YouVersion Logo
Search Icon

နေဟမိ 13

13
လူ​မျိုး​ခြား​များ​နှင့်​ခွဲ​ခွာ​ကြ​ခြင်း
1ထို​နေ့​ရက်​ကာ​လ၌ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လူ​များ​ရှေ့​မှာ ဖတ်​ရွတ်​သော​အ​ခါ၊ အ​မ္မုန်​အ​မျိုး​သား​နှင့် မော​ဘ​အ​မျိုး​သား​သည် ဘု​ရား​သ​ခင်၏ ပ​ရိ​သတ်​တော်​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့် အ​စဉ်​မ​ရှိ​ဟု တွေ့​ကြ၏။#တ​ရား၊ ၂၃:၃-၅။ 2အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို လုပ်​ကျွေး​ခြင်း​ငှာ မ​ကြို​ဆို၊ ကျိန်​ဆဲ​စေ​ခြင်း​ငှာ ဗာ​လံ​ကို​ငှား​ကြ၏။ သို့​ရာ​တွင် ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ကျိန်​ဆဲ​သော​စ​ကား​ကို ကောင်း​ချီး​ပေး​သော စ​ကား​ဖြစ်​စေ​တော်​မူ၏။#တော၊ ၂၂:၁-၆။ 3ထို​တ​ရား​ကို ကြား​သော​အ​ခါ၊ အ​မျိုး​မ​စစ်​သော​သူ ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှား​ကြ၏။
နေ​ဟ​မိ​၏​ပြု​ပြင်​ပြောင်း​လဲ​မှု​များ
4အ​ရင်​တစ်​ခါ ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​ပြင်​ခန်း​ကို အုပ်​သော ယဇ်​ပု​ရော​ဟိတ်​ဧ​လျာ​ရှိပ်​သည် တော​ဘိ​နှင့် ပေါက်​ဖော်​တော်​သည် ဖြစ်၍၊ 5ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နံ့​သာ​ပေါင်း၊ တန်​ဆာ​မျိုး​ကို​လည်း​ကောင်း၊ ပ​ညတ်​တော်​အ​တိုင်း လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်​တို့​အား ပေး​ရ​သော ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား လှူ​ရ​သော အ​လှူ​တို့​ကို​လည်း​ကောင်း၊ သို​ထား​မြဲ​ရှိ​သော အ​ခန်း​ကြီး​ကို တော​ဘိ​အ​ဖို့ ပြင်​ဆင်၏။ 6ထို​ကာ​လ​ပတ်​လုံး ငါ​သည် ယေ​ရု​ရှ​လင်​မြို့၌​မ​ရှိ။ ဗာ​ဗု​လုန် ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​နန်း​စံ သုံး​ဆယ်​နှစ်​နှစ်​တွင် အ​ထံ​တော်​သို့ သွား​ရ၏။ အင်​တန်​ကာ​လ ကြာ​ပြီး​မှ၊ ရှင်​ဘု​ရင်​ထံ​တော်၌ အ​ခွင့်​ရ၍၊ 7ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ ဧ​လျာ​ရှိပ်​သည် ဘု​ရား​သ​ခင်၏ အိမ်​တော်​တံ​တိုင်း​ထဲ​မှာ အ​ခန်း​ကို တော​ဘိ​အ​ဖို့ ပြင်​ဆင်၍ ဒု​စ​ရိုက်​ပြု​ကြောင်း​ကို ငါ​ကြား​သိ​ရ၏။ 8ထို​အ​ခါ ငါ​သည် အ​လွန်​နာ​ကြင်​သော​စိတ် ရှိ၍ တော​ဘိ​ဥ​စ္စာ ပ​ရိ​ကံ​ရှိ​သ​မျှ​ကို အ​ခန်း​ထဲ​က ထုတ်​ပစ်​ပြီး​မှ၊ 9အ​ခန်း​များ​ကို စင်​ကြယ်​စေ​ခြင်း​ငှာ စီ​ရင်၍၊ တစ်​ဖန် ဘု​ရား​သ​ခင်၏ အိမ်​တော်​တန်​ဆာ​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နံ့​သာ​ပေါင်း​ကို ဆောင်​ခဲ့၍ သို​ထား၏။
10အ​မှု​တော်​စောင့်၊ လေ​ဝိ​သား၊ သီ​ချင်း​သည်​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​လယ်​ယာ​သို့ ပြေး​သွား​ကြ​သည်​ကို ငါ​ထောက်၍၊ သူ​တို့​ခံ​အပ်​သော စား​စ​ရာ​ရိ​က္ခာ​ကို မ​ခံ​မ​ရ​ကြောင်း​ကို ငါ​ရိပ်​မိ​လျက်၊#တ​ရား၊ ၁၂:၁၉။ 11ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို အ​ဘယ်​ကြောင့် စွန့်​ပစ်​ကြ​သ​နည်း​ဟု မင်း​တို့​ကို အ​ပြစ်​တင်၍၊ လေ​ဝိ​သား​တို့​ကို စု​ဝေး​စေ​ပြီး​မှ၊ သူ​တို့​နေ​ရာ၌ ခန့်​ထား​ပြန်၏။ 12ထို​အ​ခါ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တစ်​ဖို့​ကို ဘ​ဏ္ဍာ​တော်​တိုက်​သို့ ဆောင်​ခဲ့​ပြန်​ကြ၏။#မာ​လ၊ ၃:၁၀။ 13ယဇ်​ပု​ရော​ဟိတ် ရှေ​လ​မိ၊ ကျမ်း​တတ် ဇာ​ဒုတ်၊ လေ​ဝိ​သား ပေ​ဒါ​ယ၊ သူ့​နောက် မဿ​နိ​သား​ဖြစ်​သော ဇ​က္ကု​ရ၏​သား ဟာ​နန်​တို့​ကို ဘ​ဏ္ဍာ​တော်​တိုက်​စိုး​အ​ရာ၌ ငါ​ခန့်​ထား၏။ ထို​သူ​တို့​သည် သ​စ္စာ​စောင့်​ခြင်း အ​သ​ရေ ရှိ​သည်​ဖြစ်၍၊ အ​မျိုး​သား​ချင်း​တို့​အား ဝေ​ဖန်​ရ​ကြ၏။ 14အို အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့် အိမ်​တော်​အ​ဖို့၊ အိမ်​တော်​အ​မှု​စောင့်​ခြင်း​အ​ဖို့ အ​ကျွန်ုပ်​ပြု​သော ကျေး​ဇူး​ကို ချေ​တော်​မ​မူ​ပါ​နှင့်။
15ထို​ကာ​လ၊ ယု​ဒ​ပြည်​မှာ အ​ချို့​တို့​သည် ဥ​ပုသ်​နေ့၌ စ​ပျစ်​သီး​ကို နယ်​လျက်၊ ကောက်​လှိုင်း​ကို​သွင်း​လျက်၊ မြည်း​ပေါ်​မှာ ဝန်​ကို​တင်​လျက် လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့၌ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သင်္ဘော​သ​ဖန်း​သီး အ​စ​ရှိ​သည်​တို့​ကို တင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်၍၊ ဤ​မည်​သော နေ့​ရက်၌​သာ စား​စ​ရာ​များ​ကို ရောင်း​အပ်​သည်​ဟု သူ​တို့​အား​ကြား​ပြော၏။#ထွ၊ ၂၀:၈-၁၀၊ တရား၊ ၅:၁၂-၁၄၊ ယေ၊ ၁၇:၂၁-၂၂။ 16ထို​အ​ရပ်၌​နေ​သော တု​ရု​မြို့​သား​တို့​သည်​လည်း၊ ငါး​အ​စ​ရှိ​သည်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍၊ ဥ​ပုသ်​နေ့၌ ယု​ဒ​အ​မျိုး​သား​တို့​အား ရောင်း​တတ်​ကြ၏။ 17ထို​အ​ခါ ငါ​က၊ သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ဖျက်၍ ပြု​သော​ဒု​စ​ရိုက်​ကား အ​ဘယ်​သို့​နည်း။ 18ဘိုး​ဘေး​တို့​သည် ထို​သို့​ပြု​သော​ကြောင့်၊ ဤ​မျှ​လောက်​ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​ကို ငါ​တို့၌​လည်း​ကောင်း၊ ဤ​မြို့၌​လည်း​ကောင်း ဘု​ရား​သ​ခင် ရောက်​စေ​တော်​မူ​သည် မ​ဟုတ်​လော။ သင်​တို့​သည် ဥ​ပုသ်​နေ့​ကို ဖျက်​သော​အား​ဖြင့် သာ၍​ပြင်း​စွာ​သော အ​မျက်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ရောက်​စေ​ဦး​မည်​လော​ဟု ယု​ဒ​မှူး​မတ်​တို့​ကို အ​ပြစ်​တင်​လျက်၊ 19အ​ဖိတ်​နေ့​တွင် နေ​ရောင်​ကွယ်၍ ဥ​ပုသ်​နေ့​လွန်​သည်​တိုင်​အောင်၊ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​တို့​ကို ပိတ်​ထား​ရ​မည်​အ​ကြောင်း စီ​ရင်၍၊ ဥ​ပုသ်​နေ့၌ ဝန်​များ​ကို မြို့​ထဲ​သို့ မ​သွင်း​စေ​ခြင်း​ငှာ မိ​မိ​ကျွန်​အ​ချို့​တို့​ကို တံ​ခါး​တို့၌ ခန့်​ထား၏။ 20ထို​နောက် ကုန်​သည်​များ၊ ဥ​စ္စာ​မျိုး​ကို ရောင်း​သော​သူ​များ​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ပြင်​မှာ တစ်​ခါ​နှစ်​ခါ အိပ်​ကြ၏။ 21ငါ​က​လည်း၊ မြို့​ရိုး​ပတ်​လည်၌ အ​ဘယ်​ကြောင့် အိပ်​ကြ​သ​နည်း။ နောက်​တစ်​ဖန်​လာ၍ အိပ်​လျှင် ဖမ်း​ဆီး​မည်​ဟု သူ​တို့​အား သ​တိ​ပေး၏။ ထို​အ​ခါ​မှ​စ၍ ဥ​ပုသ်​နေ့​တွင် မ​လာ​ဘဲ​နေ​ကြ၏။ 22လေ​ဝိ​သား​တို့​သည်​လည်း၊ ဥ​ပုသ်​နေ့​ကို သန့်​ရှင်း​စေ​ခြင်း​ငှာ၊ စင်​ကြယ်​သော​ကိုယ်​နှင့် လာ၍ တံ​ခါး​တို့​ကို စောင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ထို​အ​မှု​ကြောင့် အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ က​ရု​ဏာ​တော် များ​ပြား​သည်​အ​တိုင်း အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ။
23ထို​ကာ​လ၊ အာ​ဇုတ်​အ​မျိုး၊ အ​မ္မုန်​အ​မျိုး၊ မော​ဘ​အ​မျိုး​သ​မီး​နှင့် စုံ​ဖက်​သော ယု​ဒ​လူ​အ​ချို့​တို့​ကို ငါ​မြင်၏။#ထွ၊ ၃၄:၁၁-၁၆၊ တရား၊ ၇:၁-၅။ 24သူ​တို့​သား​သ​မီး​တို့​သည် ယု​ဒ​စ​ကား​ကို မ​ပြော​တတ်။ အာ​ဇုတ် စ​ကား​တစ်​ဝက် အ​စ​ရှိ​သော အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​တတ်​ကြ၏။ 25သူ​တို့​ကို ငါ​အ​ပြစ်​တင်၍ ကဲ့​ရဲ့၏။ အ​ချို့​တို့​ကို ရိုက်​လျက်၊ ဆံ​ပင်​နုတ်​လျက် ဒဏ်​ပေး၍၊ သင်​တို့​သည် ကိုယ်​သ​မီး​တို့​ကို ပြည်​သား​တို့​အား မ​ပေး​စား​ရ။ ပြည်​သား​သ​မီး​တို့​ကို ကိုယ်​သား​တို့​အ​ဖို့ မ​သိမ်း​မ​ယူ​ရ။ 26ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​သည် ထို​သို့​ပြု၍ ပြစ်​မှား​ရာ​ရောက်​သည် မ​ဟုတ်​လော။ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သူ​နှင့်​တူ​သော​ရှင်​ဘု​ရင် မ​ရှိ။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဘု​ရား​သ​ခင် ခန့်​ထား​သည်​တိုင်​အောင် စိတ်​တော်​နှင့်​တွေ့​သော​သူ ဖြစ်​သော်​လည်း၊ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​သည် ပြစ်​မှား​စေ​သည်​တ​ကား။#၂​ရာ၊ ၁၂:၂၄-၂၅။ ၃​ရာ၊ ၁၁:၁-၈။ 27ငါ​တို့​သည် သင်​တို့​စ​ကား​ကို နား​ထောင်၍ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​နှင့် စုံ​ဖက်​သ​ဖြင့်၊ ဤ​မျှ​လောက်​ကြီး​သော ဒု​စ​ရိုက်​ကို​ပြု​လျက်၊ ငါ​တို့၏ ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ရ​မည်​လော​ဟု ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ သူ​တို့​ကို​ကျိန်​ဆို​စေ၏။ 28ယဇ်​ပု​ရော​ဟိတ်​မင်း ဧ​လျာ​ရှိပ်​သား ယော​ယ​ဒ၏ သား​တစ်​ယောက်​သည်၊ ဟော​ရ​နိ​လူ သ​မ္ဘာ​လတ်​သ​မက် ဖြစ်​သော​ကြောင့်၊ သူ့​ကို​ငါ​နှင်​ထုတ်၏။#နေ၊ ၄:၁။ 29အို အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​နှင့် ဖွဲ့​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ကောင်း ရှုတ်​ချ​သော​ကြောင့်၊ သူ​တို့​ကို မှတ်​တော်​မူ​ပါ။ 30ထို​သို့ ယု​ဒ​အ​မျိုး​သား​တို့​ကို တစ်​ပါး​အ​မျိုး​သား အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​ပြီး​မှ၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​ကို အ​သီး​အ​သီး မိ​မိ​တို့​အ​မှု​စောင့်​ရ​သည်​အ​တိုင်း ငါ​ခန့်​ထား၍၊ 31ချိန်း​ချက်​သော​အ​ချိန်၌ ထင်း​ပူ​ဇော်​သ​ကာ​နှင့် အ​ဦး​သီး​သော​အ​သီး​ကို ပူ​ဇော်​စေ​ခြင်း​ငှာ စီ​ရင်၏။ အို အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။
နေ​ဟ​မိ​မှတ်​စာ​ပြီး၏။

Currently Selected:

နေဟမိ 13: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy