11
1နေ့မှာ မာရိ န သူ့ရဲ့မဖြစ်ဝိုမာသဒို့ နေထိုင်ဝို ဗေသနိဝါမှာ လာဇရုနော်မယ်ရှေ့ဝို လူတယော့ဟ နေမကောဖြစ်နေလေရယ်။ 2အယ်မိုမာရိဟ နော့ပိုင်းမှာ ကိုယ်တော်ဝို ဆီမွှေးနလူးပေးပီး ခေတော်ဝို သူ့ဆန်းဘံန သုပေးဝိုလူဖြစ်ပီး ခုနေကောဘဲဖြစ်နေဝို လာဇရု န မော်နှမဖြစ်လေရယ်။ 3အဲဂျော့ ညီမဒွေဟ ကိုယ်တော်ဆီဝို လူဒိုင်းဝို စေလွှတ်ပီး 'ကိုယ်တော်၊ ကိုယ်တော်ရှစ်ခင်တော်မူဝိုလူဟ နေမကောဖြစ်နေပါရယ်'ဆိုပီး ရှေ့ာတံစေလေရယ်။ 4ကိုယ်တော်ဟ အဲမိုဒန်းဝို ကြားခီမှာ 'အယ်မိုမျိုး နေမကောဖြစ်နေဇာဟ သေစေဝိုရာမုဘဲန ဘုရားရှင် န မိမိရဲ့ဘုန်းဂိုးတော်ဝို လူဒွေဝို ထံရှားစွာ တွီ့ဗြင်စေဝို့တွက်ဘဲဖြစ်ရယ်'ဆိုပီး မိတော်မူလေရယ်။ 5ကိုယ်တော်ဟ မာသဒို့ ညီအေးမနှေ့ယော့န လာဇရုဝို ရှစ်ခင်တော်မူလေရယ်။ 6အဲဂျော့ရိ ကိုယ်တော်ဟ လာဇရု နေမကောဖြစ်နေဇာဝို ကြားခီမှာ သူနေထိုင်နေဝိုနေရာမှာ နှေ့ရစ်လော့ထပ်နေပီး 7ဗြိတော်ဒွေဝို 'ယုဒပြည်ဝို နော့ထပ်တခါ သွားဂေ့စို့'ဆိုပီး မိတော်မူလေရယ်။ 8အဲခါမှာ ဗြိတော်ဒွေဟ 'ဆရာ၊ ဂျူးလူမျိုးဒွေဟ သင့်ဝို ဂဲနပေါ့ဝို ရှာကြံနေဂိုမှ အဲနေရာဝို နော့ထပ်တခါ ထပ်သွားဝို့လော'ဆိုပီး ရှော့တံဂေ့လေရယ်။ 9ကိုယ်တော်ဟ 'နေ့ခီဟ ဆယ့်နှေ့နာရီရှေ့ရယ်မုဝလော၊အဲဂျော့ နေ့ခီ ဆယ့်နှေ့နာရီတွမ်းထဲ လမ်းသွားရယ်ဆိုဝါ လန်းရော်ရှေ့ရိတွက် ခလုတိုက်မှာမုဝ။ 10ညစ်ခမ်းဇာမှာ သွားရယ်ဆိုဝါ လန်းရော်မှေ့ဘဲရိတွက် ခလုတိုက်တတ်ရယ်'ဆိုပီး ပလန်လည်မိတော်မူလေရယ်။ 11ကိုယ်တော်ဟ အဲမိုမျိုးမိတော်မူပီးနော့ ဗြိတော်ဒွေဝို 'နို့မိဆွေ လာဇရုဟ အိပျော်လေပီ။အယ်ဘေမဲ့ သူ့ဝို နှိုးဝို့တွက် ငါသွားရမယ်'ဆိုပီး မိတော်မူလေရယ်။ 12အဲခါမှာ ဗြိတော်ဒွေဟ 'အရှင်၊ သူဟအိပျော်နေရယ်ဆိုဝါ ပလန်နေကောလာမှာဖြစ်ရယ်'ဆိုပီး ရှော့တံဂေ့လေရယ်။ 13ဂယ်ဒမ်းဟ ကိုယ်တော်ဟ လာဇရုကွယ်လွန်ဇာဝို ရည်ညွှန်းပြောဆိုနေဘေမဲ့ ဗြိတော်ဒွေဟ နားယူအိစစ်နေဇာဝို ပြောနေရယ်ဆိုပီး ထံနေဂေ့ဇာဖြစ်ရယ်။ 14အဲဂျော့ ကိုယ်တော်ဟ သူ့နို့ဝို လာဇရု သေသွားပီ။ 15အယ်ဘေမဲ့ ငါဟ အဲမိုခီအဲမိုနေရာမှာ မှေ့ဘဲရိတွက် ငါဝမ်းသာရယ်။နန်းနို့ ငါ့ဝို ယုံကြည်ခြင်းရှေ့စေဝို့ ခွမ့်ရေးဖြစ်လေရယ်။ အဲမိုလူဆီဝို နို့သွားဂေ့စို့'ဆိုပီး မိတော်မူလေရယ်။ 16အဲခါမှာ ဒိဒုမုဆိုပီး ခေါ်ဝို သောမဟ "နို့လဲ ကိုယ်တော်နတူတူ သေခံနိုင်ဝို့ လိုက်သွားဂေ့စို့"ဆိုပီး ခြားဗြိတော်ဒွေဝို ပြောလေရယ်။ 17ကိုယ်တော်ယေရှု ဗေသနိဝါဝို ရော့ခီမှာ လာဇရုဝို ဂူသွမ်းပီးဇာဟ လေးရစ်လော့ကြာနေပီဖြစ်ရယ်။ 18ဗေသနိဝါဟ ဂျေရုဆလင်ဗြို့န နှေ့မိုင်လော့ဘဲ့ဝွီးရိတွက် 19ဂျူးလူမျိုးများကီးဟ မာသနမာရိဒို့ဝို သေဆုံးသွားပီဖြစ်ဝို သူ့နို့မောင်ဖြစ်ဝို လာဇရုသေဇာတွက် နှစ်သိပေးဝို့တွက် ရော့လာဂေ့လေရယ်။ 20အဲနော့ မာသ ဟ ကိုယ်တော်ယေရှု ကြွရော့လာဇာဝို ကြားသိရိတွက် ကိုယ်တော်ဝို သွားပီးကြိုဆိုလေရယ်။ မာရိဟလော အီမှာ ထိုင်ပီး ကလရစ်လေရယ်။ 21မာသ ဟ ကိုယ်တော်ယေရှုဝို 'အရှင်၊ အရှင်သာ အယ်မိုနေရာမှာ ရှေ့နေခဲ့မယ်ဆိုဝါ ကျမမော် သေဆုံးမှာမုဝ။ 22အယ်ဘေမဲ့ ဘုရားရှင်ဆီ ကိုယ်တော် တောရှော့ဇာမှန်သမျှ ဘုရားရှင်ဟ ကိုယ်တော်ဝို ပေးတော်မူမည်ဖြစ်ကြောဝို ခုလဲ ကျမသိပါရယ်'ဆိုပီး ရှော့တံလေရယ်။ 23ကိုယ်တော်ဟ သူမဝို 'နန့်မော် သက်ပလန်ရှင်ပါလိမယ်'ဆိုပီး မိတော်မူလေရယ်။ 24မာသ ဟ ကိုယ်တော်ဝို နော့ဆုံးသောနေ့ဖြစ်ဝို ပလန်လည်ရှင်သန်ရာကာလမှာ ဘုရားရှင်ဟ သူ့ဝို သက်ပလန်ရှင်သန်စေမယ်ဆိုဇာဝို ကျမသိပါရယ်'ဆိုပီး ရှော့တံလေရယ်။ 25ကိုယ်တော်ယေရှုဟ သူမဝို "ငါဟ လူတိုင်းဝို သက်ပလန်ရှင်စေဝိုလူဖြစ်ရိ ငါဟသက်လဲဖြစ်ရယ်။ ငါ့ဝိုယုံကြည်သူဒိုင်းဟ သေပီးဖြစ်ဂိုမှ သက်ပလန်ရှင်လာလိမယ်ဖြစ်ရယ်။ 26သက်ရှင်နေပီး ငါ့ဝိုယုံကြည်သူဒိုင်းဟ ဟယ်ခါမှသေဆုံးမှာမုဝ။ အယ်မိုဇာဝို နန်ယုံလော'ဆိုပီး မိတော်မူလေရယ်။ 27မာသ ဟ ကိုယ်တော်ဝို "မှန် ပါရယ် အရှင်။ ကိုယ်တော်ဟ အယ်မိုဘာလောကဝို ကြွတော်မူလာဝို ဘုရားရှင်ရဲ့သားတော် ကယ်တံရှင် ခရစ်တော်ဖြစ်ကြောဝို ကျမယုံကြည်ပါရယ်။" ဆိုပီး ရှော့ထားလေရယ်။ 28အဲမိုမျိုးရှော့ထားပီနော့ သူမဟ ပလန်သွားပီး ညီမဖြစ်သူမာရိဝို ခေါ်ပီး "ဆရာရော့နေရယ်၊ နန့်ဝိုခေါ်တော်မူရယ်"ဆိုပီး တိတဆိပြောလေရယ်။ 29မာရိဟ အဲမိုဂါးဝိုကြားပီးနော့ ဗြန်ဗြန်ထပီး ကိုယ်တော်ဆီဝို သွားလေရယ်။ 30ကိုယ်တော်ယေရှုဟ ဝါထဲဝိုဝမ်သေးဘဲန သူ့ဝို မာသဆီးကြိုဝို နေရာမှာဘဲ့ ရှေ့နေသေးရယ်။ 31အီထဲမှာ မာရိနတူတူရှေ့နေပီး နှစ်သိပေးနေဝို ဂျူးလူမျိုးဒွေဟ မာရိဗြန်ဗြန်ထပီး ထွက်သွားဇာဝို ဗြင်ဂေ့ဝိုခါမှာ သူမဟ ငိုဝို့တွက် သန်းခလိုင်းဂူဝို သွားရယ်ဆိုပီး ထံရိတွက် သူ့နော့ဝို လိုက်သွားဂေ့လေရယ်။ 32မာရိဟ ကိုယ်တော်ရှေ့ရာနေရာဝို ရော့ပီး ကိုယ်တော်ဝိုဗြင်ခါမှာ ခေတော်ရင်းမှာ ဒူးထော့ပီး ကိုယ်တော်ဝို "အရှင်၊ အရှင်သာ အယ်မိုနေရာမှာ ရှေ့နေခဲ့မယ်ဆိုဝါ ကျမရဲ့မော်ဟ သေရားမှာမုဝ" ဆိုပီး ရှော့တံလေရယ်။ 33ကိုယ်တော်ယေရှုဟ မာရိငိုနေဇာဝိုရော၊ လိုက်လာဝို ဂျူးလူမျိုးဒွေငိုနေဇာဝို ဗြင်တော်မူခီမှာ ရားဒိုင်း စိထိခိုက်ပီး 34"သူ့ဝို ဟယ်မှာဂြိုလ်နူး" ဆိုပီး မေးတော်မူလေရယ်။ သူ့နို့ဟလဲ "အရှင်၊ လာပီးဂေ့တော်မူပါ" ဆိုပီး ရှော့တံဂေ့လေရယ်။ 35ကိုယ်တော်ဟလဲ မျစ်ရယ်ကလတော်မူရယ်။ 36 အဲခါမှာ လူဒွေဟ "သူဟ လာဇရုဝို ဟယ်လော့ရှစ်ခင်ရယ်ဆိုဇာဝို ကေ့ကေ့လော့" ဆိုပီး ပြောဂေ့လေရယ်။ 37အယ်ဘေမဲ့ သူ့နို့ထဲဟချို့ဟ "အယ်မိုလူဟ မျစ်မမြင်ဝို မျစ်စိပလန်ဗြင်စေဘေမဲ့ လာဇရုဝို သေရာဟနေ ပလန်ရှင်စေနိုင်ဟလော" ဆိုပီး ပြောဆိုဂေ့လေရယ်။ 38အဲနော့ ကိုယ်တော်ဟ နော့ထပ် စိထိခိုက်တော်မူပီး သန်းခလိုင်းဂူဝို သွားလေရယ်။ အဲမိုနေရာဟ လှိုဏ်ဂူဖြစ်ပီး ဝမ်ဝဝို ကလော့တုံးန ပိရားလေရယ်။ 39ကိုယ်တော်ယေရှုဟ 'ကလော့တုံးဝို ဖယ်ရှားဂေ့လော့ 'ဆိုပီး မိတော်မူရာ သေဆုံးသူရဲ့ မဖြစ်သူ မာသ ဟ "အရှင်၊ သူသေဆုံးဇာဟ လေးရစ်ရှေ့နေပီဖြစ်ရိတွက် ခုဆိုဝါ နံ့ထွက်နေပါလိမယ်"ဆိုပီး ရှော့တံလေရယ်။ 40ကိုယ်တော်ယေရှုဟလဲ သူမဝို "နန်ယုံကြည်မယ်ဆိုဝါ ဘုရားရှင်ရဲ့ဘုန်းဂိုးတော်ဝို ဗြင်ရလိမယ်ဆိုပီး နန့်ဝို ငါပြောပီးပီမုဝလော" ဆိုပီး မိတော်မူလေရယ်။ 41အဲဂျော့ သူ့နို့ဟ ကလော့တုံးဝို ဖယ်ရှားဂေ့လေရယ်။ အဲခါမှာ ကိုယ်တော်ယေရှုဟ ကောကံဝို မျှော်ဂေ့ပီး "အို ဖခမည်းတော်၊ ကျော် တောရှော့ဇာဝို နားထော်ပေးရိတွက် ဖဘုရားရှင်ဝို ကျေးဇူးတံပါရယ်။ 42ဘုရားရှင်ဟ ကျော်ဆုတောသမျှဝို နားထော်ပေးတော်မူဇာဝို ကျော်သိပါရယ်။ အယ်ဘေမဲ့ ခု ကျော့်ဝန်းကျင်မှာ ရပ်ပီးနေဂေ့ဝို အယ်မိုလူထုပရိသတ်ဒွေဟ အသင့်ဆီဟ ကျော်လာရယ်ဆိုဇာဝို ယုံကြည်စေဝို့တွက် ခုမျိုး ဆုတောရဇာဖြစ်ပါရယ်" ဆိုပီး ဆုတောတော်မူလေရယ်။ 43အဲမိုမျိုးဆုတောတော်မူပီးနော့ ကလယ်လော်ဝိုသံန "လာဇရု၊ ထွက်လာလော့" ဆိုပီး ခေါ်တော်မူလေရယ်။ 44အဲခါမှာ သေပီးဝိုလူဟ ခေနလက်ဒွေဝို ဝတ်နပတ်စည်းပီး မျစ်နှာဝိုလဲ ဝတ်နစည်းထားဝိုတိုင်းဘဲ့ ထွက်လာလေရယ်။ ကိုယ်တော်ယေရှုဟ လူဒွေဝို "သူ့ဝို ဖြေပေးပီး သွားခွမ့်ပေးလိုက်လော့" ဆိုပီး မိတော်မူလေရယ်။ 45အဲဂျော့ မာရိဆီဝိုလာပီး ကိုယ်တော်ပြုတော်မူဝို ရာဒွေဝို တွီ့ဗြင်ခဲ့ရဝို ဂျူးလူမျိုးများကီးဟ ကိုယ်တော်ဝို ယုံကြည်ဂေ့လေရယ်။ 46အယ်ဘေမဲ့ သူ့နို့ထဲဟချို့ဟ ဖာရိရှဲဒွေဆီဝိုသွားပီး ကိုယ်တော်ယေရှု ပြုတော်မူဝို ရာဒွေဝို ပြောပြဂေ့လေရယ်။ 47အဲခါမှာ ပုရောဟိတ်ကြီးကဲဒွေန ဖာရိရှဲဒွေဟ ရားလွှတ်တော်ဖွဲ့ဝို စုဝေးစေပီး "အဲမိုလူဟ အံ့ဖွယ်နမိလက္ခဏာများကီးဝို ပြသနေပီဖြစ်ရိတွက် သူ့ဝို နို့ ဟဲမျိုးလုပ်ဂေ့မယ်နူး။ 48ဂယ်ရိ သူ့ဝို အယ်မိုမျိုးလွှတ်ရားမယ်ဆိုဝါ လူအားလုံးဂူဟ သူ့ဝို ယုံကြည်သွားဂေ့လိမယ်။ ရောမလူမျိုးဒွေဟလဲ နို့ရဲ့ဗိမာန်တော်န နို့လူမျိုးဝိုပါ သီးယူဂေ့လိမယ်'ဆိုပီး ပြောဆိုဂေ့လေရယ်။ 49အဲမိုခီမှာ သူ့နို့ထဲဟယော့ဖြစ်ဝို အဲမိုနှစ်ကာလတွက် ကီးဆုံးဖြစ်ဝိုပုရောဟိတ် ကယာဖဟ 'နန်းနို့ ဟဲရာလဲသိဂေ့ရ။ 50မျိုးလုံးပျစ်စီးရှင်းဝို ရော့ဇာထက် လူတယော့ဟ လူများကီးကိုယ်စား သေခံရှင်းဟ နန်းနို့တွက်ပိုကောရယ်ဆိုဇာဝို စဥ်းဇားဆင်ရှင်နိုင်ဇာ နန်းနို့မှာမှေ့ဂေ့ရ' ဆိုပီး ပြောလေရယ်။ 51ကာယာဖဟ အယ်မိုဂါးဝို သူ့သဘောနသူပြောဇာမုဝ ။ သူဟ အဲမိုနှစ်ကာလတွက် ကီးဆုံးပုရောဟိတ်ဖြစ်ရိတွက်ဂျော့ ကိုယ်တော်ယေရှုဟ ဂျူးလူမျိုးဒွေတွက် သေခံတော်မူမှာဖြစ်ကြောန 52သူဟ အဲမိုလူမျိုးဒွေတွက်သာမက တကွဲတပြားဖြစ်နေဂေ့ဝို ဘုရားရှင်ရဲ့သားမီးဒွေဝို ဇုတဝေးဒဲဖြစ်စေဝို့တွက်ပါ သေခံတော်မူမှာဖြစ်ကြောဝို ကြိုတံနမိဖတ်ဟောပြောဇာဖြစ်ရယ်။ 53အဲဂျော့ရိ သူ့နို့ဟ အဲနေ့ဟနေစပီး ကိုယ်တော်ဝိုသတ်ဝို့တွက် တိုင်ဘန်ကြံစည်ဂေ့လေရယ်။ 54အဲဂျော့ရိ ကိုယ်တော်ယေရှုဟ ဂျူးလူမျိုးဒွေကြားထဲမှာ ထံထံရှားရှားသွားလာဇာလုပ်ဟန်းဘဲန အဲမိုနေရာဟနေ ထွက်ခွာပီး တောကန္တာရနနီးဝို ဧဖရိမ်ဆိုပီးခေါ်ဝို ဗြို့ဝိုကြွတော်မူပီး ဗြိတော်ဒွေနတူတူ နေတော်မူလေရယ်။ 55ဂျူးလူမျိုးဒွေရဲ့ပသခါပွဲ နီးကပ်လာခါမှာ လူများကီးဟ သူ့နို့ကိုယ်သူ့နို့ သန့်ဇင်ရှင်းမှုဝို ပြုလုပ်ဝို့တွက် တောဟနေ ဂျေရုဆလင်ဗြို့ဝို ရော့လာဂေ့လေရယ်။ 56သူ့နို့ဟ ကိုယ်တော်ယေရှုဝို ရှာဖွီဂေ့ပီး ဗိမာန်တော်ဝန်းထဲမှာ ရပ်ပီး 'နန်းနို့ ဟဲမျိုးထံနူး၊ သူဟ အယ်မိုပွဲတော်ဝို မလာဘဲနေမယ်လော'ဆိုပီး ချင်းချင်းပြောဆိုနေဂေ့လေရယ်။ 57ပုရောဟိတ်ကြီးကဲဒွေန ဖာရိရှဲဒွေဟ ကိုယ်တော်ယေရှုဝို ဖမ်းဆီးနိုင်ဝို့တွက် ဟယ်သူမဆို ကိုယ်တော်ယေရှုဝို တွီ့ရယ်ဆိုဝါ ဒန်းပေးရမယ်ဆိုပီး မိထုထားလေရယ်။