျိုးသမီးဒေက လိုက်ပါစော့ကေ့တဲ့ကျော့ ကိုယ်တော်ဝို သင်္ဂြိုလ်တဲ့ သန်းခလိုင်းဂူဝို လကွန်း၊ အလွန်းတော်ဝို ဟဲမျိုးထားတာကို လကွန်း တွေ့ဗျင်ကေရရယ်။ 56အဲနော့ သူနို့က အီဆီပြန်ဘီး ကိုယ်တော်ဝို ပူဇော်ဝို့ ဆီမွှေးန နံ့သာဝို အသင့်ပြင်ဆင်ကေရယ်။ အပေမယ့် သူနို့က မောရှေပညာကျမ်းမှာ ဖော်ပြထားတဲ့အတိုင်း ဥပုသ်နေ့မှာ အနားယူလိုက်ကေရယ်။