YouVersion Logo
Search Icon

ရှင်ယောဟန် 13

13
တ​ပ​ည့်​တော်​တို့၏​ခြေ​ကို​ဆေး​ခြင်း
1ပ​သ​ခါ​ပွဲ​မ​ခံ​မီ၌ ယေ​ရှု​သည် ဤ​လော​က​မှ​ခ​မည်း​တော်​ထံ​သို့ ပြောင်း​ရ​သော​အ​ချိန် ရောက်​သည်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဤ​လော​က၌​ရှိ​သော​မိ​မိ​လူ​တို့​ကို ချစ်​တော်​မူ​သော​ကြောင့် အ​ဆုံး​တိုင်​အောင် ချစ်​တော်​မူ၏။- 2ကိုယ်​တော်​ကို အပ်​နှံ​မည်​အ​ကြောင်း မာရ်​နတ်​သည် ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်၏ စိတ်​နှ​လုံး၌ အ​ကြံ​ပေး​သွင်း​နှင့်​သ​တည်း။ ထို​အ​ခါ ည​စာ​ကို​စား​ကြ​စဉ်၊- 3ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ကို သူ၏​လက်​သို့ အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​လာ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ကြွ​သွား​မည်​ကို​လည်း​ကောင်း ယေ​ရှု​သည်​သိ​တော်​မူ​သည်​နှင့်၊- 4စား​ပွဲ​မှ​ထ၍ ဝတ်​လုံ​တော်​ကို​ချွတ်​ပြီး​လျှင်၊ ပ​ဝါ​ကို​ယူ၍ ခါး​ကို​စည်း​တော်​မူ၏။- 5ထို​နောက်​မှ ရေ​ကို​အင်​တုံ၌​လောင်း၍ တ​ပည့်​တော်​တို့၏ ခြေ​ကို​ဆေး​ပြီး​မှ ခါး၌​စည်း​ထား​သော​ပ​ဝါ​နှင့် သုတ်​တော်​မူ၏။
6ရှိ​မုန်​ပေ​တ​ရု​ဆီ​သို့ ရောက်​တော်​မူ​သော​အ​ခါ ထို​တ​ပည့်​တော်​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ခြေ​ကို​ဆေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်၏။- 7ယေ​ရှု​က​လည်း၊ သင်​သည် ငါ​ပြု​သော​အ​မှု​ကို ယ​ခု​နား​မ​လည်​သေး။ နောက်​မှ​သိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- 8ပေ​တ​ရု​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ခြေ​ကို အ​လျှင်း​ဆေး​တော်​မ​မူ​ရ​ဟု လျှောက်၏။ ယေ​ရှု​က​လည်း၊ သင့်​ကို ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့် မ​ဆက်​ဆံ​ရ​ဟု မိန့်​တော်​မူ၏။- 9ရှိ​မုန်​ပေ​တ​ရု​က​လည်း၊ အ​ကျွန်ုပ်၏​ခြေ​ကို​သာ မ​ဆေး​ပါ​နှင့်။ လက်​ကို​လည်း​ကောင်း၊ ဦး​ခေါင်း​ကို​လည်း​ကောင်း ဆေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်၏။- 10ယေ​ရှု​က​လည်း၊ ရေ​ချိုး​ပြီး​သော​သူ​မည်​သည်​ကား၊ ခြေ​ဆေး​ခြင်း​မှ​တစ်​ပါး ဆေး​ရ​သော​အ​ကြောင်း​မ​ရှိ၊ တစ်​ကိုယ်​လုံး​စင်​ကြယ်၏။ သင်​တို့​သည် စင်​ကြယ်​သော်​လည်း အ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ၏။ 11ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ​ကို သိ​တော်​မူ​သော​ကြောင့်၊ သင်​တို့​တွင် တ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ​သ​တည်း။
12ထို​သို့​သူ​တို့၏ ခြေ​ကို​ဆေး​တော်​မူ​ပြီး​မှ တစ်​ဖန်​ဝတ်​လုံ​ကို​ဝတ်၍ လျောင်း​တော်​မူ​လျက်၊ သင်​တို့၌ ငါ​ပြု​ခဲ့​သော​အ​မှု​ကို နား​လည်​ကြ​သ​လော။-#လု၊ ၂၂:၂၇။ 13သင်​တို့​သည် ငါ့​ကို အ​ရှင်​ဘု​ရား​ဟူ၍​လည်း​ကောင်း၊ သ​ခင်​ဟူ၍​လည်း​ကောင်း ခေါ်​တတ်​ကြ၏။ ထို​စ​ကား​သည်​လည်း ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ခေါ်​ကြ​သည်​အ​တိုင်း ငါ​မှန်၏။- 14ငါ​သည် သ​ခင်​ဖြစ်​လျက်၊ အ​ရှင်​ဘု​ရား​လည်း​ဖြစ်​လျက်​နှင့် သင်​တို့၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည် အ​ချင်း​ချင်း​တို့၏​ခြေ​ကို ဆေး​ရ​ကြ​မည်။- 15ငါ​သည် သင်​တို့၌​ပြု​သ​ကဲ့​သို့ သင်​တို့​သည်​ပြု​စေ​ခြင်း​ငှာ ပုံ​သက်​သေ​ကို ပြ​ခဲ့​ပြီ။- 16ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကျွန်​သည် သ​ခင်​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်၊ တ​မန်​သည်​လည်း စေ​လွှတ်​သော​သူ​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်။-#မ၊ ၁၀:၂၄။ လု၊ ၆:၄၀။ ယော၊ ၁၅:၂၀။ 17ဤ​အ​ရာ​များ​ကို သင်​တို့​သိ၍ သိ​သည်​အ​တိုင်း​ကျင့်​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။- 18သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-#ဆာ၊ ၄၁:၉။ 19ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင် သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။- 20ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ​သည်​ဟု မိန့်​တော်၏။-#မ၊ ၁၀:၄၀။ မာ၊ ၉:၃၇။ လု၊ ၉:၄၈၊ ၁၀:၁၆။
အပ်​နှံ​ခြင်း​ခံ​ရ​မ​ည့်​အ​ကြောင်း
(မ၊ ၂၆:၂၀-၂၅။ မာ၊ ၁၄:၁၇-၂၁။ လု၊ ၂၂:၂၁-၂၃)
21ထို​သို့​ယေ​ရှု​သည် မိန့်​တော်​မူ​ပြီး​မှ စိတ်​နှ​လုံး​တော်​ပူ​ပန်​ခြင်း​ရှိ၍၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု သက်​သေ​ခံ​လျက်​မိန့်​တော်​မူ၏။- 22အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် တွေး​တော​ခြင်း​ရှိ​သ​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​ကြ၏။- 23ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ရင်​ခွင်​တော်​နား​မှာ လျောင်း​သ​ဖြင့်၊- 24အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သ​နည်း​ဟု မေး​စေ​ခြင်း​ငှာ၊ ရှိ​မုန်​ပေ​တ​ရု​သည် ထို​တ​ပည့်​တော်​ကို အ​မှတ်​ပေး၏။- 25ထို​တ​ပည့်​တော်​သည် ယေ​ရှု၏​ရင်​တော်​ကို​မှီ၍ လျောင်း​နေ​လျက် သ​ခင်၊ အ​ဘယ်​သူ​နည်း​ဟု လျှောက်၏။- 26ယေ​ရှု​က​လည်း၊ ဤ​မုန့်​တစ်​လုပ်​စာ​ကို ငါ​နှစ်၍​ပေး​သော​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ မုန့်​တစ်​လုပ်​စာ​ကို နှစ်​ပြီး​မှ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ၏။- 27ထို​သူ​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ၊ စာ​တန်​သည် သူ့​အ​ထဲ​သို့​ဝင်​လေ၏။ ယေ​ရှု​က​လည်း၊ သင်​ပြု​ရ​သော​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၏။- 28အ​ဘယ်​ကြောင့် ထို​သို့​မိန့်​တော်​မူ​သည်​ကို စား​ပွဲ၌​လျောင်း​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​မ​သိ။- 29အ​ချို့​တို့​က၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် ငွေ​အိတ်​ကို ဆောင်​သော​ကြောင့်၊ ဤ​ပွဲ၌ ငါ​တို့​သုံး​စ​ရာ​အ​ဖို့​ကို ဝယ်​လော့​ဟူ၍​လည်း​ကောင်း၊ သို့​မ​ဟုတ် ဆင်း​ရဲ​သော​သူ​တို့​အား တစ်​စုံ​တစ်​ခု​ကို ပေး​လော့​ဟူ၍​လည်း​ကောင်း၊ ယေ​ရှု​မိန့်​တော်​မူ​သည်​ဟု ထင်​မှတ်​ကြ၏။- 30ယု​ဒ​ရှ​ကာ​ရုတ်​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ ချက်​ချင်း​ထွက်​သွား၏။ ထို​အ​ချိန်​ကား ည​အ​ချိန်​ဖြစ်၏။
ပ​ညတ်​တော်​သစ်
31ထို​သူ​သွား​သည်​နောက်၊ ယေ​ရှု​က၊ ယ​ခု​တွင်​လူ​သား​သည် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည်​လည်း လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ၏။- 32ဘု​ရား​သ​ခင်​သည် လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​အား​ဖြင့် သူ၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။ ကာ​လ​မ​ကြာ​မ​မြ​င့်​မီ သူ၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​လိ​မ့်​မည်။- 33ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။-#ယော၊ ၇:၃၄။ 34သင်​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။-#ယော၊ ၁၅:၁၂၊ ၁၇၊ ၁​ယော၊ ၃:၂၃။ ၂​ယော ၅။ 35သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထို​မေ​တ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ၏​တ​ပည့်​ဖြစ်​သည်​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
ပေ​တ​ရု​ငြင်း​ဆို​မည်​ကို​ဖော်​ပြ​ခြင်း
(မ၊ ၂၆:၃၁-၃၅။ မာ၊ ၁၄:၂၇-၃၁။ လု၊ ၂၂:၃၁-၃၄)
36ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊ ယေ​ရှု​က၊ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည်​ယ​ခု​မ​လိုက်​နိုင်။ နောက်​မှ​လိုက်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- 37ပေ​တ​ရု​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ အ​ဘယ်​ကြောင့် ယ​ခု​မ​လိုက်​နိုင်​သ​နည်း။ ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်၏​အ​သက်​ကို စွန့်​ပါ​မည်​ဟု​လျှောက်​လျှင်၊- 38ယေ​ရှု​က၊ ငါ့​အ​ဖို့ သင့်​အ​သက်​ကို​စွန့်​မည်​လော။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy