Logo de YouVersion
Icono de búsqueda

John 4

4
1သားတော်ဝို ယုံကြည်လူတိုင်းဟ နိစထာဝရသက်ဝို ရမှာဖြစ်ဂေ့ဘေမဲ့ သားတော်ဝို ငြင်းပယ်ဝိုသူတိုင်းဟ အဲမိုသက်ဝိုမရဘဲန ဘုရားရှင်ရဲ့ ပျစ်စီရင်ဇာဝိုဘဲ့ ခံဂေ့ရလိမယ်ဖြစ်ရယ်” ဆိုပီး ဟောပြောလေရယ်။ 2မှန်တကယ်ကလော ရေနှစ်မြင်ဂလာပေးဇာဟ ကိုယ်တော်ယေရှုကိုယ်တိုင် ပေးဇာမုဘဲန သူ့ရဲ့ဗြိတော်ဒွေဟ‌ ပေးနေဇာဖြစ်ရယ်။ 3အဲဂျော့ ကိုယ်တော်ဟ ယုဒဒေသဟထွက်ခွာလာပီး ဂါလိလဲဒေသဝို ပလန်ကြွတော်မူလေရယ်။ 4လမ်းမှာ သူဟ ရှမာရိဒေသဝို ဖြတ်သွားရလေရယ်။ 5သူဟ ယာကုပ်ဟ သူ့ရဲ့သားဖြစ်ဝို ယောသပ်ဝိုပေးရားဝို ရှမာရိဒေသ ရှုခါဗြို့မှာရှေ့ဝို မလေကွက်နားဝို ရော့လာလေရယ်။ 6အဲမိုနေရာမှာ ယာကုပ်ရဲ့ ရေတွမ်းရှေ့လေရယ်။ ကိုယ်တော်ဟ ခရီးပမ်ပန်းရိတွက် ရေတွမ်းဘေးမှာထိုင်နေခါမှာ အဲမိုခီဟ မွန်းတည့်ခီဖြစ်ရယ်။ 7ရှမာရိတန်မျိုးသမီးယော့ဟလဲ ရေခပ်ဝို့ရေတွမ်းနားဝိုလာခါမှာ ကိုယ်တော်ဟ သူမဝို “ငါသော့ဝို့ ရေတခွက်ပေးပါ” ဆိုပီး မိတော်မူလေရယ်။ 8ဟဲဖြစ်ရိနူးဆိုဝါ ဗြိတော်ဒွေဟ စားဇာဒွေဝယ်ဝို့ ဗြို့ထဲဝို သွားနေခီဖြစ်ရိတွက်ဂျော့ဖြစ်ရယ်။ 9ရှမာရိတန်မျိုးသမီးဟလဲ ကိုယ်တော်ဝို “သင်ဟ ဂျူးလူမျိုးဖြစ်ပီး ဟဲဖြစ်ရိ ရှမာရိလူမျိုးဖြစ်ဝို ကျမဆီဟ ရေတောသော့နေနူး” ဆိုပီး မေးလေရယ်။ (ဟဲဂျော့နူးဆိုဝါ ဂျူးလူမျိုးဒွေဟ ရှမာရိလူမျိူးဒွေ အိုးလေ၊ ခွက်လေ သုံးပြုရစ်ဇာဝို သုံးဂေ့ဘဲတွက်ဂျော့ဖြစ်ရယ်။) 10ကိုယ်တော်ဟ သူမဝို “ဘုရားရှင်ဟပေးဇာဒွေဝို နန့်ဟသိပီး၊ ခု နန့်ဆီဟ ရေတခွက်တောသော့နေဝိုလူဟ ဟယ်သူဖြစ်နူးဆိုဇာဝို သိမယ်ဆိုဝါ နန့်ဟ အဲမိုလူဆီဟတောဆိုလိမယ်ဖြစ်ပီး အဲမိုလူဟလဲ နန့်ဝို သက်ဝိုပေးမဲ့ရေဝို ပေးလိမယ်ဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။ 11အဲခါမှာ ကိုယ်တော်ဝို မျိုးသမီးဟ “ဆရာ၊ ဆရာ့မှာ ရေခတ်ဝို့ရေပုံးမေ့ဘဲ့မျိုး ရေတွမ်းဟလဲနက်ရယ်။ သက်ဝိုပေးမဲ့ရေဝို ဆရာ ဟဲမျိုးရနိုင်မယ်နူး။ 12ကျမတို့ရဲ့ဘိုးဘေးယာကုပ်ဟ သူကိုယ်တိုင်ဟနေစပီး သူ့ရဲ့သားမီးဒွေ၊ သူ့ရဲ့မွီးလိဆန်ဒွေဂိုမှ အယ်ရေတွမ်းဟရေဝို သော့သုံးခဲ့ဂေ့ပီး အယ်မိုရေတွမ်းဝို ပေးရစ်သူဖြစ်ရယ်။ ဆရာဟ အဲမိုလူထက် ပိုပီးကီးမြတ်ပါလော့” ဆိုပီး မေးရှော့လေရယ်။ 13ကိုယ်တော်ယေရှုဟ သူမဝို “အယ်ရေတွမ်းဟ ရေဝိုသော့ဝိုလူဟ ‌နော့ထပ် ရေငတ်ဂေ့ဦးမယ်ဖြစ်ပီး။ 14အယ်ဘေမဲ့ ငါပေးဝို့ရေဝို သော့ဝို့လူဟ ဟယ်ခါမှရေငတ်မှာမုဟန်း။ မှန်ဘဲ့ ငါပေးဝို့ရေဟ အဲမိုလူရဲ့ကိုယ်တွမ်းမှာ စီးဆင်းနေဝို စမ်းခလောရေမျိုးဖြစ်ပီး သူ့နို့ဟနိစ္စထာဝရသက်ဝို ပေးလိမယ်ဖြစ်ရယ်” ဆိုပီး မိတော်မူရယ်။ 15မျိုးသမီးဟလဲ ကိုယ်တော်ဝို “ဆရာ အဲမိုရေဝိုကျမဝိုပေးပါ။ အဲမျိုးဆိုဝါ ကျမ အယ်နေရာဝိုလာပီး ရေခပ်ဝို့လဲမလိုဘဲမျိုး ထပ်ပီး ရေငတ်ဝို့လဲမုဟ” ဆိုပီး တောရှော့လေရယ်။ 16ကိုယ်တော်ယေရှုဟ “နန့်ရဲ့ယော့ကျားဝို သွားခေါ်ပီး အယ်နေရာဝို ပလန်လာလော့” ဆိုပီး မိတော်မူရယ်။ 17မျိုးသမီးဟလဲ “ကျမမှာ ယော့ကျားမှေ့ရ” ဆိုပီး ပြောခါမှာ ကိုယ်တော်ယေရှုဟ “နန့်မှာယော့ကျားမှေ့ရဆိုပီး သင်ပြောဇာဟ မှန်ပါရယ်။ 18ဟဲဖြစ်ရိနူးဆိုဝါ နန့်မှာယော့ကျား ၅ယော့ရှေ့ပီးပီဖြစ်ရယ်။ ခုပေါသင်းနေထိုင်နေဝိုသူဟလဲ နန့်ရဲ့ ယော့ကျားမုဘဲတွက်ဂျော့ နန်ပြောဂါးဟမှန်ပါရယ်” ဆိုပီး ကိုယ်တော်ဟ မိတော်မူလေရယ်။ 19အဲမိုမျိုးမီးဟလဲ “ဆရာ၊ ဆရာဟ ပရောဖက်ဘား ဖြစ်ရယ်ဆိုဇာဝို ကျမသိပါပီ။ 20ကျမတို့ရဲ့ ဘိုးဘေးဒွေဟ အယ်မိုဂေရဇိမ်တော်ပေါ်မှာ ဘုရားရှေ့ခိုးဂေ့ပေမဲ့ သင်တို့ရဲ့ ဂျူးလူမျိုးဒွေကလလော ဂျေရုဆလင်ဗြို့မှာရှေ့ဝို ဗိမာန်တော်မှာဘဲ့ ကျမတို့ဝို ဘုရားရှေ့ခိုးဂေ့ရမယ်ဆိုပီး ပြောဂေ့ရယ်” ဆိုပီး ရှော့တံလေရယ်။ 21ကိုယ်တော်ဟ “အသင်မျိုးသမီး၊ ငါ့ဝိုယုံလော့။ နန်းနို့ဟ အယ်မိုဂေရဇိမ်တော်မှာလဲမု၊ ဂျေရုဆလင်ဗြို့မှာလဲမုဘဲ အဖဘုရားရှင်ဝို ဝတ်ပြုရှေ့ခိုးရဝို့ခီဝို ကလရော့လာလိမယ်ဖြစ်ရယ်။ 22ကယ်တံခြင်းဟ ဂျူးလူမျိုးဒွေဆီဟ လာဇာဖြစ်ရိတွက် ငါတို့လူမျိုးဒွေဟ ငါဒို့ရှေ့ခိုးကိုးကွယ်နေသူဝို ငါဒို့သိဂေ့ဘေမဲ့ ရှမာရိလူမျိုးဒွေဖြစ်ဝို နန်းနို့လေကလော နန်းနို့သိဘဲဇာဝို ရှေ့ခိုးကိုးကွယ် နေဂေ့ဇာဘဲ့ဖြစ်ရယ်။ 23အယ်ဘေမဲ့ စစ်မှန်ဝို ရှေ့ခိုးကိုးကွယ်သူဒွေဟ ဘုရားရှင်ဝို စိနှလုံးန သစ္စာတရားဒွေဟ ရှေ့ခိုးကိုးကွယ်ရဝို့ခီ ကလရော့လာလိမယ်ဖြစ်ပီး ဘုရားရှင်ဟ သူ့ဝို အဲမိုမျိုးကိုးကွယ်သူဒွေဝို လိုရှေ့ရိတွက်ဂျော့ အဲမိုခီဟခုဘဲ့ ရော့ရှိလာပီဖြစ်ရယ်။ 24ဘုရားရှင်ဟ ဉာဏ်လင်းတော်ဖြစ်တော်မူဂျော့ ဘုရားရှင်ဝို ရှေ့ခိုးကိုးကွယ်ဝိုသူဒွေဟ စိနှလုံးန သစ္စတရားဒွေန ရှေ့ခိုးကိုးကွယ်ရမှာဖြစ်ရယ်” ဆိုပီး မိတော်မူရယ် 25အဲခါမှာ မျိုးသမီးဟ ကိုယ်တော်ဝို “ခရစ်တော်ဆိုပီးခေါ်ဝို မေရှိအရှင် ကြွရော့လာမယ်ဆိုဇာဝို ကျမသိပါရယ်။ သူကြွရော့လာခီမှာ အယ်မိုရာအားလုံးဝို ကျမဒို့ဝို ပြောပြတော်မူလိမယ်ဖြစ်ရယ်” ဆိုပီး ပြောလေရယ်။ 26အဲခါမှာ မျိုးသမီးဟ ကိုယ်တော်ဝို “ခရစ်တော်ဆိုပီးခေါ်ဝို မေရှိအရှင် ကြွရော့လာမယ်ဆိုဇာဝို ကျမသိပါရယ်။ သူကြွရော့လာခီမှာ အယ်မိုရာအားလုံးဝို ကျမဒို့ဝို ပြောပြတော်မူလိမယ်ဖြစ်ရယ်” ဆိုပီး ပြောလေရယ်။ 27အဲမိုခီမှာ ဗြိတော်ဒွေလဲ ပလန်ရော့လာဂေ့လေရယ်။ သူ့နို့ဟ ကိုယ်တော်ဟမျိုးသမီးယော့န ဂါးပြောနေဇာဝို အံ့ဩနေဂေ့လေရယ်။ အယ်ဘေမဲ့ “ကိုယ်တော်ဟ ဟဲရာဇာဝို လိုရှေ့နူး” အဲမျိုးမုဘဲနေဆိုဝါ “ကိုယ်တော်ဟ ဟဲရာဂျော့ အယ်မိုမျိုးမီးန ဂါးပြောဆိုနေနူး” ဆိုဇာဝို ဟယ်သူမှ မေးဂေ့ရ။ 28အဲနော့ မျိုးမီးဟလဲ သူရဲ့ရေအိုးဝိုထားရစ်ပီး ဗြို့ထဲဝို ပလန်သွားပီး လူဒွေဝို 29“ငါပြုလုပ်ရားဇာဂူလုံးဝို ပြန်ပြောပြနေဝိုလူတယော့ဝို လာပီးကေ့ကေ့ပါ၊ အဲမိုလူဟ မေရှိယအရှင်ဖြစ်နေလောသိရ” ဆိုပီး ပြောဆိုလေရယ်။ 30အဲဂျော့ လူဒွေဟ ဗြို့ထဲဟထွက်လာပီး ကိုယ်တော်ဆီဝို သွားဂေ့လေရယ်။ 31အဲခီမှာ ဗြိတော်ဒွေဟလဲ ကိုယ်တော်ဝို “ဆရာ ခုခုစားပါဦး” ဆိုပီး ရှော့တံနေဂေ့ရယ် 32အယ်ဘေမဲ့ ကိုယ်တော်ဟ သူ့နို့ဝို “ငါ့မှာ နန်းနို့သိဘဲဝို စားဇာဒွေရှေ့ရယ်” ဆိုပီး မိတော်မူရယ်။ 33အဲခါ ဗြိတော်ဒွေဟ “ကိုယ်တော်ဝို တယော့ယော့ဟ စားဇာပေးရစ်လောသိရ” ဆိုပီး သူ့နို့ချင်းချင်း ပြောဆိုနေဂေ့လေရယ်။ 34ကိုယ်တော်ဟ သူ့နို့ဝို “ငါ့ဝိုစေလွှတ်ဝို ဘုရားရဲ့လိုတော်ဝို ဆော်ဝက်ဇာန ဘုရားမှုတော်ဝို ပီးမြော့အော်ဆော်ဝက်ဇာဟ ငါ့ရဲ့စားဇာဖြစ်ရယ်။ 35'ရိသီးခီဟ လေးလလိုသေးရယ်’ ဆိုဝို ဆိုရိုးဂါးရှေ့ရယ်မုဝလော။ နန်းနို့ဝို ငါပြောမယ်ဆိုဝါ လယ်ကွမ်းဒွေထဲဟ သီးနှံဒွေဟရင့်မှည့်နေဂေ့ပီး ရိသီးဝို့ခီကလရော့နေပီဆိုဇာဝို နန်းနို့ရဲ့မျစ်လုံးဒွေဖွမ့်ပီး ကေ့ကေ့လော့။ 36ခုဘဲ့ ရိသီးသူဒွေဟ သူ့နို့ရဲ့လုပ်အားခဒွေရရှိနေဂေ့ပီး နိစထာဝရသက်ဝိုရရှေ့ဝို လူဒွေနတူဝို သီးနှံဒွေဝို ရိသီးနေဂေ့ပီဖြစ်ရယ်။ အဲဂျော့ ပျိုးကြဲဝိုသူဒွေန ရိသီးဝိုသူဒွေဟ တူတူဝမ်းသာပီး ပျော်နေဂေ့ပီဖြစ်ရယ်။ 37ဟဲဖြစ်နူးဆိုဝါ ‘တယော့ဟ မျိုးကြဲပီး ခြားတယော့ဟ ရိသီးရယ်’ ဆိုဝို ဆိုရိုးဂါးဟ မှန်ကန်နေဂျော့ဖြစ်ရယ်။ 38နန်းနို့စိုက်ပျိုးရားဇာမှေ့ဘဲဝို သီးနှံဒွေဝိုရိသီးဝို့ နန်းနို့ဝို ငါစေလွှတ်ခဲ့ရယ်။ ခြားသူဒွေဟ ပန်းပမ်မောမော စိုက်ပျိုးရားဝိုသီးနှံဒွေဝို ခုခါမှာ နန်းနို့ရိသီးပီး သူ့နို့လုပ်ရစ်ဝိုလုပ်ဟနေ နန်းနို့ ကျိုးမြတ်ဝိုရရှေ့ဂေ့ရယ်” ဆိုပီး မိတော်မူလေရယ်။ 39ရှမာရိမျိုးသမီးဟ “သူဟ ကျမပြုလုပ်ရားဇာမှန်သမျှ ဂူလုံးဝိုပလန်ပြောပြနိုင်ရယ်” ဆိုရိ သက်သေခံရိတွက်ဂျော့ အဲမိုဗြို့ထဲမှာရှေ့ဝို ရှမာရိလူမျိုးများကီးဟ ကိုယ်တော်ဝို ယုံကြည်သွားဂေ့လေရယ်။ 40အဲဂျော့ ရှမာရိလူမျိုးဒွေဟ ကိုယ်တော်ယေရှုဆီဝို ရော့ရှေ့လာခီမှာ သူ့နို့နတူတူနေထိုင်ဝို့ တောဆိုဂေ့ရိတွက် ကိုယ်တော်ဟလဲ အဲမိုနေရာမှာ နှေ့ရစ်လော့ နေခဲ့လေရယ်။ 41အဲနော့ ကိုယ်တော်ယေရှုမိဆိုဝို ဂါးဒွေဂျော့ ကိုယ်တော်ဝို ယုံကြည်ဂေ့သူဒွေဟ ပိုပီး များလာဂေ့ရယ်။ 42အဲမိုလူဒွေဟ “အခုကျော်ဒို့ ယုံကြည်ဂေ့မှာ သင်ပြောပြရစ်ဝိုဂါးဂျော့ ကျော်ဒို့ ယုံကြည်ဂေ့ဇာမုဘဲန အယ်မိုလူဟ ဘာလောကရဲ့ စစ်မှန်ဝိုကယ်တံရှင်ဖြစ်ဇာဝို ကျော်ဒို့ကိုယ်တိုင် ကြားသိရပီဖြစ်ရိတွက်ဂျော့ ဖြစ်ရယ်” ဆိုပီး ရှမာရိမျိုးသမီးဝို ပြောဆိုဂေ့လေရယ်။ 43အဲမိုနေရာမှာ နှေ့ရစ်ကြာပီးနော့ ကိုယ်တော်ဟ အဲမိုနေရာဟနေ ဂါလိလဲဒေသဝို ကြွတော်မူရယ်။ 44(ဟဲဖြစ်နူးဆိုဝါ ပရောဖက်တယော့ဟ သူ့ရဲ့မွီးရပ်ဗြို့မှာ လေးဇားဂုဏ်ပြုဇာဝို လက်ခံရရှေ့ခြင်းမှေ့ဘဲကြောဝို ကိုယ်တော်ယေရှုကိုယ်တိုင် မိတော်မူရစ်ဂျော့ဖြစ်ရယ်။) 45ဂါလိလဲဒေသဝို ရော့ခါမှာ ဂါလိလဲဒေသဟလူဒွေဟ ကိုယ်တော်ဝို ကြိုဆိုဂေ့ရယ်။ ဟဲဖြစ်ရိနူးဆိုဝါ သူ့နို့ဟ ပဿခါပွဲတော်ဝို သွားရော့ခဲ့ဂေ့ပီး ပဿခါပွဲတော်တွမ်းမှာ ကိုယ်တော်ပြုတော်မူဝို ရာအားလုံးဝို ဗြော်ခဲ့ရရိဂျော့ဖြစ်ရယ်။ 46အဲနော့ ကိုယ်တော်ယေရှုဟ ရေဝိုဗျစ်ဝိုင်ဖြစ် ပလောလဲပေးရစ်ဖူးဝို ဂါလိလဲဒေသမှာရှေ့ဝို ကာနဗြို့ဝို ထပ်ပီးကြွတော်မူခါမှာ ကပေရနောင်ဗြို့မှာရှေ့ဝို စိုးရရာရှေ့တယော့ရဲ့သားဟ ဖျားနေလေရယ်။ 47အဲမိုရာ‌ရှေ့ဟ ယုဒဒေသဟနေ ဂါလိလဲဒေသဝို ကိုယ်တော်ကြွလာတော်မူဇာဝို ကြားသိရခါမှာ ကိုယ်တော်ဆီဝိုသွားပီး သေလုနီးပါးဖြစ်နေဝိုသူ့သားဝို လာရော့ပီး ကုသပေးဝို့ တောရှေ့လေရယ်။ 48အဲမိုရာ‌ရှေ့ဟ ယုဒဒေသဟနေ ဂါလိလဲဒေသဝို ကိုယ်တော်ကြွလာတော်မူဇာဝို ကြားသိရခါမှာ ကိုယ်တော်ဆီဝိုသွားပီး သေလုနီးပါးဖြစ်နေဝိုသူ့သားဝို လာရော့ပီး ကုသပေးဝို့ တောရှေ့လေရယ်။ 49အဲမိုရာရှေ့ဟ ကိုယ်တော်ဝို “ဆရာ၊ ကျော်ရဲ့သား မသေခံ ကျော်နတူလိုက်ခဲ့ပီး သူ့ဝို ကုသပေးတော်မူပါ” ဆိုပီး ရှော့တံလေရယ်။ 50အဲမိုရာရှေ့ဟ ကိုယ်တော်ဝို “ဆရာ၊ ကျော်ရဲ့သား မသေခံ ကျော်နတူလိုက်ခဲ့ပီး သူ့ဝို ကုသပေးတော်မူပါ” ဆိုပီး ရှော့တံလေရယ်။ 51အီပလန်လမ်းခရီးမှာ ရာရှေ့ဟသူ့စေခံဒွေဝို တွီ့ရိတွက် အဲမိုစေခံဒွေဟ သူ့ရဲ့သားဟ ကျန်းမာရားပီဖြစ်ကြောဝို သူ့ဝိုပြောဂေ့လေရယ်။ 52အဲခါမှာ ရာရှေ့ဟ သူ့သား သက်သာသွားဝိုခီဝို စေခံဒွေဝို မေးခါမှာ သူ့နို့ဟ “မွန်းတည့် ၁နာရီလော့မှာ သူ့ရဲ့ဖျားပျော့ကမ်းသွားပါရယ်” ဆိုပီး ပလန်ဖြေကြားဂေ့လေရယ်။ 53အဲခီဟ “သင့်ရဲ့သား ကျန်းမာရားပီ” ဆိုပီး ကိုယ်တော်ယေရှုဟ သူ့ဝို မိတော်မူဝိုခီဖြစ်ကြောဝို ဖဖြစ်သူဟ ဒိရရားတွက်ဂျော့ အဲမိုရရှေ့န သူ့ရဲ့အီသူအီသားဒွေဟလဲ ကိုယ်တော်ယေရှုဝို ယုံကြည်လာဂေ့လေရယ်။ 54အယ်မိုအံ့ဖွယ်နိမိလက္ခဏာ ဒွေဟလော ယုဒဒေသမှ ဂါလိလဲဒေသဝို ကြွရော့တော်မူပီးနော့ ကိုယ်တော်ယေရှု ပြုလုပ်ရားတော်မူဝို ဒုတိယမြော့ အံ့ဖွယ်နိမိလက္ခဏာဖြစ်လေရယ်။

Actualmente seleccionado:

John 4: ttpv-rv

Destacar

Compartir

Copiar

None

¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión