11
1နေ့မှာ ကိုယ်တော်ယေရှု ဆုတောပီးဝိုခါမှာ ဗြိတော်တစ်ယော့ဟ “အရှင်၊ ယောဟန်ဟ သူရဲ့ဗြိတော်ဒွေဝို ဆုတောနည်းဝို သန်ပေးတော်မူမျိုး ဗြိတော်ဒို့ဝိုလဲ ဆုတောပုံ၊ ဆုတောနည်း သန်ပေးတော်မူပါ” ဆိုပီး ရှော့တံလေရယ်။ 2<div class="usfm_p ">အဲခါ ကိုယ်တော်ယေရှုဟ သူ့နို့ဝို “နန်းနို့ဟ ဘုရားရှင်ဆီမှာ ဆုတောဂေ့ဝိုခါမှာ </div><div class="usfm_q ">‘အဖဘုရား၊ အဖဘုရားရဲ့နာမတော်ဟ ရိုသေလေးမြတ်ဇာခံရပါစေ။ သာသနာတော်ပေါ်ထွန်းပါစေ။ </div> 3ကျနော်ဒို့တွက် တနေ့တာလိုအပ်ဝို စာအာဟာရဒွေဝို နေ့ဒိုင်း ပေးသနားတော်မူပါ။ 4တပည့်တော်ဒေအပေါ် အပြစ်ကျူးလွန်သူအပွန်းဒေဝို တပည့်တော်ဒေမှ ခွက်လွှတ်ပေးသလို။ တပည့်တော်ဒေရဲ့ မကွန်းမှုအပြစ်ဒေဝို ခွက်လွှတ်ပေးတော်မူပါ။ ကျွန်ုပ်လေဝို မကွန်းမှုအပြစ် ကျူးလွန်စေဝို့ သွီးဆွန်သမျှဝိုလည်း တားဆီးပေးတော်မူပါ။ ဆိုလို့ ဆုတောင်းကေပါ" လို့မိတော်မူလေရယ်။ 5အဲနော့ ကိုယ်တော်က ဆက်လက်ဝီး " နန်နို့ထဲက တယွတ်ထဲကဘဲ့ မိတ်ဆွေတဦးဆီနား ညဉ့်နက်တခွန်အခီမှာသွားရိ "ငါ့ဝို ပါမုသုံးလုံး ချီးပေးပါ။ 6ကျွန်ုပ်ရဲ့ မိဆွေတဦး ရွတ်ရှိလာရိ သူစားဝို့ ဘာလဲမရှိရ။ 7အဲအခါ နန့်မိဆွေက "ငါ့ကိုမနှောက်ယှက်ပါန ၊ ခေါပေါ့ဒေလည်း ပိထားပြီးပြီ၊ ငါ့ကလေးဒေန ငါ့အိယာထဲဝို ရွတ်နေဝီ၊ ငါအိယာထဝီး ဘာမှပေးနိုင်ဘူး။ လို့ပြောနိုင်ရယ်။ 8အဲကျော့ နန်ရဲ့ မိဆွေတဦးဖြစ်နေလည်း အိယာမှထရိ နန့််ဝို ပါမုပေးလိုက်မယ်မဟုတ်ရ။ အပေမယ့် နန်က နန့်ရဲ့အရှက်သိခါဝို မငဲ့ကွက်ဘဲ ဆက်လက်တွန်းခံရင် သူက အိယာမှထလာဝီး နန်လိုအပ်တဲ့မုဒေဝို ပေးလိမ့်မယ်။ 9အဲကျော့ နန်နို့ ဖရားဆီမှာ"တွန်းခံကေပါ၊ နန့်နို့လတ်ခံရရှိကေလိမ့်မယ်။ ရှာတဲ့သူက တွေ့လိမ့်မယ်။ ခေါပေါ့ခေါ့ပါ။ ခေါပေါ့ခေါ့သူတိုင်းဝို ဖွက်(ဖ်)ပေးပါလိမ့်မယ်။ 10တောင်းတဲ့သူတိုင်း ရကေပါလိမ့်မယ်။ ရှာတဲ့သူတိုင်း တွေ့ကေပါလိမ့်မယ်။ ခေါပေါ့ခေါ့သူတိုင်းဝို ဖွက်(ဖ်)ပေးပါလိမ့်မယ်။ 11နန်နို့ သားသမီးဒေ ဆာလွန်ရိ ငါးဝိုတောင်းရင် ဟဲမျိုးဖခင်က ဘွီဝိုပေးလို့မရ။ 12နန်နို့ရဲ့ သားသမီးက ကြစ်ဥဝိုတွန်းရင် ဟဲမျိုးဖခင်က ကင်းမြှီးကော့ကို ပေးလို့မရ။ 13နန်နို့က လူဆိုးဒေဖြစ်နေရင်လည်း နန်နို့ရဲ့ သားသမီးဒေဝို ကွန်းတဲ့အရာဒေဝိုပဲ ပေးတတ်ရင် နိဗ္ဗာန်ရွှေဗြို့တော်ရှင် အဖဖရားက တွန်းခံသူ ဟဲသူဝိုမဆို ဖရားရှင်ဉာဏ်အလင်းတော်ဝို ပေးအပ်ရန် အသင့်ရှိလေရယ်။ 14ကိုယ်တော်ယေရှုက လူတယွတ်ဝို ဂါးမပြောနိုင်အွန် ပြုစားထားတဲ့ မကွန်းဆိုးဝါးတကွန်ဝို နှန်ထုလိုက်လေရယ်။ အဲနော့ အဲမကွန်းဆိုးဝါး ထွသွားရိ အဲလူစတင်ဂါးပြောရာ လူပရိသတ်ဒေ အံ့ဩသွားကေလေရယ်။ 15အပေမယ့် လူတချို့က " အဲလူက မကွန်းဆိုးဝါးဒေရဲ့ ဘုရင်"ဗေလဇေဗုလ"ဆီမှ တန်ခိုးတော်ဒေန အဲမကွန်းဆိုးဝါးဒေဝို မောထုတ်တာဖြစ်ရမယ်" ဆိုဝီး ပြောကေလေရယ်။ 16အခြားသူဒေကလည်း ကိုယ်တော့်ဝို စမ်းသပ်လိုကေရယ်။ အဲကျော့ သူနို့က ကိုယ်တော့်ဝို ဖရားရှင်ဆီမှ အမှတ်အသားတခုခုဝို ပြဆိုဝီး တောင်းဆိုကေရယ်။ 17ကိုယ်တော်က အဲသူဒေ ဟဲမျိုးတွေးတောနေတာဝို သိတော်မူတဲ့ကျော့ " နိုင်ငံတခုမှာ လူဒေစိဝမ်းကွဲဝီး တိုက်ပွဲဒေဖြစ်နေရင် အဲနိုင်ငံ ပျက်စီးရလိမ့်မယ်။ အဲလိုမျိုး မိသားစုဒေလည်း အချင်းချင်း ရန်ဖြစ်နေရင် အဲမိသားစု ပြိုကွဲပျက်စီးရလိမ့်မယ်။ 18တကယ်လို့ မာရ်နတ်ဒေက သူကိုယ်တိုင် အချင်းချင်း ဆန့်ကျင်တိုက်ခိုက်နေရင် နော့ဆုံးမှာ သူရဲ့တိုင်းပြည်ဝို ဟဲမျိုးတည်ထွန်နိုင်ဝိုနူး။ အခုဘဲ့ ငါက "ဗေလဇေဗုလ"ရဲ့ တန်ခိုးအာဏာန မကွန်းဆိုးဝါးဒေဝို မောထုရယ် လို့ နန်နို့ပြောကေရယ်။ 19တကယ်လို့ ငါက သူရဲ့ တန်ခိုးအာဏာန မကွန်းဆိုးဝါးဒေဝို မောထုတယ်ဆိုရင် နန်နို့ရဲ့ တပည့်ဒေက ဟဲသူရဲ့ တန်ခိုးအာဏာဒေဝို သုံးပြီး မကွန်းဆိုးဝါးဒေဝို မောထုကေနူး။ အဲသူဒေက နန်ဝို အဆုံးအဖြတ်ပေးကေလိမ့်မယ်။ 20အပေမယ့် တကယ်လို့ ငါက ဖရားရှင်ရဲ့ ဘုန်းတန်ခိုးတော်ဝို အသုံးပြုဝီး မကွန်းဆိုးဝါးဒေဝို မောထုတယ်ဆိုရင် နန်နို့ဆီဝို ဖရားရှင်ရဲ့ သာသနာတော်ရွတ်ရှိနေပြီဖြစ်တယ်ဆိုတာ သက်သေထူနိုင်ရယ်။ 21သန်မာထွားကြိုင်းတဲ့လူတယွတ်က သူကိုယ်တိုင် သူ့အီကို စော့ကေ့နိုင်တဲ့ကျော့ သူရဲ့ပိုင်ဆိုင်တဲ့အရာအားလုံး လုံခြုံမှုရှိရယ်။ 22အပေမယ့် သူ့ထက်သန်မာထွားကြိုင်းသူက လာဗျီး သူ့ဝိုနိုင်ခဲ့ရင် အဲသူယုံကြည်အားကိုးတဲ့ လက်နက်ကိရိယာဒေဝို သီးဆီး သယ်ဆွန်လိမ့်မယ်။ အဲနော့ တခြားသူဒေဝိုလည်း သူယူဆွန်လာခဲ့တာဒေဝို ခွဲဝေပေးပါလိမ့်မယ်။ 23တကယ်လို့ နန်နို့က ကျွန်ုပ်ဘက်မှ မရပ်တည်ရင် ကျွန်ုပ်ဝို ဆန့်ကျင်သူသာဖြစ်ရယ်။ တကယ်လို့ နန်နို့က ကျွန်ုပ်နအတူ ကော့ပဲသီးနှံဒေဝို အတူတကွ မရိသိမ်းရင် နန်နို့က ကော့ပဲသီးနှံဒေဝို လွှတ်ပစ်သူဘဲ ဖြစ်ရယ်။ 24မကွန်းဆိုးဝါးက ပူးနေသူဆီမှ ကန္တာရထဲဆီ ထွခွာသွားဝိ နားနေဝို့ နေရာတခုဝို လိုက်ရှာရယ်။ အပေမယ့် နေရာရှာမတွေ့တဲ့အခါ သူက" ငါနေသားကလာ့နေတဲ့ လူဆီဝို့ဘဲ ပြန်မယ်" လို့ပြောလေရယ်။ 25သူပြန်ရွတ်တဲ့အခါ အဲလူက သန့်ရှင်းစွာ လှည်းခါထားတဲ့ အီလိုမျိုး နေချင်စဖွယ် ဖြစ်နေရယ်။ 26အဲအခါ မကွန်းဆိုးဝါးက သူ့ထပ် ပိုဆိုးဝါးတဲ့ မကွန်းဆိုးဝါး ခုနစ်ကွန်ဝို သွားခေါ်လေရယ်။ သူနို့အားလုံး အဲလူဆီနားလာရိ နေထိုင်ကေတဲ့အခါ အဲလူရဲ့ အခြေအနေက ယခင်ကထပ် ပိုမိုဆိုးဝါးလာလေတော့ရယ်။ "လို့ မိန့်တော်မူလိုက်လေရယ်။ 27ကိုယ်တော်ယေရှုက လူထုပရိသတ်ဝို ဟောပြောနေခါ အမျိုးသမီးတယွတ်က " အရှင်ဝို မွေးဖွားသန့်စင်ပေးဝီး ပြုစုစော့ရှော့ခဲ့တဲ့ အမျိုးသမီးက မင်္ဂလာရှိသူဘဲဖြစ်ပါရယ်" လို့ ရွှတ်တံလေရယ်။ 28အဲအခါ ကိုယ်တော်က "အဲဂါးက မှန်ပါရယ်။ အပေမယ့် ဖရားရှင် မင်္ဂလာတရားတော်မြတ်ဝို နာကြားရသူဒေကဘဲ့ အမှန်ပဲ့ ကွန်းချိုးချမ်းသာ မင်္ဂလာအဖြာဖြာဝို ခံစားရတာဖြစ်ရယ်"လို့ မိန့်တော်မူလိုက်လေရယ်။ 29လူထုပရိသတ်ဒေက ကိုယ်တော့ကို ဝိုင်းရံ စုရုံးနေခါ ကိုယ်တော်က " " ယခုခေတ်လူဒေက အလွန်ဆိုးဝါးတဲ့ ပုဂ္ဂိုလ်ဒေဖြစ်ကေပြီး နန်နို့က ဖရားရှင်ဆီမှ နိမိတ်လက္ခဏာဒေပြဝို့ တွန်းဆိုကေရယ်။ အပေမယ့် "ယောန"ရဲ့ အဖြစ်အပျက်က နန်နို့ဝို ပြလိုက်တဲ့ နိမိတ်လက္ခဏာ တခုဘဲ့ဖြစ်ရယ်။ 30"နိနေဝဗြို့သားဒေဝို" ယောနရဲ့ ဖြစ်စဉ်ဝို အဲလိုမျိုး ပြခဲ့သလို"လူ့သားတော်"ကလည်း အဲနေ့ လူဒေဝို နိမိတ် လက္ခဏာတစ်ခု ပြပေးလိမ့်မယ်။ 31တရားစီရင်တဲ့အခီရွတ်ရင် "ရှေဘ"ပြည်(အာရေးဗီးယားနိုင်ငံ တောင်ပိုင်းမှာရှိတဲ့) ဘုရင်မက နန်နို့နဲ့အတူ ရင်ဆိုင်ပြီး နန်နို့ဝို စွဲချက်တင်လိမ့်မယ်။ အဲဘုရင်မက ပညာရှိ ရှောလမုန်ဆီမှ ပညာရှိဒေရဲ့ဂါးဝို နားထောင်လိုတဲ့ အတွကျော့ ခရီးဝေးဂီးမှ လာခဲ့ခြင်းဖြစ်ရယ်။ အပေမယ့် အဲနေရာမှာ ပညာရှိရှောလမုန်ထပ် ကီးကျယ်မြင့်မြတ်တဲ့သူ ရွတ်နေပြီဖြစ်ရယ်။ 32"နိနေဝေ" ဗြို့သားဒေက နန်နို့ဝို စွဲချက်တင်ရိ ရင်ဆိုင်ကေလိမ့်မယ်။ သူနို့က "ယောန" ဟောပြောသွန်သင်တဲ့ အတွ နော်တရပြီး ဖရားဝို ပူဇော်လာကေသူဒေဖြစ်ရယ်။ အဲနေရာမှာ ယောနထပ် ပိုဝီး ကီးကျယ်မြင့်မြတ်သူဒေ ရွတ်နေပြီ" လို့မိန့်တော်မူလိုက်လေရယ်။ 33"ဆီမီးထွန်းညှိထားတဲ့ မီးအီဝို ဟဲသူမျှ ဖွက်(ဖ်)ထားလေ့မရှိ၊ မြေအိုးအော့တွင်လည်းမထားရ၊ အီထဲဆီ ဝမ်လာသူဒေ အလင်းရစေဝို့ မီးအီဝို မီးတိုင်မှာဘဲ့ ခိဆွဲကေရယ်။ 34နန်နို့ရဲ့ မျက်စိဒေက နန်နို့ရဲ့ ခန္ဓာကိုယ် မီးအီလိုပဲ ဖြစ်ရယ်။ နန်မျက်စိကွန်းတဲ့အခါ နန်လိုအပ်တဲ့ အလင်းရောင်အားလုံးဝို ရရှိနိုင်ဝီး နန်မျက်စိမကွန်းရင် အရာအားလုံး မွှန်မိုက်နေလိမ့်မယ်။ 35အဲကျော့ နန်နို့ရဲ့ အလင်းရောင်ဝို အမွှန်မဖြစ်စေဝို့ သေချာအွန်လုပ်ပါ။ 36တကယ်လို့မှ နန့်မှာ အလင်းရွန်ရှိနေရင် ဟဲအရာမှ မမွှန်မိုက်ဘဲ မီးအီက တော့ပတဲ့ အလင်းရွန်န နန့်အပေါ် ထွန်းလင်းသလိုမျိုး နေရာတိုင်းမှာ ထွန်းလင်းတောက်ပ နေပါလိမ့်မယ်။" လို့ မိန့်တော်မူလေရယ်။ 37အဲလို မိန့်တော်မူပြီးတဲ့အခါ ဖာရိရှဲတဦးက ကိုယ်တော်ယေရှုဝို ညနေစာန ဧည့်ခံဝို့ သူအီဆီဘဲ ဖိလေရယ်။ 38ကိုယ်တော်က သူရဲ့အီဆီ ကြွရိဘ မှန်းစားပွဲမှာ ထိုင်လိုက်ရယ်။ ကိုယ်တော်က အစာမစားမီ လတ်ဆေးဘဲ မှန်းစားပွဲမှာ ထိုင်တဲ့ကျော့ အဲဖာရိရှဲက အရမ်း အံ့ဩသွားလေရယ်။ 39အဲကျော့ ကိုယ်တော်က အဲသူဝို "နန်နို့ဖာရိရှဲဒေက ပန်းကန်ခွက်ဒေရဲ့ အပြင်ဘက်ဝိုဘဲ့ ဆေးကြောသန့်စင်ကေပြီး နန်နို့ရဲ့ အတွင်းစိတ်ဒေမှာ လောဘတရားဒေန ယုတ်ညံ့လို့ရှိရယ်။ 40လူမိုက်တို့ ၊ ဖရားရှင်က အတွင်းန အပြင်နှဘက်စလုံးဝို ဖန်ဆင်းပေးထးတော်မူရယ်။ 41နန်နို့က ဆင်းရဲသားဒေဝို ပေးကမ်းစွန့်ကြဲရင် နန်နို့လုပ်ဆွန်တဲ့ အရာတိုင်းဝို ဖရားရှင်ကျေနပ်နှစ်သက်လိမ့်မယ်။ 42ဖာရိရှဲတို့ နန်နို့က ဒုက္ခတွေ့နေကေပြီ၊ နန်နို့က ဖရားရှင်ဝို နန်နို့ရဲ့ ဉယျာဉ်မှထွတဲ့ ပင်စီးဝွက်၊ လျှူဝွက်လိုမျိုးဘဲ့ အသီးအနှံဒေဝို ဆယ်ပုံတပုံ ပေးလှူကေရယ်။ အပေမယ့် နန်နို့က သူတပါးဝို လီညာလှည့်စားဝီး ဖရားရှင်ကိုလည်း မကြည်ညိုကေ့။ နန်နို့က ဖရားရှင်ဝို ဆယ်ပုံတပုံ ပေးလှူဘီးပြင် အခြားသူဒေဝို တရားမျှတအွန်ကျင့်သုံးရိ သနားကြင်နာကေရမယ်။ 43ဖာရိရှဲတို့ ၊ နန်နို့က ဒုက္ခတွေ့နေကေပြီး ၊ ဓမ္မာရုံဒေမှာလည်း ရှေ့ဆုံးမှ ထိုင်ဝီး နေရာယူရတာဝို ချစ်မြတ်နိုးကေရယ်။ ဈေးထဲမှာ လူဒေဂုဏ်ပြုကြိုဆိုတာဝိုလည်း နှစ်သက်ကေလေရယ်။ 44အပေမယ့် နန်နို့ ဒုက္ခကြုံနေရပြီ၊ နန်နို့က အမှတ်သားမှေ့ဘဲ သန်းခလိုင်းတွမ်းဒေနတူရယ်။ လူဒေက အဲအမှတ်သားမှေ့ဘဲနေရာပေါ်မှာ ရွှတ်လှမ်းနေကေတဲ့အခါ သန်းခလိုင်းတွမ်း ဖြစ်မှန်းမသိကေ။ " လို့မိန့်တော်မူလိုက်လေရယ်။ 45မောရှေကျမ်းတတ် ပုဂ္ဂိုလ်တဦးက " ကိုယ်တော် ခုလို မိန့်တော်မူနာက ကျွန်ုပ်လေဝို စော်ကားခြင်းဘဲ့ ဖြစ်ပါရယ်" လို့ ပြန်ပြောလေရယ်။ 46ကိုယ်တော်က " ကျမ်းတတ်ဆရာတို့ နန်နို့က ဒုက္ခတွေ့နေကေပြီ။ နန်နို့က လူဒေဝို လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးဒေဝို ထမ်းစေရယ်။ အပေမယ့် နန်နို့က အဲလူဒေထမ်းတဲ့ဝန်ဒေဝို လတ်ဖျားနဘဲ့ တို့ထိရိ မသူညီကေ။ 47နန်နို့က အမှန်ဘဲ ဒုက္ခသားကွန်ဒေဖြစ်ကေရယ်။ ရှေးအခါ နန်နို့ရဲ့ ဖိုးဖွားဒေက သတ်ခဲ့တဲ့ ပညာရှိပရောဖက်ဒေအတွ နန်နို့က ဂုဏ်ပြုခြင်းအထိမ်းအမှတ် ကလော့တိုင်ဒေ စိုက်ထူပေးကေရယ်။ 48အဲလို ဆွန်ဝွက်ခြင်းက နန်နို့ ဖိုးဖွားဒေရဲ့ လုပ်ဆွန်ချက် မှန်ကန်တယ်လို့ နန်နို့ တွေးခေါ်တဲ့ကျော့ဖြစ်ရယ်။ အဲလိုမဟုတ်ဘဲ နန်နို့က အဲသူဒေသတ်ခဲ့တဲ့ ပညာရှိပရောဖက်ဒေအတွ အဲအထိမ်းမှတ်ကလော့တိုင်ဒေဝို စိုက်ထူကေလိမ့်မယ်မဟုတ်။ 49အဲကျော့ ဖရားရှင်က ဉာဏ်အလင်းတော်န သူနို့ရဲ့ မကွန်းမှု အပြစ်အကျွန်းဒေဝို မိန့်တော်မူခဲ့ခါမှာ "နန်နို့ဆီဝို ပညာရှိပရောဖက်ဒေန တမာန်တော်ဒေဝို စေလွှတ်တော်မူမယ်။ အပေမယ့် နန်နို့က အဲပရောဖက်ဒေ တမာန်တော်ဒေ အချို့ဝို သတ်ဝီး တချို့ဝို ညှဉ်းဆဲကေလိမ့်မယ်" ဆိုဝီးဖြစ်ရယ်။ 50ဒီနေ့ လောကီသားဒေက ပညာရှိသူတော်ကွန်းဒေအားလုံးဝို ကမ္ဘာဦးအစကကဘဲ့ သတ်ဖြတ်ကေ့တဲ့အတွ အပြစ်တင်နေကေပြီ။ 51အဲပညာရှိ သူတော်ကွန်းဒေထဲမှာ" အာဗေလ"ကအစပြုရိ ဗိမာန်တော်အတွင်းန ယဇ်ပလ္လင်အကြားထဲ အသတ်ခံခဲ့ရတဲ့ ပညာရှ "ဇာဖရိ"အထိဘဲ့ဖြစ်ရယ်။ အဲကျော့ အဲအရာအားလုံးတွ နန်နို့လူသားဒေက အပြစ်ပေးခံရမှာ အသေအချာဘဲ့ဖြစ်ရယ်။ 52မောရှေကျမ်းတတ် ပုဂ္ဂိုလ်တို့ နန်နို့က မိုက်တွမ်းနက်ကေရယ်။ နန်နို့က ဖရားရှင်န သက်ဆိုင်တဲ့ အသိညာဘဏ်တိုက် ခေါပေါ့သေ့ာဝို သီးထားပေပြီး ၊ ကိုယ်တိုင်လည်းမဝမ်၊ အခြားသူဒေဝိုလည်း တားဆီးကေရယ်" လို့မိန့်တော်မူလိုက်လေရယ်။ 53ကိုယ်တော်က အဲအရပ်မှ ကြွတော်မူတဲ့အခါ ကျမ်းတတ်ပုဂ္ဂိုလ်ဒေန ဖာရိရှဲဒေက သူနို့နအတူ ကိုယ်တော်ဝိုရှိစေလိုရယ်။ သူနို့က ကိုယ်တော်ဝို အခြားအကျွန်းရာဒေဝို ဟောပြောစေလိုကေရယ်။ 54အကျွန်းအရင်းမှာ သူနို့က ကိုယ်တော်မိန့်တော်မူတဲ့ဂါးဒေမှာ အမှားတစုံတခု ပါဝင်ခဲ့ပါက ဖမ်းဆီးနိုင်ဝို့အတွဘဲဖြစ်ရယ်။