YouVersion Logo
Search Icon

ကောလောသဲ 4

4
1သ​ခင်​တို့၊ သင်​တို့၏​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သည်​ကို သိ​မှတ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၊ မျှ​ခြင်း​တ​ရား​နှင့်​အ​ညီ ကိုယ်​ကျွန်​တို့​ကို ပြု​ကြ​လော့။
ညွှန်​ကြား​ချက်​များ
2ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း​အ​မှု​ကို အ​မြဲ​ပြု၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် စောင့်​ရှောက်​ကြ​လော့။- 3ငါ​သည် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကြောင့် အ​ချည်​အ​နှောင်​ခံ​ရ​သည်​ဖြစ်၍။- 4ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တ​ရား​ဟော​ရာ​တံ​ခါး​ကို ငါ​တို့​အား ဖွင့်​တော်​မူ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​ဖော်​ပြ​မည် အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​တို့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။- 5ပြင်​ပ​လူ​တို့၏ မျက်​နှာ​ကို​ထောက်​လျက်၊ ပ​ညာ​နှင့် ကျင့်​ဆောင်၍ ကာ​လ​အ​ချိန်​ကို ရွေး​နုတ်​ကြ​လော့။- 6လူ​အ​သီး​အ​သီး​တို့​အား အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို သိ​နိုင်​မည်​အ​ကြောင်း၊ သင်​တို့​စ​ကား​သည် ဆား​အား​ဖြင့် ငန်​သော​အ​ရ​သာ​နှင့် ပြည့်​စုံ​လျက်၊ အ​စဉ်​မ​ပြတ် တင့်​တယ်​လျောက်​ပတ်​ပါ​စေ။
နောက်​ဆုံး​နှုတ်​ဆက်​စ​ကား
7သ​ခင်​ဘု​ရား၌ သ​စ္စာ​ရှိ​သော​ဆ​ရာ၊ ငါ​တို့​ကျွန် ချင်း​တည်း​ဟူ​သော၊ ငါ​ချစ်​သော​ညီ တု​ခိတ်​သည် ငါ၏ အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​ကို သင်​တို့​အား ဖော်​ပြ​လိမ့်​မည်။- 8-9သူ​သည် သင်​တို့၏​အ​ကြောင်း​အ​ရာ​များ​ကို သိ၍၊ သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ခြင်း​ငှာ၊ ထို​သူ ကို​လည်း​ကောင်း၊ သင်​တို့​အ​ထဲ​က​ဖြစ်၍ သ​စ္စာ​ရှိ​သော ငါ​ချစ်​သော​ညီ ဩ​နေ​သိမ်​ကို​လည်း​ကောင်း၊ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ သူ​တို့​သည် ဤ​မြို့၌​ဖြစ်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို သင်​တို့​အား ဖော်​ပြ​ကြ​လိမ့်​မည်။
10ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ အာ​ရိ​တ္တာ​ခု၊ ဗာ​န​ဗ၏​ညီ​အစ်​ကို​တော်​မာ​ကု၊ ယု​တ္တု​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ မာ​ကု​အ​တွက် သင်​တို့​ကို ငါ​မှာ​လိုက်​ခဲ့​ပြီ။ သူ​သည် သင်​တို့​ဆီ​သို့ ရောက်​လာ​လျှင် လက်​ခံ​ကြ​လော့။- 11အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​တွင် ဤ​သူ​တို့​သာ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​အ​ဖို့ ငါ​နှင့်​အ​တူ အ​မှု​ဆောင်​သော​သူ​ဖြစ်၍၊ ငါ့​စိတ်​ကို သက်​သာ​စေ​ကြ၏။- 12သင်​တို့​အ​ထဲ​က​ဖြစ်​သော ခ​ရစ်​တော်၏​ကျွန် ဧ​ပ​ဖြ​သည် သင်​တို့​ကို နှုတ်​ဆက်၏။ သင်​တို့​သည် စုံ​လင်​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို အ​ကုန်​အ​စင် လေ့​ကျက်​လျက် တည်​ကြည်​မည်​အ​ကြောင်း သူ​သည် သင်​တို့​အ​ဖို့ ကာ​လ​အ​စဉ်​ကြိုး​စား၍ ဆု​တောင်း​တတ်၏။- 13သင်​တို့​မှ​စ၍ လော​ဒိ​ကိ​မြို့​နှင့် ဟေ​ရ​ပေါ​လိ​မြို့၌ ရှိ​သော သူ​တို့​အ​ဖို့ သူ​သည် အ​လွန်​စေ​တ​နာ​စိတ် အား​ကြီး​သည်​ဟု ငါ​သည် သူ၏​သက်​သေ​ဖြစ်၏။- 14ငါ​ချစ်​သော ဆေး​သ​မား​လု​ကာ​နှင့် ဒေ​မ​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။- 15လော​ဒိ​ကိ​မြို့၌​ရှိ​သော ညီ​အစ်​ကို​တို့​ကို​လည်း​ကောင်း၊ နုံ​ဖ​မှ​စ၍ သူ၏​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို​လည်း​ကောင်း နှုတ်​ဆက်​ကြ​လော့။
16ဤ​စာ​ကို သင်​တို့​သည် ဖတ်​ပြီး​မှ လော​ဒိ​ကိ​မြို့ အ​သင်း​တော်​ကို ဖတ်​စေ​ကြ​လော့။ ထို​မြို့​မှ​ရ​သော စာ​ကို​လည်း သင်​တို့​ဖတ်​ကြ​လော့။- 17အာ​ခိ​ပ္ပု​ကို​လည်း၊ သင်​သည် သ​ခင်​ဘု​ရား၏ လက်​တော်​မှ ခံ​ရ​ပြီး​သော ဓ​မ္မ​ဆ​ရာ၏​အ​မှု​အ​ရာ​ကို ပြည့်​စုံ​ခြင်း​ငှာ သ​တိ​ပြု​ပါ​ဟု ပြော​ကြ​လော့။
18ငါ​ပေါ​လု​သည် သင်​တို့​အား နှုတ်​ဆက်​သော​အ​ချက်​ကို ကိုယ်​လက်​ဖြင့် ရေး​ထား၏။ ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကို အောက်​မေ့​ကြ​လော့။ သင်​တို့၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း ။ အာ​မင်။
ကော​လော​သဲ​ဩ​ဝါ​ဒ​စာ​ပြီး၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy