12
1ကိုယ်တော်ယေရှု ပတ်လည်မှာ ထောင်ပွန်းများရှိသူဒေက တိုးကြိတ်ပြီး အချင်းချင်း တတ်နန်းမ်ကေရယ်။ ကိုယ်တော်က သူရဲ့တပည့်တော်ဒေဝို "ဖာရိရှဲဒေရဲ့ မရိုးသားတဲ့ သွန်သင်ချက်ဒေဝို သတိထားစော့ကေ့ပါ။ အဲအရာဒေက လူဒေဝို လှည့်စားတဲ့ သူနို့ရဲ့ နည်းလမ်းဒေဖြစ်ရယ်။ 2ဖုံးဖွက်(ဖ်)သမျှဒေဝို ရှာတွေ့လိမ်ုမယ်။ လျှို့ဝှက်ထားသမျှ သလာကေလိမ့်မယ်။ 3အမှောင်ထဲမှာ ပြောတဲ့ဂါးဒေက နေ့အလင်းရောင်မှာ ပြောသလိုမျိုး ကြားသိရလိမ့်မယ်။ အီခေါပေါ့ပိဘီး တိုးတိုးတိတိပြောရင် အီခွန်မိုးပေါ်မှ အော်ပြောသလိုမျိုး ဖြစ်လိမ့်မယ်" လို့ သတိပေးတော်မူလေရယ်။ 4"မိဆွေ၊ လူဒေဝိုမကြော့ကေပါန၊ သူနို့က နန်နို့ဝို အသေသတ်နိုင်ရိလည်း၊ တခြားဟဲမျိုးအရာဝိုမှ တတ်နိုင်ပါ၊ 5ဖရားရှင်ကဘဲ့ နန်နို့ရဲ့ တဆဆူထဲဖရားဘဲ့ဖြစ်ရယ်။ ဖရားရှင်က နန်နို့ရဲ့ အသတ်ဝို ယူဆွန်နိုင်ရုံထက်ပိုဘီး ငရဲဆီလည်း ပစ်ခလာ့(လ်)နိုင်မယ်။ ဖရားရှင်ကဘဲ့ နန်နို့ကြော့ရမယ့်သူ အမှန်ဘဲ့ဖြစ်ရယ်။ 6စာကလေးငါးကွန်ဝို ငွေနှပြားန ရောင်းကေရယ်။ အပေမယ့် ဖရားရှင်က အဲစာကလေး တကွန်ဝိုမျှ မမေ့ခဲ့ရ။ 7နန်နို့ဦးခွန်းမှာ ရှိတဲ့ ဆံပန်ဒေဝိုဘဲ့ ရေတွက်ထားတော်မူရယ်။ အဲကျော့ နန်နို့မကြော့ပါန၊ နန်နို့က စားကလေးဒေထက်ပိုပြီး အဖိုးထိုက်တန်ရယ်။ " လို့မိန့်တော်မူလေရယ်။ 8"နန်နို့က အခြားသူဒေဝို ကျွန်ုပ်လေက ကိုယ်တော်ရဲ့ လူဒေဖြစ်ရယ်လို့ ပြောပါက " လူ့သားတော်"ကလည်း ဖရားရှင်ရဲ့ နတ်စေတမန်ဒေရှေ့မှာ ကျွန်ုပ်ရဲ့ တပည့်တော်ဒေ ဖြစ်ရယ်" လို့မိန့်တော်မူလိမ့်မယ်။ 9အပေမယ့် နန်နို့က ငါ့ဝိုငြင်းပယ်မယ်ဆို ဖရားရှင်ရဲ့ နန်စေတမန်ဒေရှေ့မှာ ငြင်းပယ်ခြင်း ခံရလိမ့်မယ်။ 10နန်နို့က "လူသားတော်"ဝို ဆန့်ကျင်ပြောဆိုရင် ခွက်လွှတ်နိုင်လည်း " ဖရားဉာဏ်အလင်းတော်"ဝို ဆန့်ကျင်ပြောဆိုရင် ခွက်လွှတ်ခြင်းခံရမယ်မဟုတ်။ 11လူဒေက နန်နို့ဝို ယုဓလူမျိုးဒေရဲ့ ဓမ္မာရုံဒေဆီလကွန်း၊ အုပ်ချုပ်သူ (ဒါမှမဟုတ်) အရာရှိဒေရှေ့ဆီလကွန်း ခေါ်ဆွန်ကေတဲ့အခါ ဟဲလိုမျိုးပြောရမယ်ဆိုတာဝို မကြော့ကေပါန၊ 12အဲခီခဏလေးမှာ ဖရားရှင်ရဲ့ ဝိဉာဉ်တော်က နန်ဟဲမျိုးပြောရမယ်ဆိုတာဝို သွန်သင်ပေးတော်မူပါလိမ့်မယ်" လို့ မိန့်တော်မူလေရယ်။ 13လူထုပရိသတ်ဂီးထဲမှ လူတယွတ်က ကိုယ်တော့်ဝို" အရှင်၊ ကျွန်ုပ်လေရဲ့ ဖခင် သေဆုံးသွားတဲ့အခါ အမွေခွဲပေးဖို့ ကျွန်ုပ်ရဲ့အစ်ကိုဝို ပြောပြပေးတော်မူပါ" လို့ ရွှတ်တံလေရယ်။ 14အဲအခါ ကိုယ်တော်က " နန်န နန့်ရဲ့အစ်ကို ကြားမှာ အမွေခွဲပေးဖို့ အခွက်ဝို ကျွန်ုပ်ဝို ဟဲသူကပေးထားနူး" လို့မေးလိုက်ရယ်။ 15အဲအခါ ကိုယ်တော်က ဆတ်လတ်ဘီး ပရိသတ်ဒေဝို " လောဘမကီးကြပါန၊ နန်နို့ပိုင်ဆိုင်တဲ့ မြော့မြားတဲ့ပစ္စည်းဒေက နန်နို့ရဲ့အသတ်ဝို မကယ်တင်နိုင်ရ" လို့ မိန့်တော်မူလေရယ်။ 16ကိုယ်တော်က ပရိသတ်ဒေဝို သူဌေးပုံပြင်ဝို ပုံဥပမာ ပေးတော်မူရယ်။ အဲပုံပြင်မှ " သူဌေးတဦးက လယ်ကွက်မှ သီးနှံဒေထွက်လေရယ်။ 17သူက " ငါဟဲလိုလုပ်ရမလဲ၊ ငါ့မှာ အဲသီးနှံဒေအားလုံးဝို သိုလှောင်ဖို့ လုံလောက်တဲ့နေရာမရှိဝူး" လို့ သူ့ကိုယ်သူပြောလေရယ်။ 18အဲနော့ သူက " ငါဟဲမျိုးလုပ်ရမလဲဆိုတာ သိပြီ ဂူဒွန်ဟောင်းဒေဝို ဖျက်လိုက်ဘီး ပိုကီးတဲ့ ဂူဒွန်အသစ်တဆွန် ဆော့လိုက်မယ်၊ အဲဒီမှာ ငါရဲ့ သီးနှံဒေန အခြားကွန်းတဲ့ အရာဒေဝို အဲဒီမှာ သီးထားမယ်။ 19အဲနော့ သူ့ကိုယ်သူ ပြောလိုက်တာက" ငါ့မှာ နှစ်ပွန်းများစွာအတွက် ပစ္စည်းကွန်းဒေ သိုလှောင်ပြီးသွားဘီ၊ ငါစိချမ်းသာအွန်နေမယ်၊ စားမယ် သော့မယ် ပျော်မယ် ပါးမယ်" လို့ တွေးတောနေလေရယ်။ 20အပေမယ့် ဖရားရှင်က သူ့ဝို" နန်ကအရူးဘဲ့၊ ဒီညမှာဘဲ့ နန်သေရလိမ့်မယ်၊ အဲကျော့ နန်စုဆောင်းထားခဲ့တဲ့ ပစ္စည်းဥစ္စာဒေက ဟဲသူလတ်ထဲဝို ရွတ်သွားမယ်နူး" လို့မိန့်တော်မူလေရယ်။ 21"ကိုယ့်ကိုအသွက် ပစ္စည်းဥစ္စာစုဆွန်းနေသူက ဖရားရှင်ရှေ့ဆီရွတ်ရင် ဆင်းရဲခြင်းဒေဘဲ့ဖြစ်နေလိမ့်မယ်" လို့ဆုံးမ လမ်းညွှန်ပြလေရယ်။ 22ကိုယ်တော်ယေရှုက တပည့်တော်ဒေဝို "နန်နို့ရဲ့ ဘဝရှင်သန်ရေးအသွက် မကြော့ကေပါန၊ နန်နို့ရဲ့ စား ဝတ် နေရေးအသွက် မပူပန်ကေပါန 23စား ဝတ် နေရေးထပ် အသတ်ကပိုဝီး အရေးကီးရယ်။ 24ကလီးကန်းဒေဝို ကေ့ပါ၊ သူနို့ က မစိုက်မပျိုး၊ မရိတ်မသီးကေ့၊ သိုလှောင်မယ့် ဂူဒွန်ဒေလည်းမရှိရ၊ အပေမယ့် ဖရားရှင်က သူနို့ဝို ကေ့ရှုစော့ရှော့ရယ်။ နန်နို့က အဲငှက်ဒေထပ်ပိုဘီး အရေးပါရယ်။ 25နန်နို့က စိုးရိမ်ကြော့ကေ့ခြင်းန နန်နို့ရဲ့ အသတ်ပိုရှည်နိုင်ဘဲ့လား။ 26အဲလိုမျိုး သေးငယ်တဲ့ အမှုကိစ္စဒေဝို ဆွန်ဝွက်ဝို့ အစွမ်းသတ္တိမရှိရင် အခြားကိစ္စဒေအသွက် ဟဲကျော့ပူပန်နေကေလဲ။ 27တောရိုင်းပန်းလေးဒေဝို ကေ့လိုက်ပါ။ သူနို့ရဲ့ အဝတ်အစားအသွက် မကြိုးစားကေ့၊ အပေမယ့် နန်နို့ဝို ငါပြောလိုတာက ဘုန်းတန်ခိုးကီးတဲ့ "ရှောလမုန်" မန်းဂီးကဘဲ့ အဲပန်းဒေလိုမျိုး လှပတဲ့ အဝတ်အစားဒေ မဝတ်နိုင်ဝူး။ 28ဖရားရှင်က လယ်ကွမ်းထဲမှာ ပေါ့ရော့နေတဲ့ အရာအားလုံးဝို လှပအွန်ပြုလုပ်ပေးတော်မူရယ်။ ဒီနေ့ လယ်ကွမ်းထဲမှာရှိလို့ နော့တနေ့ မီးထဲဆီ ပစ်ခလာ့(လ်)လိုက်မယ် တောရိုင်းပန်းဒေဝိုမှ လှပမှုဒေ ပေးအပ်ထားရင် နန်နို့အသွက်ဆိုရင် ပိုဘီးဘဲ့ ဖန်တီးပေးကပါလိမ့်မယ်။ 29နန်နို့က အစားအသော့အသွက်န စိုးရိမ်ပူပန်ခြင်း မရှိကေန 30ဖရားဝို မယုံကြည်ကေသူဒေဝိုဘဲ့ အဲအရာဒေအသွက် အမြဲတမ်း ပူပန်နေကေရရယ်။ နန်နို့ရဲ့ အဖဖရားက နန်နို့ရဲ့ လိုအပ်ချက်ဒေဝို သိတော်မူရယ်။ 31အပေမယ့် ဦးဆုံးနေန နန်နို့က ဖရားရှင်ရဲ့ အမှုတော်ဝို ထမ်းဝွက်ကေပါ။ အဲလို ထမ်းဝွက်ခြင်းကျော့ နန်နို့ကွန်းကျိုး ခံစားရလိမ့်မယ်။ လို့ မိန့်တော်မူလိုက်လေရယ်။ 32ကိုယ်တော်က "တပည့်တော်ဒေ မကြော့ကေပါန၊ နန်နို့ရဲ့ ဖရားရှင်က နန်နို့ဝို ဖရားသာသနာတော်ဆီ သွန်းပို့ပေးလိမ့်မယ်။ 33ရှိသမျှ ပစ္စည်းဥစ္စာဒေဝို ရွန်းခလာ့(လ်)ဘီး ဆင်းရဲသားဒေဝို ပေးကမ်းစွန့်ကြဲကေပါ။ ဟဲသောအခါမှ မပျက်စီးတဲ့ ပစ္စည်းဥစ္စာ အိဝိုယူဆွန်ကေပါ။ နိဗ္ဗာန်ရွှေဗြို့တော်မှာ စုဆွန်းထားတဲ့ နန်နို့ရဲ့ ရတနာဒေဝို သူခိုးဒေ မခိုးမဖွက်(ဖ်)နိုင်ရ၊ ပိုးကောင်ဒေလည်း မဖျက်စီးနိုင်ဝူး။ 34နန်နို့ရဲ့ စိနှလုံးသားက နိဗ္ဗာရွှေဗြို့တော်ရဲ့ ရတနာရှိရာဆီ အမြဲတမ်းရွတ်ရှိနေပါလိမ့်မယ်" လို့မိန့်တော်မူလေရယ်။ 35ကိုယ်တော်က သူရဲ့ တပည့်တော်ဒေဝို" နန်နို့ရဲ့ မီးအီဝို အဆင်သင့် ထွန်းညှိထားကေပါ။ 36လတ်ထပ်ပွဲမှ ပြန်လာမယ့် နန်နို့ရဲ့ သခင်ဝို စော့နေတဲ့ အစေခံဒေလိုမျိုး စော့ကေ့ပါ။ အဲသခင်ပြန်လာဘီး ခေါပေါ့ခေါ့ရင် ချက်ချင်း ခေါပေါ့ဖွက်(တ်)ပေးပါ။ 37အဲအရှင်က သူ့ဝို မအိပ်မနေ အသင့်စော့နေတဲ့ သူ့ရဲ့အစေခံဒေဝို တွေ့ရလိမ့်မယ်။ ကိုယ်တော် ကတိပေးနိုင်တာက နန်နို့ အဆင်သင့်စော့နေကေရင် သူက သူ့ရဲ့ အစေခံဒေဝို စားပွဲဝိုင်းမှာ ထိုင်ခိုင်းဘီး သူကိုယ်တိုင် ဧည့်ခံကျွေးမွေး ပါလိမ့်မယ်။ 38နန်နို့ရဲ့ သခင်က ညဉ့်နက်တဂွန် အခီမှာလကွန်း၊ စောစောကီးကီးအခီမှာ လကွန်း၊ ရွတ်လာမယ်ခီ စောင့်မျှော်နေတဲ့အစေခံဒေက အမှန်ဘဲ့ ကံကွန်းကေရယ်။ 39အီရှင်က သူခိုးလာမယ်ဆိုတာဝို ကြိုသိရင် အဲအီ သူခိုးအဖေါ့မခံရ။ 40အဲကျော့ အမြဲတမ်း အဆင်သင့်ပြင်ထားပါ။ နန််နို့က "လူ့သားတော်" ဟဲခီမှာ ကြွရွတ်လာမယ်ဆိုတာဝို နန်နို့မသိကေ" လို့မိန့်တော်မူလိုက်လေရယ်။ 41ပေတရုက ကိုယ်တော်ဝို "ဒီဥပမာဝို ကျွန်ုပ်လေသွက် မိန့်တော်မူနေလား ဒါမှမဟုတ် အခြားလူဒေအသွက်လား" လို့ရွှတ်လေရယ်။ 42အဲအခါ အရှင်က" သစ္စာရှိဘီး လိမ္မာပါးနပ်သူက ဟဲသူဖြစ်မယ်နူး။ ဥပမာ သခင်တဦးက အခြားအစေခံတဦးဝို အစေခံဒေဝို စီမံခန့်ခွဲဝို့န စားနပ်ရိက္ခာဒေဝို ခွဲဝေပေးဝို့ တာဝန်ခံအဖြစ် ခန့်ထားမယ်လို့ တွေးထားရယ်။ 43သူနို့ရဲ့သခင် ပြန်လာတဲ့အခီမှာ သူနို့ရဲ့ လုပ်ငန်းတာဝန်ဒေဝို ဆွန်ဝွက်နေတဲ့ အစေခံဒေမှာ ကံကွန်းရယ်။ 44သခင်က သူ့အပေါ်အမြဲတမ်းသစ္စာရှိသူအစေခံဝို တာဝန်ခံအဖြစ် ခန့်ထားမယ်ဆိုတာ သေချာရယ်။ 45အပေမယ့် အဲအစေခံက သခင်ပြန်လာမယ့်ခီ နော့ကလာ့(လ်)မယ်ထန်ဘီး တခြားအစေခံဒေန ရိုက်လား ပုတ်လား၊ စားလိုက် သော့လိုက်န မူးရူးနေတဲ့ အခီမှာ 46အဲသခင် ပြန်ရွတ်လာပါက သူ့ဝိုအလုပ်မှ ဖယ်ရှားလိမ့်မယ်။ အဲနော့ အဲမမှူမကန်လုပ်တဲ့ အစေခံဝို ဆွဲထုဘီး အပြစ်ပေးပါလိမ့်မယ်။ 47အစေခံဒေက သူနို့သခင်ရဲ့ဆန္ဒဝို သိနေလည်း လုပ်ဆွန်ခြင်းမရှိရင် ပြင်းထန်တဲ့ ကလီဒဏ် ခံစားရလိမ့်မယ်။ 48အပေမယ့် အစေခံဒေက သခင်ရဲ့အလိုဆန္ဒဝို မသိရိ ကလီဒဏ်အပြစ်ပေး ခံထိုက်တဲ့ အမှားမျိုးဝို ပြုမိသူက အရမ်းနာကျင်တဲ့ ကလီဒဏ်ဝို ခံရမယ်မဟုတ်။ အပေမယ့် အဖဖရားရှင်က နန်နို့ပေါ်မှာ လိုက်ရောရင် နန်နို့က ဖရားရှင်ရဲ့ အမှုတော်ဝို ကွန်းကွန်းထမ်းဝွက်ကေလိမ့်မယ်။ ဖရားရှင်က အဲထက်ပိုဘီး လိုက်ရောရင် နန်နို့ကလည်း ပိုဘီး ကွန်းကွန်း အမှုတော်ဝို ဆွန်ဝွက်ကေပါ။" လို့မိန့်တော်မူလေရယ်။ 49ငါက ဒီကမ္ဘာမြေဝို မီးနသန့်ရှင်းစေဝို့အသွက် ငါလာရယ်။ အခုဘဲ့ မီးနသန့်ရှင်းစေဝို့ အလိုတော်ရှိရယ်။ 50ငါက အခက်ခဲဆုံး စမ်းသပ်မှုဝို ကြုံရတော့မယ်။ ဒီကာလဝို မကျော်လွန်မီထိ ငါက ဒုက္ခဝေဒနာဝို ခံစားရအုံးမယ်။ 51ငါက ဒီကမ္ဘာမြေဂီးပေါ်ဆီ ငြိမ်းချမ်းရေးကိုဘဲ့ ယူဆွန်လာတယ်လို့ နန်နို့ထန်နေကေသလား အဲလိုမဟုတ်ပါ ငါက ဖရားဘက်တော်သားဒေဝို ရွေးကော့တော်မူဝို့အသွက်ပါ ကြွလာတော်မူခြင်းဖြစ်ရယ်။ 52မိသားစုငါးဦးရှိရင် နှဦးကတဖက် သုံးဦးကတဖက် ဆန့်ကျင်ဘက်ဖြစ်ကေရယ်။ 53မိဘနသားသမီး ချွေးမနယောက္ခမ တဦးနတဦး ဆန့်ကျင်ဘက်ဖြစ်ကေရယ်။ 54အဲနော့ ကိုယ်တော်က လူအပွန်းဒေဝို " နန်နို့က အနော့အရပ်မှာ မိုးတီတက်လာတာဝို ဗျင်ရင် မိုးဝါတော့မယ်လို့ ချက်ချင်းပြောကေရယ်။ 55တောင်ဘက်ကလေ တိုက်လာရင်လည်း "နွေရာသီရွတ်တော့မယ်" လို့ပြောကေဘီး ပြောတဲ့အတိုင်းဘဲ့ အမှန်ဖြစ်လာရယ်။ 56သူတော်ကွန်းအယွန်ဆွန်သူဒေ နန်နို့က မြေကီးဝို ကေ့ရှုဘီး မိုးလေဝသ အခြေအနေဝို ခန့်မှန်းနိုင်ကေရင် အခုဖြစ်နေတဲ့ အခြေအနေမှန်ဝို ဟဲကျော့ နန့်နို့ မသိနိုင်ကေလဲ။ 57မှန်ကန်တဲ့အမှုဝို ဆွန်ဝွက်ဝို့ နန်နို့ ဟဲကျော့နားမလည်နိုင်ကေလဲ။ 58နန့်ဝို တစုုံတယွတ်က စွပ်စွဲပြစ်တင်လာတဲ့ခါ တရားရုံးဆီ ခေါ်မသွားမီ စေ့စပ်ဆွေးနွေးညှိနှိုင်းပါ။ အဲလိုမျိုး မလုပ်ဆွန်ပါက နန့်ဝို တရားစီရင်ဝို့အသွက် ဆွဲခေါ်သွားကေလိမ့်မယ်။ အဲနော့ တရားသူဂီးက နန့်ဝို ထွန်မှူးလတ်ထဲဆီအပ်ဘီး အကျဉ်းကျစေလိမ့်မယ်။ 59နန်ပေးဆပ်ရမယ့် အကြွေးအကူလုံးဝို မဆပ်မချင်း အကျဉ်းထွန်မှ လွှတ်ပေးလိမ့်မယ်မဟုတ်" လို့မိန့်တော်မူလေရယ်။