Logo de YouVersion
Icono de búsqueda

John 1

1
1ဘုရားရှင်ဟ ဘာလောကဝို ဖန်ဆင်းတော်မမူခံ နှုကပတ်တော် ရှေ့ရယ်။ နှုကပတ်တော်ဟ ဘုရားရှင်နတူတူရှေ့ပီး နှုကပတ်တော်ဟလဲ ဘုရားရှင်ဖြစ်ရယ်။ 2အဲမိုနှုကပတ်တော်ဟ ဘုရားရှင်ဟနေ ရာခပ်သီးဝို မဖန်ဆင်းခံ ဘုရားရှင်နတူတူ မြဲတမ်းရှေ့ရယ်။ 3နှုကပတ်တော်အားနဘဲ့ ဘုရားရှင်ဟ ရာခပ်သီးဒွေဝို ဖန်ဆင်းတော်မူရယ်။ နှုကပတ်တော်ပါဘဲန ဖန်ဆင်းထားဝိုရာလေ ခုလဲမှေ့ရ။ 4အဲမိုနှုကပတ်တော်ဟ ဖန်ဆင်းထားဝို့ရာဂူလုံးဒွေဝို သက်ဝိုပေးတော်မူရယ်။ အယ်မိုသက်ဟ လူပေါဒွေတွက် လန်းရော်ဖြစ်ရယ်။ 5အဲမိုလန်းဟ မှော်ထုထဲမှာ လမ်းပျော့မျိုး ဖစ်နေဝို မကောမူ့ ဒုစရိုက်ပြုလုပ်နေသူဒွေဝို လမ်းမှန်ဝိုပလန်ရော့အော် လမ်းပြပေးဝို လန်းရော်ဖစ်ရယ်။ မကောမူ့ ဒုစရိုက်ပြုလုပ်နေဂေ့ဝိုသူဒွေဟ အဲမိုလန်းရော်ဝို တားဆီးနိုင်ဝိုစွမ်းစမေ့ဂေ့ရ။ 6ဘုရားရှင်ဟ ယောဟန်ဆိုပီး နော်မယ်ရှေ့ဝို လူတစ်ယော့ဝို စေလွှတ်တော်မူရယ်။ 7ယောဟန်ဟ လန်းရော်နတူဝိုအရှင်ရဲ့ကြောဝို လူဒွေဝို ဟောပြောဝို့ လာခဲ့ဇာဖစ်ရယ်။ လန်းရော်နတူဝိုအရှင် ပြောဝိုဇာဒွေဟ မှန်ကန်ကြောပြဝို့န လန်းရော်တူဝိုအရှင်ဝို လူပေါဒွေ ယုံကြည်လာဂေ့အော် သူဟ လာခဲ့ဇာဖစ်ရယ်။ 8ယောဟန်ကိုယ်တိုင်ဟ လန်းရော်မုဝ။ အဲမိုစား သူဟ အဲမိုလန်းရော် သူ့ရဲ့ကြောဝို လူပေါဒွေဝို ဟောပြောရအော် လာရော့ဇာဖြစ်ရယ်။ 9ယောဟန်အယ်မိုမျိုး ပြုလုပ်ဆော်ရွက်နေခီမှာ လန်းရော်နတူဝိုလူဟ အယ်ဘာမလေပေါ်ဝို ရော့ရှေ့လာရယ်။ သူ့ဟ မှော်ထဲမှာ လမ်းပျော့မျိုးဖစ်နေဂေ့ဝို ပြစ်ဒုစရိုက်သမားဒွေဝို လန်းရော်မျိုးလမ်းပြပီး ဗြင်မှန်ရရှိအော် လူသားဒွေပေါ်မှာ ဘုရားရှင်ရဲ့ကြောဝို သိဗြင်စေဝိုသူလဲဖြစ်ရယ်။ 10အဲမိုလန်းရော်နတူဝိုအရှင်ဟ အယ်ဘာမလေပေါ်မှာရှေ့နေပီး အဲမိုအရှင်အားန ဘုရားရှင်ဟ ရာအားလုံးဝို ဖန်းဆင်းတော်မူရစ်ပေမဲ့ အယ်ဘာလောကဟ လူဒွေဟ အဲမိုအရှင်ဟ ဟယ်သူဖြစ်နူးဆိုဇာဝို သိဂေ့ရ။ 11အဲမိုအရှင်ဟ သူဖန်ဆင်းရားဝို ဘာမလေဝိုရော့လာပေမဲ့ သူ့ရဲ့လူမျိုးဒွေဖစ်ဝို ဂျူးလူမျိုးဒွေဟ သူ့ဝို လက်ခံကြိုဆိုဇာမှေ့ဂေ့ရ။ 12အယ်ဘေမဲ့ သူ့ဟ ငါ့ဝိုယုံကြည်ပီးလက်ခံဝိုသူဒွေဝို သူဟ အဲမိုလူဒွေဝို ဘုရားရှင်ရဲ့သားမီးဒွေဖြစ်ဝို ခွမ့်ဝို ပေးတော်မူရယ်။ 13အဲမိုသားမီးဒွေဟ သဘာဝတိုင်းမွှီးဖွားလာဂေ့ဇာ မုဘဲ သွီးသားဆန္ဒမွှီးဖွားလာဇာ မုဘဲန လူဒွေရဲ့ဆန္ဒရမွှီးဖွားလာဇာမုဘဲ ဘုရားရှင်ရဲ့ရည်ရွယ်ချင့်ဒွေဂျော့ ဘုရားရှင်ရဲ့လိုတော်န မွှီးဖွားလာဇာဖြစ်ရယ်။ 14နှုကပတ်တော်ဟ သစ္စာတရားတော်နဖြစ်ဖြစ် မေတ္တာတော်နဖြစ်ဖြစ် ပလဲ့ဇုံပီး လူသားဖြစ်ဝိုခံယူပီး ငါဒို့ဂျားမှာ နေထိုင်တော်မူရယ်။ အဲဂျော့ အဖဘုရားရှင်ရဲ့ ဘားတည်းသောသားတော်ဖြစ် သူလက်ခံရရှေ့ထားဝို သူ့ရဲ့ဘုန်းအသရေတော်ဝို နို့ဟ ဗြင်တွီ့ဂေ့ရရယ်ဖြစ်ရယ်။ 15ယောဟန်ဟ အော်ပီး အဲမိုအရှင်ရဲ့လူကြောဝို ကြွေးကြော်ပီးသက်သေ ခံဇာဟလော “ ‘သူဟ ငါ့နော့ဟကြွလာဝို့သူဖြစ်ပီး သူဟ ငါမွီးခံဒဲဟ ရှေ့နေဇာဖြစ်ရိဂျော့ ငါ့ထက်ပိုကီးမြတ်ရယ်’ ဆိုပီး ငါပြောရစ်ဖူးဝိုအရှင်ဟ အဲမိုသူ့ဝိုပြောနေဇာဖြစ်ရယ်” ဆိုပီး ပြောလေရယ်။ 16အဲမိုသူဟ ကောကျိုးချမ်းသာဖြာဖြာန ပလဲ့ဇုံကြွယ်ဝပီး ဂုဏ်ကျေးဇူးတော်န ကျနော်တို့အားလုံးရဲ့ ဂုဏ်ကျေးဇူးတော်ဒွေဝို ခါပီးခါ ခါပီးခါ ခံစားဂေ့ရရယ်။ 17ဘုရားရှင်ဟ မောရှေဆီဟတဆင့် ပညတ်ရားတော်ဒွေဝို ပေးအပ်ရစ်ရားပေမဲ့ မဟာဂရုဏာမေတ္တာတော်န သစ္စာတရားဒွေဟ မေရှိယအရှင်ဖြစ်ဝို ကိုယ်တော်ယေရှုဆီဟ လာဇာဖြစ်ရယ်။ 18ဘုရားရှင်ဝို ဟယ်သူဟမှဗြင်ဖူးဘေမဲ့ ဘုရားရှင်နရဒိုင်းနီးကပ်ရှေ့ပီး ဘုရားရှင်နတူတူဘဲ့ဖြစ်ဝို ဘုရားရှင်ရဲ့ ဘားတည်းသောသားတော်ဟ ဘုရားရှင်ဝို သိဗြင်အော်လုပ်ဆော်ပေးရစ်ရယ်။ 19အယ်မိုဇာဟ ခေါ်ဆော်ဒွေဟ ဂျေရုဆလင်ဗြို့ဟနေ ပုရောဟိတ်ဒွေန လေဝိမျိုးနွယ်ဒွေဝို ယောဟန်ဆီဝို စေလွှတ်ပီး “နန်ဟ ဟယ်သူနူး” ဆိုပီး မေးခိုင်းခီမှာ ယောဟန်ဟ အယ်မျိုး သက်သေခံဇာဖြစ်ရယ်။ 20ယောဟန်ဟလည်း ပွမ့်ပွမ့်လန်းလန်းန “ငါ မေရှိယအရှင်မုဝ” ဆိုပီး ရှင်းပြလေရယ်။ 21အဲခါမှာ သူ့နို့ဟယောဟန်ဝို “အဲဆိုဝါ နန်ဟ ဟယ်သူနူး။ နန်ဟ ပရောဖက်ဧလိယလော” ဆိုပီး မေးမြန်းဂေ့လေရယ်။ သူဟ “မုဝ” ဆိုပီး ပလန်ပြောလေရယ်။ သူ့နို့ဟလဲ “နန်ဟ ပရောဖက်ဘားလော” ဆိုပီး ပလန်မေးဂေ့လေရယ်။ ယောဟန်ဟလဲ “မုဝ” ဆိုပီး ပလန်ပြောကြားလေရယ်။ 22အဲနော့ သူ့နို့ဟလဲ “ကျနော့်တို့ဟ ကျနော်တို့ဝိုလွှတ်လိုက်ဝို လူဒွေဆီဝို ပလန်ရှော့တံရဝို့တွက် နန့်ဟ ဟယ်သူနူးဆိုဇာဝိုပြောပြပါ။ နန့်ကိုယ်နန် ဟယ်သူဆီရိ ပြောမယ်နူး” ဆိုပီး မေးဂေ့လေရယ်။ 23ယောဟန်ဟလဲ “ငါဟ ‘အရှင်ရဲ့လမ်းဝို ဖြော့ဖြူးအော် ပြင်ဆင်ပေးဂေ့လော့’ ဆိုပီး ပရောဖက်ဟေရှာယ ဟောပြောရားဝို တောကန္တာရထဲမှာ ကြွေးကြော်နေသူဘဲ့ဖြစ်ရယ်” ဆိုပီး ပလန်ပြောလေရယ်။ 24ယောဟန်ဝို မေးခွန်းမေးဝို့ စေလွှတ်လိုက်ဝိုလူဒွေထဲမှာ ဖာရိရှဲချို့လဲ ပါလေရယ်။ 25သူ့နို့လေဟ ယောဟန်ဝို “အဲဆိုဝါ နန့်ဟ မေရှိယလဲမု၊ ပရောဖက်ဧလိယလဲမု၊ ပရောဖက်ဘားလဲမုဘဲနေဆိုဝါ ဟဲဖြစ်ဂျော့ နန့်ဟ ရေနှစ်မြင်ဂလာပြုလုပ်ပေးနူး ဆိုပီး ယောဟန်ဝို” မေးဂေ့လေရယ်။ 26ယောဟန်ဟလဲ “ငါဟ ရေနဘဲ့ ရေနှစ်မြင်ဂလာပြုလုပ်ပေးရယ်၊၊ အယ်ဘေမဲ့ နန်းနို့ထဲမှာ နန်းနို့နတူတူ အရှင်ဘားရပ်နေဇာဝို နန်းနို့သိဂေ့သေးရ။ 27အဲမိုအရှင်ဟ ငါ့ရဲ့နော့မှ ကြွလာဝို့အရှင်ဖစ်ဘေမဲ့ ငါဟ အဲမိုအရှင်ရဲ့ခေနပ်ကြိုးဝို ဖြေပေးဝို့ဂိုမှ ထိုက်တန်ရ” ဆိုပီး ပလန်ဖြေလေရယ်။ 28အယ်မိုဖြစ်ပျစ်ဂူလုံးဒွေဟ ယောဟန် ရေနှစ်မြင်ဂလာပေးဝိုနေရာဖြစ်ဝို ဂျော်ဒန်ဗြစ်တဖက်ကမ်းမှာရှေ့ဝို ဗေသနိဝါမှာ ဖြစ်ပျစ်ခဲ့ဇာဖြစ်ရယ်။ 29နော့နေ့မှာ ယောဟန်ဟ သူ့ဆီဝို ကိုယ်တော်ယေရှုလာနေဇာဝို ဗြင်ခါမှာ “ကေ့ကေ့လိုက် အဲမိုလူဟ ဘာပေါ်မှာ လူသားအားလုံးဂူရဲ့ပြစ်ဒွေဝို ယူဆော်သွားပေးဝို့ ဘုရားရှင်ရဲ့သိုးသငယ်ဖြစ်ရယ်" ဆိုပီး ပြောလေရယ်။ 30အဲမိုအရှင်ဟ နန်းနို့ဝို ငါပြောရစ်ဖူးဝို ‘ငါ့ရဲ့နော့မှ ကြွလာဝို့သူဖြစ်ဘေမဲ့ ငါမွီးခံဒဲဟ ရှေ့နှင့်နေသူဖြစ်ရိတွက်ဂျော့ ငါ့ထက်ပိုပီး ကီးမြတ်ရယ်’ ဆိုပီး အရှင်ဆိုသူဖြစ်ရယ်။ 31အဲမိုအရှင်ဟ နန်းနို့ဝို ငါပြောရစ်ဖူးဝို ‘ငါ့ရဲ့နော့မှ ကြွလာဝို့သူဖြစ်ဘေမဲ့ ငါမွီးခံဒဲဟ ရှေ့နှင့်နေသူဖြစ်ရိတွက်ဂျော့ ငါ့ထက်ပိုပီး ကီးမြတ်ရယ်’ ဆိုပီး အရှင်ဆိုသူဖြစ်ရယ်။ 32နော့ထပ် ယောဟန် သက်သေခံဇာဟလော “ငါဟ သူ့ဝိုရေနှစ်မြင်ဂလာပေးနေခီ ကောကံဟ ဉာဏ်လင်းတော်ဟ ချိုးငှက်တကော်သွမ်န ဆင်းသက်လာပီး အရှင့်ပေါ်မှာလာနားဇာဝို ငါတွီ့ဗြင်လိုက်ရယ်။ 33 ငါကိုယ်တိုင်ဟလဲ သူဟယ်သူဆိုဇာဝိုမသိဘေမဲ့ ငါ့ဝို ရေနှစ်မြင်ဂလာပေးဝို့ စေလွှတ်လိုက်ဝို ငါ့ဝို ‘ဉာဏ်လင်းတော်ဟ လူတယော့ဆီဝို ဆင်းသက်လာပီး သူနတူတူရှေ့နေဇာဝို ဗြင်တွီ့ရယ်ဆိုဝါ အဲမိုလူဟ ဉာဏ်လင်းတော်အားန ရေနှစ်မြင်ဂလာပေးဝို့ အရှင်ဖြစ်ရယ်’ ဆိုပီး ငါ့ဝို မိတော်မူခဲ့ရယ်။ 34ငါဟ အဲမိုဖြစ်ပျစ်ဒွေဝို ဗြင်တွီ့ခဲ့ရပီးပီတွက်ဂျော့ အဲမိုအရှင်ဟ ဘုရားရှင်ရဲ့သားတော်ဖြစ်ကြော ငါသက်သေခံနိုင်ဇာ” ဆိုပီး ဆိုရယ်။ 35နော့နေ့မှာ ယောဟန်ဟ ထပ်ပီး အဲမိုနေရာမှာ သူ့ရဲ့ဗြိနှေ့ယော့နတူတူ ရပ်နေလေရယ်။ 36ယောဟန်ဟ ကိုယ်တော်ယေရှုကြွလာဇာဝို ဗြင်ခါမှာ “ကေ့လိုက်ကေ့ ဘုရားရှင်ရဲ့ သိုးသငယ်ဖြစ်လေရယ်” ဆိုပီး ပြောလေရယ်။ 37ယောဟန် အဲမိုဂါးဝိုပြောခါမှာ ဗြိနှေ့ယော့လုံးဟ ကြားခီမှာ သူ့နို့ရ ကိုယ်တော်ရဲ့နော့တော်ဝို လိုက်သွားဂေ့လေရယ်။ 38ကိုယ်တော်ယေရှု လှည့်ကေ့လိုက်ခီမှာ အဲမိုလူနှေ့ယော့ လိုက်လာဇာဝို ဗြင်ခါမှာ ကိုယ်တော်ဟ သူ့နို့ဝို “နန်းနို့ဟဲရာဇာဝို လိုရှေ့ရိနူး” ဆိုပီး မေးတော်မူလေရယ်။ အဲမိုလူနှေ့ယော့ဟလဲ “ဆရာ၊ ဆရာ ဟယ်မှာနေပါနူး” ဆိုပီး မေးရှော့ဂေ့လေရယ်။ 39ကိုယ်တော်ဟလဲ “လာကေ့ နန်းနို့ တွီ့ဗြင်ရဂေ့လိမယ်” ဆိုပီး မိတော်မူလေရယ်။ အဲနှော့ သူနို့ဟလဲ ကိုယ်တော်ယေရှုန လိုက်ပါသွားဂေ့ပီး ကိုယ်တော်နေထိုင်ဝိုနေရာဝို တွီ့ဗြင်ဂေ့ပီးန အဲမိုနေ့တရစ်လုံး ကိုယ်တော်နတူတူ ခီကုန်ဆုံးဂေ့ရယ်။ (အဲမိုခီဟ ညစ်နေ၄နာရီလော့ဖြစ်ရယ်။) 40ယောဟန်ပြောဝို ဂါးဝိုကြားခါမှာ ကိုယ်တော်ယေရှု န လိုက်ပါလာခဲ့ဝို နှေ့ယော့မှာ ယော့ဟ ရှိမုန်ဖြစ်ပီး ယော့ဟ ပေတရုညီ အန္ဒြေဖြစ်ရယ်။ 41အန္ဒြေဟ ဦးဆုံး ကိုဖြစ်သူပေတရုဝိုရှာပီး “နို့လော ကယ်တံရှင်မေရှိယဝို တွီ့ဂေ့ပီ” ဆိုပီး ပြောလေရယ်။ 42အန္ဒြေဟ သူ့ရဲ့ကိုဖြစ်သူဝို ကိုယ်တော်ယေရှုဆီဝို ခေါ်ဆော်လာဂေ့လေရယ်။ ကိုယ်တော်ဟ အဲမိုလူဝိုကေ့ပီး “နန့်ဟ ယောဟန်ရဲ့သားရှိမုန်ဖြစ်ရယ်။ နန်ဟ ကေဖဆိုပီး ခေါ်ခံရလိမယ်” (ကေဖဆိုဇာဟ အာရမိတ်ဘာသာဂါးဖစ်ပီး ဂရိဘာသာဂါးန ပေတရုဆိုရိခေါ်ပီး အဲမိုနှေ့မျိုးလုံးရဲ့ ဓိပ္ပါယ်မှာ ကလော့တုံးဆိုရိ ဓိပ္ပာယ်ရရယ်။) 43နော့နေ့မှာ ကိုယ်တော်ယေရှုဟ ဂါလိလဲဒေသဝိုထွက်ခွာပီး ရော့သွားခီမှာ ဖိလိပ္ပုနတွီ့လေရယ်။ ကိုယ်တော်ဟ ဖိလိပ္ပုဝို “ငါ့နော့ဝို လိုက်ခဲ့” ဆိုပီး မိတော်မူလေရယ်။ 44ဖိလိပ္ပုဟ အန္ဒြေနပေတရုဒို့ရဲ့ နေထိုင်ရာဗြို့ဖြစ်ဝို ဗက်ဇဲဒဗြို့ဟ လာသူဖြစ်ရယ်။ 45ဖိလိပ္ပုဟ နာသေနေလဝိုတွီ့ပီး ပြောပြဇာမှာ “မောရှေရဲ့ပညတ်ကျမ်းမှာရော၊ ပရောဖက်ဒွေရဲ့ကျမ်းမှာရော ရေးသားဖော်ပြထားဝို နာဇရက်ဗြို့ဟ ယောသပ်ရဲ့သား ကိုယ်တော်ယေရှုဝို နို့လေ တွီ့ဗြင်ဂေ့ရပီဖြစ်ရယ်” ဆိုပီး ပြောပြလေရယ်။ 46နာသေနေလဟလဲ “နာဇရက်ဝိုမျိုးနေရာမျိုးဟ ခုမျိုးကောမြတ်ဝို တစုံတခုဟ ပေါ်ထွက်လာနိုင်ပါ့မလော” ဆိုပီး မေးခါမှာ၊ ဖိလိပ္ပုဟ “လာပီး ကေ့ပါလော” ဆိုပီး ပလန်ဖြေလေရယ်။ 47ကိုယ်တော်ဟ နာသေနေလ သူ့နားဝို လာ‌နေဇာဝိုဗြင်ခီမှာ ကိုယ်တော်ဟ “အယ်လူဟ ဖြူစင်ရိုးသားခြင်းန ပလဲ့ဇုံဝို အစ္စရေးလူမျိုးစစ်စစ်ဖြစ်ရယ်” ဆိုပီး ပြောလေရယ်။ 48အဲမိုဂါးဝို ကြားခီမှာ နာသေနေလဟ “ကိုယ်တော် ကျော့်ဝိုဟဲမျိုးသိပါနူး” ဆိုပီး မေးရာ ကိုယ်တော်ဟလဲ “သင့်ဝို ဖိလိပ္ပု ခေါ်မလာခံဒဲဟ သဖန်းပံအော့မှာရှေ့နေဇာဝို ငါဗြော်ခဲ့ရယ်” ဆိုပီး ကိုယ်တော်ဟ ပလန်ပြောလေရယ်။ 49အဲခါမှာ နာသေနေလဟ ကိုယ်တော်ဝို “ဆရာ၊ ဆရာဟ မှန်ဘဲ့ ဘုရားရှင်ရဲ့သားတော်ဖြစ်ရယ်၊ အစ္စရေးလူမျိုးဒွေရဲ့ ဘုရင်လဲဖြစ်ရယ်” ဆိုပီး ပလန်လည်ရှော့တံလေရယ်။ 50အဲခါ ကိုယ်တော်ဟ “သဖန်းပံအော့မှာ နန့်ဝို ငါဗြော်ခဲ့ရယ်ဆိုရိပြောရုံမြဝို ယုံဇာလော။ အယ်ထက်ကီးမြတ်ဇာဒွေဝို သင်ဗြင်ရလိမယ်” ဆိုပီး သူ့ဝို ကိုယ်တော်ဟ မိတော်မူလေရယ်။ 51“နန်းနို့ဝို ငါမှန်ပြောမယ်ဆိုဝါ ရွှေဗြို့တော်ဖွမ့်ရားပီး ဘုရားရှင်ဆီဟ နတ်ဒေဝါဒွေဟ လူသားတော်ပေါ်ဝို ဆင်းပီးလာဇာဝိုရော ပလန်တက်သွားဇာဝိုရော နန်းနို့ဗြင်တွီ့ဂေ့ရလိမယ်ဖြစ်ရယ်” ဆိုပီး ကိုယ်တော်ဟ သူ့နို့လေဝို မိတော်မူလေရယ်။

Actualmente seleccionado:

John 1: ttpv-rv

Destacar

Compartir

Copiar

None

¿Quieres tener guardados todos tus destacados en todos tus dispositivos? Regístrate o inicia sesión