13
1ပသခါပွဲမစခံ ရစ်လော့လိုမှာ၊ အယ်မိုဘာလောကဟနေ ထွက်ခွာပီး ဖခမည်းတော်ဆီဝို သွားရဝို့ခီရော့ပီဆိုဇာဝို ကိုယ်တော်ဟ သိတော်မူရယ်။ သူဟ ဘာပေါ်မှာရှေ့ဝိုလူသားဒွေဝို ဆုံးထိတိုင်အော် မြဲဂရုနာထားတော်မူရယ်။ 2ကိုယ်တော်ယေရှု န သူ့ရဲ့ဗြိတော်ဒွေဟ ညစ်နေစာစားနေခီမှာ မာရ်နတ်ဟ ရှိမုန်ရှကာယုတ်ရဲ့သားဖြစ်ဝို ယုဒရှကာယုတ်ရဲ့စိထဲဝို ကိုယ်တော်ဝို သစ္စာဖော့ဝို့တွက် ကြံပေးထားပီးပီဖြစ်ရယ်။ 3ကိုယ်တော်ယေရှုဟ ဂူလုံးရဲ့ခွမ့်အာဏာဝို ဖခမည်းတော်ဟ သူ့ဝိုပေးရားဇာဝိုရော၊ သူဟ ဘုရားရှင်ဆီဝို ပလန်သွားရဝိုရော သိတော်မူရိတွက် 4ကိုယ်တော်ဟ ညစာစားပွဲဟနေ ထလိုက်ပီး သူ့ရဲ့ပလန်ဖက်ဝတ်ရုံတော်ဝိုခလွတ်ပီး သူ့ကိုယ်သူဘဝါန ခယ်နှော်လိုက်လေရယ်။ 5အဲနော့ ဇလုံတခုထဲဝို ရေလောထည့်ပီး ဗြိတော်ဒွေရဲ့ခေဝို ဆေးကြောပီး ခါးမှာခယ်ရားဝို ဘဝါန သုပီး ခြော့သွေ့စေလေရယ်။ 6ကိုယ်တော်ဟ ရှိမုန်ပေတရုဆီဝို ရော့တော်မူဝိုခါမှာ ပေတရုဟ 'ကိုယ်တော်၊ ကိုယ်တော်ဟ ကျော့်ရဲ့ခေဝို ဆေးတော်မူဝို့လော'ဆိုပီး မေးရှော့လေရယ်။ 7ကိုယ်တော်ယေရှုဟ 'နန်ဟ ငါပြုလုပ်နေဝိုဇာဝို ခုနားမလည်ဘေမဲ့ နော့မှနားလည်လာပါလိမယ်'ဆိုပီး မိတော်မူလေရယ်။ 8 ပေတရုဟ ကိုယ်တော်ဝို 'ကျော့်ရဲ့ခေဝို လုံးဝဆေးပေးတော်မူပါန'ဆိုပီး ရှော့လေရာ ကိုယ်တော်ဟလဲ 'နန့်ခေဝို ငါဆေးရဘဲနေဆိုဝါ နန်ဟ ငါ့နသက်ဆိုင်ရ'ဆိုပီး ပလန်လည်မိတော်မူလေရယ်။ 9အဲခါမှာ ရှိမုန်ပေတရုဟ 'ကိုယ်တော် အဲမျိုးဆိုဝါ ကျော်ရဲ့ခေဝို့ဘဲ့ ဆေးပဲန ကျော့်ရဲ့လက်န ခေါဝိုလဲ ဆေးပေးတော်မူပါ'ဆိုပီး ရှော့တံလေရယ်။ 10ကိုယ်တော်ဟလဲ သူ့ဝို 'ရေချိုးပီးဝိုလူဟ ဂိုလုံးစင်ကြယ်သူဖြစ်ပီး ခေဟလွဲပီး ဆေးဝို့လိုဟန်း။ နန်းနို့ဟလဲ စင်ကြယ်ဂေ့ရယ်။ အယ်ဘေမဲ့ အားလုံးဂူလောမုဝ'ဆိုပီး မိတော်မူလေရယ်။ 11ကိုယ်တော်ဟလဲ သူ့ဝို 'ရေချိုးပီးဝိုလူဟ ဂိုလုံးစင်ကြယ်သူဖြစ်ပီး ခေဟလွဲပီး ဆေးဝို့လိုဟန်း။ နန်းနို့ဟလဲ စင်ကြယ်ဂေ့ရယ်။ အယ်ဘေမဲ့ အားလုံးဂူလောမုဝ'ဆိုပီး မိတော်မူလေရယ်။ 12အဲဂျော့ ကိုယ်တော်ဟ သူ့နို့ရဲ့ခေဝို ဆေးတော်မူပီးနော့ သူ့ရဲ့ဝတ်ရုံဝို ခြုံပီး ပလန်ထိုင်တော်မူပီး 'နန်းနို့ဝို ငါပြုဝိုဇာဝို နန်းနို့သိဂေ့လော။ 13နန်းနို့ဟ ငါ့ဝို 'ဆရာ၊ အရှင်'ဆိုပီး ခေါ်ဂေ့ရယ်။ အယ်မိုဇာဟ မှန်ဘဲ့ဖြစ်ရိတွက် နန်းနို့ အဲမျိုးခေါ်ဇာဟ မှန်ကန်ပေရယ်။ 14အဲဂျော့ အရှင်လဲဖြစ်၊ ဆရာလဲဖြစ်ဝို ငါဂိုမှ နန်းနို့ခေဝို ဆေးပေးရယ်ဆိုဝါ နန်းနို့လဲ ချင်းချင်းယော့ခေဝိုယော့ ဆေးဂေ့ရမယ်။ 15 နန်းနို့ဟလဲ ငါလုပ်ဝိုမျိုး လုပ်ဂေ့ဝို ငါဟ စ့နမူနာပြရစ်ဇာဖြစ်ရယ်။ 16နန်းနို့ဝို ငါမှန်ပြောရမယ်ဆိုဝါ စေခံဟ သူ့သခင်ထက် ကီးမြတ်ဇာမုဝ။ စေလွှတ်ဇာခံရသူဟလဲ သူ့ဝိုစေလွှတ်သူထက် ကီးမြတ်ဇာမုဝ။ 17အယ်မိုဇာဒွေဝို နားလည်ဘောပေါ့ပီး လိုက်နာကျင့်သုံးမယ်ဆိုဝါ နန်းနို့လဲ မြင်ဂလာရှေ့ဂေ့ရယ်။ 18နန်းနို့အားလုံးဝို ရည်ညွှန်းပီး ငါပြောဆိုနေဇာမုဝ။ ငါဝီးချယ်ထားဝိုလူဒွေ ငါသိရယ်။ အယ်ဘေမဲ့ ငါ့ရဲ့ပါမုဝိုစားဝိုလူတယော့ဟ ငါ့ဝိုဆန့်ကျင်ပီး သူ့ဖနော့နပေါ့လေရယ်။' ဆိုဝို ကျမ်းချင့်ဟ ပလဲ့ဇုံရမယ်ဖြစ်ရယ်။ 19နန်းနို့ဝို ငါပြောပြပီးပီဖြစ်ရိတွက် အဲမိုဇာဒွေ ဖြစ်ပျစ်လာဝိုခီမှာ ငါဟ အဲမိုအရှင်ဖြစ်ကြော နန်းနို့ယုံကြည်လာမယ်ဖြစ်ရယ်။ 20နန်းနို့ဝို ငါမှန်ပြောဇာဟ ငါ့ဝိုစေလွှတ်တော်မူဝို အရှင်ဝို လက်ခံသူဟ ငါ့ဝိုလက်ခံဇာဖြစ်ရယ်။ ငါ့ဝိုလက်ခံသူဟလဲ ငါ့ဝိုစေလွှတ်ဝိုအရှင်ဝို လက်ခံဇာဖြစ်ရယ်။'ဆိုပီး မိတော်မူလေရယ်။ 21ကိုယ်တော်ဟ အဲမိုမျိုးမိတော်မူပီးခါမှာ ရားဒိုင်း စိနှလုံးပူပန်ပီး 'နန်းနို့ဝို ငါမှန်ပြောရမယ်ဆိုဝါ၊ နန်းနို့ထဲဟယော့ဟ ငါ့ဝိုသစ္စာဖော့လိမယ်'ဆိုပီး ပွမ့်လန်းစွာ မိဆိုတော်မူလေရယ်။ 22ဗြိတော်ဒွေဟလဲ ယော့ဝိုယော့ဂေ့ပီး ကိုယ်တော်ဟယ်သူဝို ရည်ညွှန်းပီး ပြောဆိုနေနူးဆိုဇာဝို တွီးနေဂေ့ရယ်။ 23ဗြိတော်ဒွေထဲဟ ယော့ဖြစ်ပီး ကိုယ်တော်ယေရှု ရှစ်ခင်တော်မူဝိုသူဟ ကိုယ်တော်နီးမှာထိုင်နေရိတွက် 24ရှိမုန်ပေတရုဟ သူ့ဝို 'ကိုယ်တော်ဟ ဟယ်သူဝို ရည်ညွှန်းပြောဆိုနေနူးဆိုဇာဝို မေးဂေ့လော့'ဆိုပီး မေးခိုင်းလေရယ်။ 25အဲဂျော့ရိ အဲမိုဗြိတော်ဟ ကိုယ်တော်နားဝို ကပ်ပီး 'အရှင်၊ အဲမိုလူဟ ဟယ်သူနူး'ဆိုပီး မေးရှော့လေရယ်။ 26ကိုယ်တော်ယေရှုဟ 'အယ်မုဝို ချဥ်ရယ်ထဲဝိုနှစ်ပီး ငါပေးဝိုလူဘဲ့ဖြစ်ရယ်'ဆိုပီး မိတော်မူလိုက်ပီး ကိုယ်တော်ဟ မုဝို ဟမ်းနှစ်ထဲဝိုနှစ်ပီး ရှိမုန်ရှကာယုတ်ရဲ့သားဖြစ်သူ ယုဒရှကာယုတ်ဝို ပေးလေရယ်။ 27ယုဒဟ ပါမုတဖဲ့ဝိုယူပီးခါမှာ မာရ်နတ်ဟ သူ့ကိုယ်ထဲဝို ဝမ်ရော့လေရယ်။ အဲဂျော့ ကိုယ်တော်ဟ ယုဒဝို 'နန်လုပ်ဇာရှေ့ဝိုလုပ်ဝို ဗြန်ဗြန်လုပ်ရော့'ဆိုပီး မိတော်မူလေရယ်။ 28ကိုယ်တော်ယေရှုဟ ယုဒရှကာယုတ်ဝို ဟဲရာဂျော့ အဲမိုမျိုးမိတော်မူနူးဆိုဇာဝို ဘွဲမှာရှေ့ဝို ခြားလူဒွေဟ နားမလည်ဂေ့ရ။ 29ဗြိတော်ချို့ဟ ယုဒရှကာယုတ်ဟ ငွေအိဝိုကိုင်ရဇာဖြစ်ရိတွက် ပွဲတော်တွက်လိုအပ်ဇာဒွေဝို ဝယ်ယူဝို့ မုဘဲနေဆိုဝါ ဆင်းရဲသားဒွေဝို ခုခုပေးလှူဝို့တွက် ကိုယ်တော်ဟ မိတော်မူဇာဖြစ်ရယ် ဆိုပီး ထံနေဂေ့ရယ်။ 30ယုဒရှကာယုတ်ဟ မုဝိုယူပီး ချင့်ချင်း ထွက်သွားလေရယ်။ အဲမိုခီဟ ညစ်ခမ်းဇာခီဖြစ်ရယ်။ 31ယုဒထွက်သွားပီးနော့ ကိုယ်တော်ဟ 'ခုခီမှာ ဘုရားရှင်ဟ လူ့သားတော်မှာ ဘုန်းအသရေတော်ဝို ထံရှားဇေမှာဖြစ်ရိတွက် လူ့သားတော်ရဲ့ ဘုန်းအသရေတော်ဟ ထံရှားဝို့ခီဖြစ်ရယ်။ 32လူ့သားတော်ဂျော့ ဘုရားရှင်ရဲ့ဘုန်းအသရေတော်ဟ ထံရှားစေပီးန ဘုရားရှင်ဟ လူသားတော်ဆီဝို ဘုန်းအသရေဝို ဆော်ယူလာမှာဖြစ်ပီး ဘုရားရှင်ဟ အဲမိုဘုန်းအသရေတော်ဝို ချင့်ချင်းဘဲ့ ထံရှားစေတော်မူလိမယ်ဖြစ်ရယ်။ 33 ကိုယ်တော်ဟ 'ချစ်သားဒို့၊ ငါဟနန်းနို့နတူတူ ရှစ်သားဘဲ့နေရဝို့မယ်။ နန်းနို့ ငါ့ဝိုရှာဂေ့လိမယ်။ အယ်ဘေမဲ့ ငါသွားဝိုနေရာဝို နန်းနို့လာနိုင်ဂေ့ရ'ဆိုပီး ဂျူးလူမျိုးဒွေဝို ငါပြောရစ်မျိုး ခုနန်းနို့ဝိုလဲ ငါပြောမယ်။ 34နန်းနို့ချင်းချင်း မေတ္တာထားဂေ့လော့၊ နန်းနို့ဝို ငါမေတ္တာထားမျိုး နန်းနို့လဲ ချင်းချင်း မေတ္တာထားဂေ့လော့ ဆိုဝို ပညတ်ချက်သစ်တခုဝို နန်းနို့ဝို ငါပေးရယ်။ 35နန်းနို့ချင်းချင်း မေတ္တာထားမယ်ဆိုဝါ အဲမိုချစ်ခြင်းမေတ္တာဝိုထော့ပီး နန်းနို့ဟ ငါ့ရဲ့ဗြိတော်ဒွေဖြစ်ရယ်ဆိုဇာဝို လူဒွေသိလာဂေ့လိမယ်'ဆိုပီး မိတော်မူလေရယ်။ 36ရှိမုန်ပေတရုဟ ကိုယ်တော်ဝို 'အရှင်၊ဟယ်ဝိုသွားဝို့နူး'ဆိုပီး မေးခီမှာ ကိုယ်တော်ဟ 'ငါသွားဝို့နေရာဝို နန်ခုမလိုက်နိုင်ရ။နော်ခါမှာလော နန်လိုက်လာနိုင်လိမယ်'ဆိုပီး ပလန်လည်မိတော်မူလေရယ်။ 37အဲခါမှာ ပေတရုဟ 'အရှင်၊ ဟဲရာဂျော့ ကျော်ဟ ကိုယ်တော်နော့ဝို ခုလိုက်နိုင်ရဘဲနူး၊ ကျော်ဟ ကိုယ့်သက်ဝိုဂိုမှ ကိုယ်တော်တွက်စွန့်နိုင်ပါရယ်'ဆိုပီး ရှော့တံလေရယ်။ 38ကိုယ်တော်ဟ 'နန်ဟ နန့်သက်ဝို ငါ့တွက်စွန့်နိုင်လော။ နန့်ဝို ငါမှန်ပြောဇာဟလော၊ နန်ဟ ကြစ်မတွန်ခံမှာဘဲ့ ငါ့ဝို သုံးခါတိတိ ငြင်းပယ်လိမယ်'ဆိုပီး ပလန်လည်ဖြေကြားတော်မူလေရယ်။