YouVersion Logo
Search Icon

ရောမ 16

16
ပေါ​လု​၏​နှုတ်​ဆက်​စ​ကား
1ကင်​ခြေ​မြို့​အ​သင်း​တော်၌ သင်း​ထောက်​မိန်း​မ​ဖြစ်​သော ငါ​တို့​နှ​မ​ဖိ​ဗေ​ကို သင်​တို့​ထံ​သို့ ငါ​သွင်း​ပေး၏။- 2သန့်​ရှင်း​သူ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ ထို​သူ​ကို​လက်​ခံ​ကြ​လော့။ သူ​သည် အ​ကူ​အ​မ​လို​သ​မျှ​သော အ​မှု​တို့၌ သူ့​ကို​ကူ​မ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​သည် များ​စွာ​သော သူ​တို့​ကို​လည်း​ကောင်း၊ ငါ့​ကို​လည်း​ကောင်း၊ မ​စ​သော​သူ​ဖြစ်၏။- 3ငါ​နှင့်​အ​တူ ယေ​ရှု​ခ​ရစ်၏ အ​မှု​တော်​ကို ဆောင်​ရွက်​သော​သူ၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို နှုတ်​ဆက်​ကြ​လော့။-#တ၊ ၁၈:၂။ 4ထို​သူ​တို့​သည် ငါ့​အ​သက်​အ​ဖို့ မိ​မိ​တို့​လည်​ပင်း​ကို ချ​ထား​သော​သူ​ဖြစ်​ကြ၏။ သူ​တို့​ကျေး​ဇူး​ရှိ​သည်​ဟု ငါ​တစ်​ယောက်​တည်း​သာ ဝန်​ခံ​သည်​မ​ဟုတ်။ တစ်​ပါး​အ​မျိုး​သား အ​သင်း​တော်​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ၏။- 5သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို​လည်း နှုတ်​ဆက်​ကြ​လော့။ အာ​ရှိ​ပြည်​တွင် ခ​ရစ်​အ​ဖို့ အ​ဦး​သီး​သော အ​သီး​ဖြစ်​သော ငါ့​ချစ်​သား​ဧ​ပဲ​နက်​ကို နှုတ်​ဆက်​ကြ​လော့။- 6ငါ​တို့​အ​မှု​ကို ကြိုး​စား၍ ဆောင်​ရွက်​သော မာ​ရိ​ကို နှုတ်​ဆက်​ကြ​လော့။- 7ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ၊ ငါ​အ​မျိုး​သား​ချင်း အ​န္ဒြော​နိတ်​နှင့် ယု​နိ​ကို နှုတ်​ဆက်​ကြ​လော့။ ထို​သူ​တို့​သည် တ​မန်​တော်​များ​တွင် အ​သ​ရေ​ထင်​ရှား​သော​သူ ဖြစ်​ကြ၏။ ငါ့​အ​ရင် တ​ပည့်​တော်​အ​ဖြစ်​သို့ ရောက်​သော​သူ​လည်း ဖြစ်​ကြ၏။- 8သ​ခင်​ဘု​ရား၌ ငါ့​ချစ်​သား​အ​မ္ပ​လိ​ကို နှုတ်​ဆက်​ကြ​လော့။- 9ငါ​တို့​နှင့်​အ​တူ ခ​ရစ်​တော်၏​အ​မှု​ကို​ဆောင်​ရွက်​သော ဥ​ရ​ဗန်​နှင့် ငါ့​ချစ်​သား​သ​တာ​ခု​ကို နှုတ်​ဆက်​ကြ​လော့။- 10တ​ပည့်​တော်​စစ်​ဖြစ်​သော အ​ပေ​လေ​နှင့် အာ​ရိ​တ္တော​ဗု​လု၏ အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ကြ​လော့။- 11ငါ၏​အ​ဆွေ​အ​မျိုး ဟေ​ရော​ဒျုန်​နှင့် တ​ပည့်​တော်​ဖြစ်​သော နာ​ကိ​သု၏​အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ကြ​လော့။- 12သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ကြိုး​စား​သော​မိန်း​မ၊ တ​ရု​ဖဲ​န​နှင့် တ​ရု​ဖော​သ​ကို​လည်း​ကောင်း၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို အ​လွန်​ကြိုး​စား၍ ချစ်​အပ်​သော​မိန်း​မ ပေ​ရ​သိ​ကို​လည်း​ကောင်း နှုတ်​ဆက်​ကြ​လော့။- 13မြတ်​သော​တ​ပည့်​တော်​ရု​ဖု​နှင့် သူ၏​အ​မိ​တည်း​ဟူ​သော ငါ၏​အ​မိ​ကို နှုတ်​ဆက်​ကြ​လော့။-#မာ၊ ၁၅:၂၁။ 14အ​သုံ​ကြိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မေ​မှ​စ၍ သူ​တို့​နှင့်​အ​တူ​နေ​သော ညီ​အစ်​ကို​တို့​ကို နှုတ်​ဆက်​ကြ​လော့။- 15ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​နှ​မ​နှင့် ဩ​လု​မ္ပ​မှ​စ၍ သူ​တို့​နှင့်​အ​တူ​နေ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ကြ​လော့။- 16အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်၏ အ​သင်း​တော်​အ​ပေါင်း​တို့​သည် သင်​တို့​နှင့် နှုတ်​ဆက်​ကြ၏။
နောက်​ဆုံး​ညွှန်​ကြား​ချက်​များ
17ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​ပြီး​သော ဆုံး​မ​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သော သင်း​ခွဲ​ခြင်း၊ မှား​ယွင်း​ခြင်း အ​ကြောင်း​ကို ပြု​တတ်​သော သူ​တို့​ကို​မှတ်၍ ရှောင်​ကြ​လော့​ဟု ငါ​သ​တိ​ပေး၏။- 18အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။- 19သင်​တို့ ယုံ​ကြည်​နား​ထောင်​ခြင်း အ​ကြောင်း​အ​ရာ​သည် လူ​အ​ပေါင်း​တို့​တွင် ကျော်​စော​သည်​ဖြစ်၍၊ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ သို့​သော်​လည်း၊ သင်​တို့​သည် ကောင်း​သော​အ​မှု၌​ကား၊ ပ​ညာ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​အ​မှု၌​ကား၊ အ​ပြစ်​ကင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​အ​လို​ရှိ၏။- 20ငြိမ်​သက်​ခြင်း​အ​ရှင် ဘု​ရား​သ​ခင်​သည် မ​ကြာ​မ​မြင့်​မီ စာ​တန်​ကို သင်​တို့​ခြေ​အောက်၌ နှိပ်​စက်​တော်​မူ​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။- 21ငါနှင့်​အ​တူ အ​မှု​တော်​ကို ဆောင်​ရွက်​သော တိမောသေမှစ၍ ငါ၏​အ​ဆွေ​အ​မျိုး​လု​ကိ၊ ယာ​သုန်၊ သော​သိ​ပ​တ​ရု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-#တ၊ ၁၆:၁။ 22ဤ​စာ​ကို​ရေး​သော ကျွန်ုပ်​တေ​ရ​တိ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို နှုတ်​ဆက်​ပါ၏။- 23ငါ့​ကို​လည်း​ကောင်း၊ သင်း​ဝင်​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း လက်​ခံ၍ ဧည့်​သည်​ဝတ်​ပြု​တတ်​သော ဂါ​ယု၊ မြို့​စာ​ရေး ဧ​ရ​တ္တု၊ သင်​တို့​ညီ ကွာ​တု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-#တ၊ ၁၉:၂၉။ ၁​ကော၊ ၁:၁၄။ ၂​တိ၊ ၄:၂၀။ 24ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။
ချီး​မွမ်း​ဆု​တောင်း​ပတ္ထ​နာ
25ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​ပြီး​လျှင် ယ​ခု​မှာ ထင်​ရှား​သည်​ဖြစ်၍၊- 26လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​ကြ​မည်​အ​ကြောင်း ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း ထို​သူ​တို့​အား ဖော်​ပြ​ရ​သော နက်​နဲ​ရာ​ကို​ဖွင့်​ထား​ခြင်း ကျေး​ဇူး​တော်​နှင့်​လျော်​စွာ၊ ငါ​ဟော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့်၊ သင်​တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော​အ​ရှင်၊- 27တစ်​ဆူ​တည်း​သာ​လျှင် ပ​ညာ​နှင့် ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။
ရော​မ​ဩ​ဝါ​ဒ​စာ​ပြီး၏။

Currently Selected:

ရောမ 16: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy