Logo de YouVersion
Icono de búsqueda

John 21

21
1အဲနော့ ကိုယ်တော်ယေရှုဟ တိဗေရေအိုင်နားမှာ ဗြိတော်ဒွေဝို နော့ထပ်တခါ ကိုယ်ထင်ပြလေရယ်။ 2ရှိမုန်ပေတရုဟ ဒိဒုမုဆိုပီး ခေါ်ဝို သောမ၊ ဂါလိလဲပြည် ကာနဗြို့သား နာသနေလ၊ ဇေဗေဒဲရဲ့သားဒွေန ခြားဗြိတော်နှေ့ယော့န တူတူရှေ့နေဂေ့ခီမှာ 3ရှိမုန်ပေတရုဟ 'ငါ ငါးသွားဖမ်းဦးမယ်' ဆိုပီး ပြောရိတွက် ခြားသူဒွေဟလဲ 'နို့လဲ လိုက်မယ်' ပြောပီး ထွက်သွားဂေ့ပီး လှေပေါ်ဝို တက်ဂေ့ပီး ငါးဖမ်းဂေ့ဘေမဲ့ အဲမိုညစ် ညစ်လုံး ငါးဂေါ်လဲမိဂေ့ရ။ 4မိုးလန်းစောစောမှာ ကိုယ်တော်ဟ ကမ်းဇပ်မှာ ရပ်နေဘေမဲ့ သူ့နို့ဟ ကိုယ်တော်ဝိုသိဂေ့ရ။ 5ကိုယ်တော်ဟလဲ 'မိဆွေဒို့၊ နန်းနို့မှာ စားဇာ ခုခုရှေ့လော' ဆိုပီး မေးရိတွက် သူ့နို့ဟလဲ 'မှေ့ရ' ဆိုပီး ဖြေလေရယ်။ 6အဲခါမှာ ကိုယ်တော်ဟ 'နန်းနို့ရဲ့ ငါးဖမ်းပိုက်ဝို လှေရဲ့ညာဖက်မှာ ခလဂေ့လော့။ နန်းနို့ ငါးရဂေ့လိမယ်' ဆိုပီး ပြောရိတွက် သူ့နို့ဟလဲ ပိုက်ကွန်ဝို ခလဂေ့ရာ ငါးဒွေများကီးမိရိတွက် ပိုက်ဝိုဂိုမှ ဆွဲတံနိုင်ဘဲဖြစ်နေရယ်။ 7အဲခါမှာ ကိုယ်တော်ယေရှု ရှစ်ခင်တော်မူဝိုဗြိတော်ဟ ပေတရုဝို 'သူဟ နို့ရဲ့ အရှင်ဘဲ့' ဆိုပီး ပြောဇာဝို ရှိမုန်ပေတရုကြားခါမှာ ဝတ်ချွတ်ထားဇာဖြစ်ရိတွက် ပေါ်ဝတ်ဝို ခါးမှာဆဲပီး အိုင်ထဲဝို ခူဆင်းလေရယ်။ 8ခြားဗြိတော်ဒွေဟလဲ ကမ်းဇပ်နဝီးဘဲ ကိုက်တရာလော့ဘဲ့ဝီးဝို နေရာမှာရှေ့နေရိတွက် ငါးဒွေန ပလဲ့နေဝို ပိုက်ကွန်ဝိုဆွဲပီး လှေငယ်ရားန ပလန်လာဂေ့ရယ်။ 9အဲမိုမျိုးန သူ့နို့ ကူးပေါ်ဝိုရော့ခါမှာ မီးသွေးမီးပုံဝိုရော၊ မုနတူတူ ကမ်ရားဝိုငါးဝိုရော တွီ့ဂေ့ရယ်။ 10ကိုယ်တော်ဟ 'ခုဖမ်းမိဝို ငါးချို့ဝို ယူလာဂေ့'ဆိုပီး သူ့နို့ဝို မိတော်မူရိတွက် 11 ရှိမုန်ပေတရုဟ လှေပေါ်ဝိုတက်ပီး ငါးကီး ရာ့ငါးဆယ်နသုံးဂေါ်ပါဝို ပိုက်ကွန်ဝို ကူးပေါ်ဝို ဆွဲတံလေရယ်။ အဲလော့များဝို ငါးဒွေပါဝိုပိုက်ကွန်ဆိုဘေမဲ့ စုပလဲရ။ 12ကိုယ်တော်ဟ သူ့နို့ဝို 'လာပီး မှန်းရှမ်းဝို လာစားဂေ့' ဆိုပီး မိတော်မူလေရယ်။ သူ့နို့ဟလဲ အယ်မိုလူဟ ကိုယ်တော်ဆိုဇာဝို သိရိတွက် ဗြိတော်ဒွေထဲဟ ယော့မှ 'အရှင်ဟ ဟယ်သူနူး'ဆိုပီး မေးရဲဂေ့ရ။ 13ကိုယ်တော်ဟ လာပီး မုနငါးဝိုယူပီး သူ့နို့ဝို ပေးလေရယ်။ 14အယ်မိုဇာဟ ကိုယ်တော်သက်ပလန်ရှင်ပီးနော့ ဗြိတော်ဒွေဝို တတိယကြီမြော့ ကိုယ်ထံရှားပြတော်မူဇာဖြစ်ရယ်။ 15 မှန်းရှမ်းဝို သူ့နို့စားဂေ့ပီးနော့ ကိုယ်တော်ဟ ရှိမုန်ပေတရုဝို 'ယောဟန်ရဲ့သားရှိမုန်၊ နန်ဟ ခြားသူဒွေထက် ငါ့ဝို ပိုပီးရှစ်ခင်လော' ဆိုပီး မေးခါမှာ ပေတရုဟ 'ဟုတ်ပါရယ်၊ အရှင်၊ ကျော် အရှင့်ဝို ရှစ်ခင်ဇာဝို အရှင် သိပါရယ်' ဆိုပီး ရှော့တံလေရယ်။ ကိုယ်တော်ဟလဲ 'အဲမျိုးဖြစ်မယ်ဆိုဝါ သိုးထီးဟ သူ့ရဲ့သိုးသငယ်ရားဒွေဝို စော့ရှော့မျိုး ငါ့ရဲ့ဗြိတော်ဒွေဝိုလဲ နန်စော့ရှော့ပါလော့'ဆိုပီး မိတော်မူလေရယ်။ 16ထပ်ပီး ကိုယ်တော်ယေရှုဟ ရှိမုန်ပေတရုဝို ' ယောဟန်ရဲ့သားရှိမုန်၊ နန်ဟ ခြားသူဒွေထက် ငါ့ဝို ပိုပီးရှစ်ခင်လော'ဆိုပီး ဒုတိယကြီ မေးတော်မူခါမှာ ပေတရုဟ 'ဟုတ်ပါရယ်၊ အရှင် ကျော် အရှင့်ဝို ရှစ်ခင်ဇာဝို အရှင် သိပါရယ်' ဆိုပီး ရှော့တံလေရယ်။ ကိုယ်တော်ဟလဲ 'ငါ့ရဲ့ သိုးအုပ်ဝို အုပ်ထီးလော့'ဆိုပီး မိတော်မူလေရယ်။ 17ထပ်ပီး ကိုယ်တော်ဟ ရှိမုန်ပေတရုဝို 'ယောဟန်ရဲ့သားရှိမုန်၊ နန်ဟ ခြားသူဒွေထက် ငါ့ဝို ပိုပီးရှစ်ခင်လော' တတိယကြီမေးတော်မူရိတွက်ဂျော့ 'အရှင်၊ အရှင်ဟ ရာခပ်သီးဝို သိဗြင်တော်မူသူဖြစ်ပါရယ်။ကျော် အရှင့်ဝို ရှစ်ခင်ဇာဝို အရှင် သိပါရယ်' ဆိုပီး ရှော့တံလေရယ်။ ကိုယ်တော်ဟလဲ 'ငါ့ရဲ့သိုးဒွေဝို ကျွေးမွေးလော့'။ 18နန့်ဝို ငါမှန်ပြောဇာဟ၊ နန်ဟ ငယ်ဒူးခီဟ ကိုယ့်ဝတ်ဝိုကိုယ် ကို့ဇာကိုဝတ်ပီး လိုရှေ့ဝိုနေရာဝို သွားလာလေ့ရှေ့ရယ်။ အိုလာဝိုခါမှာလော နန်ဟ နန့်လက်နှေ့ဖက်ဝိုဆန့်ပီး ခြားလူဟ ဝတ်ဝတ်ပေးဇာဝို ခံပီး နန်လိုရှေ့ဘဲဝိုနေရာဝို ခေါ်သွားဇာခံရမယ်'ဆိုပီး မိတော်မူလေရယ်။ 19ကိုယ်တော် အဲမျိုးပြောရဇာဟ ပေတရုဟ ဟဲမျိုးသေရှင်းန ဘုရားရှင်ရဲ့ဘုန်းအသရေတော်ဝို ထွန်းတော့စေဝို့ကြောဝို ညွှန်ပြပြောဆိုဇာဖြစ်ရယ်။ ကိုယ်တော်ဟ အဲမိုမျိုး မိတော်မူပီးနော့ ပေတရုဝို 'ငါ့နော့ဝိုလိုက်လော့' ဆိုပီး မိတော်မူလေရယ်။ 20ပေတရုဟလဲ လှည့်ကေ့လိုက်ဝိုခီမှာ ကိုယ်တော်ယေရှုရှစ်ခင်တော်မူဝို ဗြိတော်ဟလဲ နော့ဟနေလိုက်လာဇာဝို ဗြင်လေရယ်။ အဲမိုသူဟ စဒူးဟညစ်ဇာစားခီဒူးဟ ကိုယ်တော်နားဝို ကပ်ပီး 'ကိုယ်တော်ဝို သစ္စာဖော့ဝို့လူဟ ဟယ်သူနူး'ဆိုပီး မေးရှော့ခဲ့သူဖြစ်ရယ်။ 21အဲမိုဗြိတော်ဝို ဗြင်ရိတွက် ပေတရုဟ 'အရှင်၊ အယ်မိုလူဟ ဟယ်ဝိုဖြစ်မယ်နူး' ဆိုပီး မေးရှော့လေရယ်။ 22ကိုယ်တော်ဟ သူ့ဝို 'ငါပလန်ကြွလာဝို့ခီထိ သူ့ဝိုသက်ရှင်စေဝို့ ငါလိုရှေ့ရယ်ဆိုဝါ နန့်နဟဲမျိုးဆိုင်နူး။ နန်ဟ ငါ့နော့ဝို လိုက်လော့'ဆိုပီး မိတော်မူလေရယ်။ 23အဲဂျော့ရိ အဲမိုဗြိတော်ဟ သေရမှာမုဝ ဆိုဝိုဂါးဟ ခြားဗြိတော်ဒွေကြားမှာ ပလန့်နှံ့သွားလေရယ်။ အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ ပေတရုဝို မိဆိုရစ်ဇာဟ အဲမိုဗြိတော်ဟ သေရမှာမုဝ ဆိုပီး မိဆိုဇာမုဘဲန 'ငါပလန်ကြွလာဝို့ခီထိ သူ့ဝိုသက်ရှင်စေဝို့ ငါလိုရှေ့ရယ်ဆိုဝါ နန့်နဟဲမျိုးဆိုင်နူး' ဆိုပီးဘဲ့ မိဆိုဇာဖြစ်ရယ်။ 24အယ်မိုကြောရာဂူလုံးဝို သက်သေခံပီး ရေးသားထားဝိုလူဟ အဲမိုဗြိတော်ဘဲ့ဖြစ်ရယ်။ သူ့ရဲ့သက်သေခံချင့်ဒွေဟ မှန်ကန်ကြောဝိုလဲ ကျော်ဒို့သိဂေ့ရယ်။ 25ကိုယ်တော်ယေရှု ပြုတော်မူဝို ရာများကီးရှေ့သေးရယ်။ အဲမိုဇာဒွေအားလုံးဂူဝို ရေးသားမယ်ဆိုဝါ အယ်မိုဘာကီးဂိုမှ အဲမိုရေးသားထားဝိုစာအုပ်ဒွေန ဆန့်မှာမုဝ ဆိုပီး ငါပြောရယ်။ ယောဟန်ကျမ်း ပီးပီ။

Actualmente seleccionado:

John 21: ttpv-rv

Destacar

Compartir

Copiar

None

¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión